Tuesday 2 April 2013

အရသာ

   အရသာ

ရင်လွှာချင်းယှက်  နှစ်သက်ခဲ့ လို့ 
အကြင်နာများစွာ  ဖြစ်ပေါ်လာခဲ့ 
နေ့ ရက်များမှာ    ချစ်စိတ်နှင့် ဖြာ
မျက်ဝန်းကဗျာကို  တွေ့ ရခြင်းသာ
အရသာ..............

တမင်သက်သက် စိမ်းရက်ခဲ့ လို့ 
အိပ်ပျက်ခါခါ  ညများစွာလည်း
ငွေသော်တာထံ အယူခံတေး
သီဆိုကြွေးရ  ငါ့ ညများမှာ
အလွမ်းသည်သာ  အရသာ...................

ရင်မှာတိတ်တခိုး  ပြန်လာနိုးနဲ့ 
မျှော်ကာစိုးမိုး အကြင်နာတိုးဖို့ 
တောင်းဆုများစွာ ဖြစ်ပေါ်လာခဲ့ 
ငါ့ ဘဝမှာ   မျှော်လင့် ချက်သာ
အရသာ.........................

                                            ***K-KO***




No comments:

Post a Comment