းးးးးးးးးးးး နိယာမးးးးးးးးးးးးးးးးးးး
ဘာလို့ လွမ်းနေတာလဲ
ဘယ်လောက်ဝေးဝေး
ငါတို့ ရှင်သန်နေတာ
ဒီကမ္ဘာမြေပြင်ပေါ်မှာပဲလေ.......
ဘာလို့ တမ်းတနေတာလဲ
ရေမြေခြားနေပေမယ့် 
ငါရှိနေတာ
မင်းကျင်လည်နေတဲ့ ဒီတစ်မိုးအောက်ထဲမှာပဲလေ......
ဘာလို့ စိုးရိမ်နေတာလဲ
အနာဂတ်ကိုတွေးပြီး
မင်းရှူရှိုက်နေတဲ့ လေထုထဲမှာပဲ
ငါမင်းကိုသတိရနေတာ....
ဘာလို့ ငါ့ ကိုမယုံကြည်နေတာလဲ
မင်းအချစ်နဲ့ အသက်ရှင်နေတာမဟုတ်ပေမယ့်
ငါ့ ရဲ့ ရှင်သက်နဲ့ အမျှ မင်းကိုချစ်ခဲ့ တာလေ.....
****k-ko***
Saturday, 24 March 2012
Thursday, 8 March 2012
Google နှလုံးသား
Google နှလုံးသား
ဒါ ..ရင်ဘတ်ကြီး....
ကွန်ပျူတာ တစ်လုံးမဟုတ်ဘူး...
Uninstaller လည်းတပ်မထားဘူး....
အခုတော့ မင်းက ကွန်ပျူတာမှာ Mozilla တပ်သလို
ငါ့ ရင်ဘတ်ကြီးကိုလည်း မင်းရဲ့ မာယာတွေ i nstall လုပ်ပြီး
မင်းလိုချင်တဲ့ website ကိုမင်းရှာနေတာ....
ငါ့ နှလုံးသားကလည်းကွာ...
Google ထက်တောင် ပိုservice ကောင်းနေလိုက်တာ
မင်းက "အ"လို့ တစ်လုံးထဲရိုက်ရုံနဲ့ ...
ငါ့ မှာရှိတဲ့ အချစ်တွေ...အကြင်နာတွေ....အကုန်ချပြလိုက်တာ...
တကယ်ကြတော့ ...မင်းက....
အမုန်းတွေ...အတ္တတွေ ..ရိုက်ရှာသွားတာ.....
အဲဒီချိန်မှာ connection ကျနေတာလား....
ငါမသိလိုက်ဘူး....
မင်းကငါ့ ရင်ဘတ်ကြီးကိုစိတ်ကြိုက်ဆေးချယ်ပြီး...
Blog တစ်ခုတောင်တင်သွားလိုက်သေး...
အဲဒီBlogနာမည်က အလွမ်းပြေ တဲ့ ...
အခုငါ အလွမ်းပြေ ဘလော့  ကိုကြည့် ရင်းနဲ့ ...
Virus တစ်ခုထိနေပြီ..
အဲဒီvirus ကြောင့် ငါ့ အတွေးတွေ zawgyi font ပျောက်နေပြီ...
ငါနားမလည်တဲ့ စာသားတွေပဲပြနေတာ.....
ငါ့ ရဲ့ အတိတ်စာမျက်နှာတွေလည်း Adobe reader မရှိတော့ ဘူး...
ငါ့ ဦးနှောက်က cleanner မျိုးစုံတပ်ပေးတယ်...
ဒါပေမယ့်  အဲဒါတွေက winrar မရှိတဲ့  portable တွေလို ပဲ....
ငါ့ စိတ်ကြိုက်လိုသလိုဒေါင်းဖို့  မင်းကို idm လည်းမတပ်ခိုင်းရဲပါဘူး...
ဒါပေမယ့် ....
ဖြစ်နိုင်ရင် ငါ့ ရင်ဘတ်ကြီးကို Antivirus တစ်ခုလောက်တော့ တပ်ပေးပါ....
အဲဒီ software က free မရဘူးဆိုလည်း..
ငါမင်းကိုပေးဖို့  ၁၅၀၀ တန် credit card လုပ်ထားပါတယ်....
အဲဒီကပ်က မင်းကိုစတွေ့ တဲ့ နေ့ ကတဲက ...
မင်းအတွက် သီးသန့် လုပ်ခဲ့ တာပါ.....
ငါ့ ရဲ့  Google နှလုံးသားလေး....
Virus ကင်းစင်ဖို့ အတွက် ကူညီပေးပါ......
CONNECTION....ရယ်......
****K-KO*****

Subscribe to:
Comments (Atom)