@@@သီပါရစေတော့  ရင်ဝှက်တေး!!!!!!!!!
အုံဆိုင်းရှစ်ထန် မိုးတိမ်ယံကြား
ကြင်နာမှေးစက် သစ္စာဖက်တဲ့ 
သင်းကွဲငှက်ရဲ့  ရင်ခွင်လယ်မှာ
မှောင်ယံကြီးစိုး မျက်ရည်မိုးလို့ 
ညှာတာပါတော့  လမင်းငယ်.......။
ရာသီ၊နာရီ ခါခါလီလည်း
မပြောင်းသံ ဆည်းချက်ဝင်တဲ့
သင်းကွဲငှက်ရဲ့  ရင်ခုန်သံတွေ
နာကြင်နေလို့ 
စာနာပါတော့  လမင်းငယ်..............။
စံပယ်ပွင်လေး ဖြူဖြူဖွေးနှယ်
သန့် ရှင်စင်ကြယ် ရင်ခွင်လယ်မှ
ဝှက်ထားကြင်နာ သဲနှစ်မွှာရဲ့ 
မေတ္တာတေးသံ ချစ်သူထံကို
နှစ်ကိုယ်တူရည် ကာရံညီဖို့ 
သာပါတော့ ကွယ် လမင်းငယ်................။။။။
***K-KO***
Wednesday 24 April 2013
Monday 8 April 2013
လမ်း
!! !! !! လမ်း @@@@
ရင်မှဆန္ဒ မျက်လွှာချကာ
နှုတ်ဖျားထက်ဝေ တောင်းဆုခြွေလို့ 
ပြောင်းလဲမှာလား ဒို့ တတွေ.................။
ရင်မှအမုန်း မချိပြုံးကာ
မြင်လာအဖြစ်တွေ နှုတ်ဆိတ်နေလို့ 
ပြောင်းလဲမှာလား ဒို့ တတွေ.................။
ရင်မှမေတ္တာ စစ်ပါလျှင်
မိမိကိုယ်ကိုယ် ပြုပြင်ပါ
ဧကန်ဒို့ တတွေ ပြောင်းလဲမှာ...........။
***k-ko****
ရင်မှဆန္ဒ မျက်လွှာချကာ
နှုတ်ဖျားထက်ဝေ တောင်းဆုခြွေလို့ 
ပြောင်းလဲမှာလား ဒို့ တတွေ.................။
ရင်မှအမုန်း မချိပြုံးကာ
မြင်လာအဖြစ်တွေ နှုတ်ဆိတ်နေလို့ 
ပြောင်းလဲမှာလား ဒို့ တတွေ.................။
ရင်မှမေတ္တာ စစ်ပါလျှင်
မိမိကိုယ်ကိုယ် ပြုပြင်ပါ
ဧကန်ဒို့ တတွေ ပြောင်းလဲမှာ...........။
***k-ko****
Tuesday 2 April 2013
အရသာ
အရသာ
***K-KO***
ရင်လွှာချင်းယှက် နှစ်သက်ခဲ့ လို့ 
အကြင်နာများစွာ ဖြစ်ပေါ်လာခဲ့ 
နေ့ ရက်များမှာ ချစ်စိတ်နှင့် ဖြာ
မျက်ဝန်းကဗျာကို တွေ့ ရခြင်းသာ
အရသာ..............
တမင်သက်သက် စိမ်းရက်ခဲ့ လို့ 
အိပ်ပျက်ခါခါ ညများစွာလည်း
ငွေသော်တာထံ အယူခံတေး
သီဆိုကြွေးရ ငါ့ ညများမှာ
အလွမ်းသည်သာ အရသာ...................
ရင်မှာတိတ်တခိုး ပြန်လာနိုးနဲ့ 
မျှော်ကာစိုးမိုး အကြင်နာတိုးဖို့ 
တောင်းဆုများစွာ ဖြစ်ပေါ်လာခဲ့ 
ငါ့ ဘဝမှာ မျှော်လင့် ချက်သာ
အရသာ.........................
***K-KO***
Subscribe to:
Posts (Atom)