!!!!!!!သဲနွမ်းရှိုက်သံ#####
ပေဆပ်ခြင်းတွေနဲ့  အသားကျနေလို့ လား
ပန်းပွင့်ကလေးတွေ မငိုးကြွေးကြတော့ ဘူး...
ဒါပေမယ့်
ဝတ်ရည်လေးတွေရဲ့  ရှိုက်သံကိုတော့  သဲ့ သဲ့ လေးဖြစ်ဖြစ်
နင် ကြားသင် ပါတယ်......။
အထီးကျန်ခြင်းတွေနဲ့  ရင်းနှီးကျွမ်းဝင်နေလို့ လား
လှောင်အိမ်ထဲက ငှက်ကလေး မနာကျည်းမိဘူး
ဒါပေမယ့် 
သူ့ ရင်ထဲက မျှော်လင့် ခြင်းတွေကိုတော့  ဝေဝါးဝါးလေးဖြစ်ဖြစ်
နင် မြင်သင့် ပါတယ်........။
နာကျင်ခြင်းတွေနဲ့  မိတ်ဖွဲ့ နေလို့ လား
ကမ်းစပ်ကလေး ရေလှိုင်တွေကို မတုံ့ ပြန်မိဘူး
ဒါပေမယ့် 
သူ့ ရဲ့ မေတ္တာကိုတော့  နဲနဲလေးပဲဖြစ်ဖြစ်
နင် အသိမှတ်ပြုသင့် ပါတယ်.......။
တစ်ခါတစ်လေ
ငါဟာ ပန်းလေးတစ်ပွင့် 
တစ်ခါတစ်လေ
ငါဟာ လှာင်အိမ်ထဲက ငှက်
တစ်ခါတစ်လေ
ငါဟာ ကြင်နာမဲ့  ကမ်းစပ်ပါ......
တကယ်ချစ်မိတော့  မျက်ရေတွေကအလွမ်းတွေကိုအဖော်ပြုလို့ 
မြတ်နိုးခြင်းတွေအတွက် တမ်းတခြင်းတွေရှိနေမိတာပါ......။
အရမ်းခံစားရလွန်းလို့ လား မသိဘူး
ငါ့ နှုတ်ဖျားတွေ တိတ်စိတ်နေမိတာပါ
ဒါပေမယ့် 
ငါ့ နှလုံးသားတစ်စုံရဲ့  ရှိုက်သံတွေကိုတော့ 
နင် ကြားသိသင့်ပါတယ်..................။
***k-ko*****
Monday 7 October 2013
Tuesday 3 September 2013
ပို
တစ်ယောက်တည်း အထီးကျန်ရတာထက်
တစ်ယောက်အနားမှာ တစ်ယောက်အထီးကျန်စွာ
ခံစားနေရတာက ပိုလို့ ကြေကွဲရတာပါ......
စွန့် ပြစ်ခံလိုက်ရတာထက်
တစ်ယောက်ရင်ခွင်ထဲက အခြားတစ်ယောက်ရဲ့ 
ပုံရိပ်တွေကို မြင်တွေ့ နေရတာက ပိုလို့ ခံစားရတာပါ.....
မုန်းသွားလိုက်တာထက်
တစ်ယောက်ကို တစ်ယောက်က
ဟန်ဆောင်ချစ်ပြခံနေရတာက ပိုလို့ ရက်စက်နေတာပါ.....
တကယ်တော့ လည်း မာယာကောင်းကင်အောက်မှာတော့ 
စွဲလမ်းသူ လွမ်းစေပါပဲ.............။
တစ်ယောက်အနားမှာ တစ်ယောက်အထီးကျန်စွာ
ခံစားနေရတာက ပိုလို့ ကြေကွဲရတာပါ......
စွန့် ပြစ်ခံလိုက်ရတာထက်
တစ်ယောက်ရင်ခွင်ထဲက အခြားတစ်ယောက်ရဲ့ 
ပုံရိပ်တွေကို မြင်တွေ့ နေရတာက ပိုလို့ ခံစားရတာပါ.....
မုန်းသွားလိုက်တာထက်
တစ်ယောက်ကို တစ်ယောက်က
ဟန်ဆောင်ချစ်ပြခံနေရတာက ပိုလို့ ရက်စက်နေတာပါ.....
တကယ်တော့ လည်း မာယာကောင်းကင်အောက်မှာတော့ 
စွဲလမ်းသူ လွမ်းစေပါပဲ.............။
***k-ko****
Sunday 11 August 2013
လွမ်းရမှာလား
လွမ်းရမှာလား
အမုန်းမဲ့ ဇုံက ငါ့ ကို
အချစ်ကဗျာတစ်ပုဒ် လက်ဆောင်ပေးပြီး
အလွမ်းသီချင်းတစ်ပုဒ် ညည်းခိုင်းတဲ့  မင်းက
ဘုရားပေးတဲ့  ဆုမှမဟုတ်ပဲ................။
တစ်ဘဝစာ ပုံအောခဲ့ သူကိုမှ
တစ်ခဏတာ ပုံပြောခဲ့ တဲ့  မင်းက
မျှားလာချိတ်မဲ့  ငါအလားမဟုတ်
မျှားမှာချိတ်တဲ့  ငါးစားဆိုတာ
မင်းမမေ့ ပါနဲ့ ..................။
လွမ်းရက်နဲ့  လှမ်းထွက်ခဲ့ ပေမယ့် 
အခန်းဆက် မရှိတော့ တဲ့ ဇာတ်လမ်းကို
ဘယ်သူတွေ လွမ်းနေလဲ......?
ငါ့ ရင်ခွင်မှာတော.........!!!!!!!!!!? ။
*****K-KO***
အမုန်းမဲ့ ဇုံက ငါ့ ကို
အချစ်ကဗျာတစ်ပုဒ် လက်ဆောင်ပေးပြီး
အလွမ်းသီချင်းတစ်ပုဒ် ညည်းခိုင်းတဲ့  မင်းက
ဘုရားပေးတဲ့  ဆုမှမဟုတ်ပဲ................။
တစ်ဘဝစာ ပုံအောခဲ့ သူကိုမှ
တစ်ခဏတာ ပုံပြောခဲ့ တဲ့  မင်းက
မျှားလာချိတ်မဲ့  ငါအလားမဟုတ်
မျှားမှာချိတ်တဲ့  ငါးစားဆိုတာ
မင်းမမေ့ ပါနဲ့ ..................။
လွမ်းရက်နဲ့  လှမ်းထွက်ခဲ့ ပေမယ့် 
အခန်းဆက် မရှိတော့ တဲ့ ဇာတ်လမ်းကို
ဘယ်သူတွေ လွမ်းနေလဲ......?
ငါ့ ရင်ခွင်မှာတော.........!!!!!!!!!!? ။
*****K-KO***
Tuesday 2 July 2013
ရတာပေါ့ 
####### နင့် ကမ္ဘာအဝေးက ငါ့ ကဗျာ########
ဖျက်ဆီးပါ
နင်ပေခဲ့ တဲ့  အိမ်မက်တွေပဲ
နင်ဖျက်ဆီးလို့  ရတာပေါ့ .......
စွန့် ပြစ်ပါ
နင်အပိုင်ရခဲ့ တဲ့  ပန်းတစ်ပွင့် ပဲ
နင်စွန့် ပြစ်လို့  ရတာပေါ့ ........
ရက်စက်ပါ
နင်သိမ်းပိုက်နိုင်ခဲ့ တဲ့  နယ်မြေတစ်ခုပဲ
နင်ရက်စက်လို့  ရတာပေါ့ ........
ထွက်သွားပါ
ငါမရှိတဲ့ ကမ္ဘာကို နင့် စိတ်နဲ့ နင့် ကိုယ်ပဲ
နင်ထွက်သွားလို့  ရတာပေါ့ ...
နင်ရှိတဲ့ ကမ္ဘာမှာ ငါမရှိပေမယ့် 
ငါရှိတဲ့ ကမ္ဘာမှာ နင်ရှိနေမှာပါ....။
ငါရေးတဲ့ ကဗျာတွေမှာ နင်ရှင်သန်နေမှာပါ..............။
***K-KO****
ဖျက်ဆီးပါ
နင်ပေခဲ့ တဲ့  အိမ်မက်တွေပဲ
နင်ဖျက်ဆီးလို့  ရတာပေါ့ .......
စွန့် ပြစ်ပါ
နင်အပိုင်ရခဲ့ တဲ့  ပန်းတစ်ပွင့် ပဲ
နင်စွန့် ပြစ်လို့  ရတာပေါ့ ........
ရက်စက်ပါ
နင်သိမ်းပိုက်နိုင်ခဲ့ တဲ့  နယ်မြေတစ်ခုပဲ
နင်ရက်စက်လို့  ရတာပေါ့ ........
ထွက်သွားပါ
ငါမရှိတဲ့ ကမ္ဘာကို နင့် စိတ်နဲ့ နင့် ကိုယ်ပဲ
နင်ထွက်သွားလို့  ရတာပေါ့ ...
နင်ရှိတဲ့ ကမ္ဘာမှာ ငါမရှိပေမယ့် 
ငါရှိတဲ့ ကမ္ဘာမှာ နင်ရှိနေမှာပါ....။
ငါရေးတဲ့ ကဗျာတွေမှာ နင်ရှင်သန်နေမှာပါ..............။
***K-KO****
Thursday 20 June 2013
သစ္စာ
$$$$ သစ္စာ !!!!!
ပန်းကံ့ကော်တွေ မသိနိုင်တဲ့ 
နှင်းဝတ်မှုံတွေ မှာလည်း
အချစ်ရှိတယ်....
ဥသြငှက်တွေ တေးမသီတဲ့ 
မိုးစက်ပွင့် တွေ မှာလည်း
အချစ်ရှိတယ်....
ပန်းခရေတွေ မသိနိုင်တဲ့ 
ကြွေရွက်ဝါတွေ မှာလည်း
အချစ်ရှိတယ်....
နာရီမရှိ ၊ ရာသီမသိတဲ့ 
ငါ့ ရင်ခွင် မှာလည်း
အချစ်ရှိလို့ 
မင်းမသိနိုင်လည်း ငါဝန်ခံနေမိတယ်
မင်းကို ငါချစ်တယ်...........။
****K-KO***
ပန်းကံ့ကော်တွေ မသိနိုင်တဲ့ 
နှင်းဝတ်မှုံတွေ မှာလည်း
အချစ်ရှိတယ်....
ဥသြငှက်တွေ တေးမသီတဲ့ 
မိုးစက်ပွင့် တွေ မှာလည်း
အချစ်ရှိတယ်....
ပန်းခရေတွေ မသိနိုင်တဲ့ 
ကြွေရွက်ဝါတွေ မှာလည်း
အချစ်ရှိတယ်....
နာရီမရှိ ၊ ရာသီမသိတဲ့ 
ငါ့ ရင်ခွင် မှာလည်း
အချစ်ရှိလို့ 
မင်းမသိနိုင်လည်း ငါဝန်ခံနေမိတယ်
မင်းကို ငါချစ်တယ်...........။
****K-KO***
Wednesday 24 April 2013
သီပါရစေတော့  ရင်ဝှက်တေး
@@@သီပါရစေတော့  ရင်ဝှက်တေး!!!!!!!!!
အုံဆိုင်းရှစ်ထန် မိုးတိမ်ယံကြား
ကြင်နာမှေးစက် သစ္စာဖက်တဲ့ 
သင်းကွဲငှက်ရဲ့  ရင်ခွင်လယ်မှာ
မှောင်ယံကြီးစိုး မျက်ရည်မိုးလို့ 
ညှာတာပါတော့  လမင်းငယ်.......။
ရာသီ၊နာရီ ခါခါလီလည်း
မပြောင်းသံ ဆည်းချက်ဝင်တဲ့
သင်းကွဲငှက်ရဲ့  ရင်ခုန်သံတွေ
နာကြင်နေလို့ 
စာနာပါတော့  လမင်းငယ်..............။
စံပယ်ပွင်လေး ဖြူဖြူဖွေးနှယ်
သန့် ရှင်စင်ကြယ် ရင်ခွင်လယ်မှ
ဝှက်ထားကြင်နာ သဲနှစ်မွှာရဲ့ 
မေတ္တာတေးသံ ချစ်သူထံကို
နှစ်ကိုယ်တူရည် ကာရံညီဖို့ 
သာပါတော့ ကွယ် လမင်းငယ်................။။။။
***K-KO***
အုံဆိုင်းရှစ်ထန် မိုးတိမ်ယံကြား
ကြင်နာမှေးစက် သစ္စာဖက်တဲ့ 
သင်းကွဲငှက်ရဲ့  ရင်ခွင်လယ်မှာ
မှောင်ယံကြီးစိုး မျက်ရည်မိုးလို့ 
ညှာတာပါတော့  လမင်းငယ်.......။
ရာသီ၊နာရီ ခါခါလီလည်း
မပြောင်းသံ ဆည်းချက်ဝင်တဲ့
သင်းကွဲငှက်ရဲ့  ရင်ခုန်သံတွေ
နာကြင်နေလို့ 
စာနာပါတော့  လမင်းငယ်..............။
စံပယ်ပွင်လေး ဖြူဖြူဖွေးနှယ်
သန့် ရှင်စင်ကြယ် ရင်ခွင်လယ်မှ
ဝှက်ထားကြင်နာ သဲနှစ်မွှာရဲ့ 
မေတ္တာတေးသံ ချစ်သူထံကို
နှစ်ကိုယ်တူရည် ကာရံညီဖို့ 
သာပါတော့ ကွယ် လမင်းငယ်................။။။။
***K-KO***
Monday 8 April 2013
လမ်း
!! !! !! လမ်း @@@@
ရင်မှဆန္ဒ မျက်လွှာချကာ
နှုတ်ဖျားထက်ဝေ တောင်းဆုခြွေလို့ 
ပြောင်းလဲမှာလား ဒို့ တတွေ.................။
ရင်မှအမုန်း မချိပြုံးကာ
မြင်လာအဖြစ်တွေ နှုတ်ဆိတ်နေလို့ 
ပြောင်းလဲမှာလား ဒို့ တတွေ.................။
ရင်မှမေတ္တာ စစ်ပါလျှင်
မိမိကိုယ်ကိုယ် ပြုပြင်ပါ
ဧကန်ဒို့ တတွေ ပြောင်းလဲမှာ...........။
***k-ko****
ရင်မှဆန္ဒ မျက်လွှာချကာ
နှုတ်ဖျားထက်ဝေ တောင်းဆုခြွေလို့ 
ပြောင်းလဲမှာလား ဒို့ တတွေ.................။
ရင်မှအမုန်း မချိပြုံးကာ
မြင်လာအဖြစ်တွေ နှုတ်ဆိတ်နေလို့ 
ပြောင်းလဲမှာလား ဒို့ တတွေ.................။
ရင်မှမေတ္တာ စစ်ပါလျှင်
မိမိကိုယ်ကိုယ် ပြုပြင်ပါ
ဧကန်ဒို့ တတွေ ပြောင်းလဲမှာ...........။
***k-ko****
Tuesday 2 April 2013
အရသာ
အရသာ
***K-KO***
ရင်လွှာချင်းယှက် နှစ်သက်ခဲ့ လို့ 
အကြင်နာများစွာ ဖြစ်ပေါ်လာခဲ့ 
နေ့ ရက်များမှာ ချစ်စိတ်နှင့် ဖြာ
မျက်ဝန်းကဗျာကို တွေ့ ရခြင်းသာ
အရသာ..............
တမင်သက်သက် စိမ်းရက်ခဲ့ လို့ 
အိပ်ပျက်ခါခါ ညများစွာလည်း
ငွေသော်တာထံ အယူခံတေး
သီဆိုကြွေးရ ငါ့ ညများမှာ
အလွမ်းသည်သာ အရသာ...................
ရင်မှာတိတ်တခိုး ပြန်လာနိုးနဲ့ 
မျှော်ကာစိုးမိုး အကြင်နာတိုးဖို့ 
တောင်းဆုများစွာ ဖြစ်ပေါ်လာခဲ့ 
ငါ့ ဘဝမှာ မျှော်လင့် ချက်သာ
အရသာ.........................
***K-KO***
Friday 1 March 2013
ခေတ်သုဘဒ္ဒါ သိစေဖို့ ...
ခေတ်သစ်သုဘဒ္ဒါ သိစေဖို့ ............
မွန်းကြပ်တိုင်းသာ ထွက်ပြေးရမယ်ဆိုရင်
ငါ့ အတွက်ကမ္ဘာမြေပြင် နေရာလောက်မှာမဟုတ်ဘူး............
အဖော်မဲ့ တိုင်းသာ လွမ်းရမယ်ဆိုရင်
ငါ့ အတွက်၁မီးနစ်ကိုစက္ကန့် ၇၀ဖြစ်ခဲ့ ရင်တောင် အချိန်လောက်မှာမဟုတ်ဘူး.........
အကျီတန်တိုင်းသာ အထီးကျန်ရမယ်ဆိုရင်
ငါ့ ရင်ခွင်မှာဖွင့် စရာ တံခါးကိုပါလာမှာမဟုတ်ဘူး ......................
နင်လိုကောင်မလေးလမ်းခွဲသွားတိုင်းသာ ငါကြေကွဲရမယ်ဆိုရင်
ငါ့ကိုနင်လောကကြီးထဲမှာ မြင်တောင်မြင်ဖူးလိုက်မှာမဟုတ်ဘူး..................
နင်လိုကောင်မလေးတွေ အသဲခွဲသွားတိုင်းသာ ငိုရမယ်ဆိုရင်
ငါ့ မျက်ဝန်းထဲမျက်ရည်တောင် ရှိတော့ မှာမဟုတ်ဘူး.............
နင်လိုကောင်မလေးတွေ မုန်းသွားတိုင်သာ ပြန်မုန်းရမယ်ဆိုရင်
ငါ့ ရင်ထဲအချစ်ဆိုတာ ရှိတောင်ရှိတော့ မှာမဟုတ်ဘူး............
နင်တို့ အပြုံးပွင့်တွေတိုင်းသာ ဖြူစင်ခဲ့မယ်ဆိုရင်
ငါ့ ရင်ထဲ မာယာဆိုတာ ရှာလို့ တောင်တွေ့ မှာမဟုတ်ဘူး....
အခုတော့  နင်တို့ သင်ပေးလို့ ငါခံယူတတ်သွားတဲ့ အချစ်က.....
ချစ်လားဆို အရမ်းချစ်တယ်
လွမ်းလားဆို သိပ်လွမ်းတယ်
မုန်းလိုက်တော့ ဆို မေ့ ပြီးသား
လမ်းခွဲစို့ ဆို ဝမ်းတူးထရီးရေစရာမလိုလောက်အောင် ရယ်ရီ ဖြစ်နေပြီ.......................။
***k-ko****
မွန်းကြပ်တိုင်းသာ ထွက်ပြေးရမယ်ဆိုရင်
ငါ့ အတွက်ကမ္ဘာမြေပြင် နေရာလောက်မှာမဟုတ်ဘူး............
အဖော်မဲ့ တိုင်းသာ လွမ်းရမယ်ဆိုရင်
ငါ့ အတွက်၁မီးနစ်ကိုစက္ကန့် ၇၀ဖြစ်ခဲ့ ရင်တောင် အချိန်လောက်မှာမဟုတ်ဘူး.........
အကျီတန်တိုင်းသာ အထီးကျန်ရမယ်ဆိုရင်
ငါ့ ရင်ခွင်မှာဖွင့် စရာ တံခါးကိုပါလာမှာမဟုတ်ဘူး ......................
နင်လိုကောင်မလေးလမ်းခွဲသွားတိုင်းသာ ငါကြေကွဲရမယ်ဆိုရင်
ငါ့ကိုနင်လောကကြီးထဲမှာ မြင်တောင်မြင်ဖူးလိုက်မှာမဟုတ်ဘူး..................
နင်လိုကောင်မလေးတွေ အသဲခွဲသွားတိုင်းသာ ငိုရမယ်ဆိုရင်
ငါ့ မျက်ဝန်းထဲမျက်ရည်တောင် ရှိတော့ မှာမဟုတ်ဘူး.............
နင်လိုကောင်မလေးတွေ မုန်းသွားတိုင်သာ ပြန်မုန်းရမယ်ဆိုရင်
ငါ့ ရင်ထဲအချစ်ဆိုတာ ရှိတောင်ရှိတော့ မှာမဟုတ်ဘူး............
နင်တို့ အပြုံးပွင့်တွေတိုင်းသာ ဖြူစင်ခဲ့မယ်ဆိုရင်
ငါ့ ရင်ထဲ မာယာဆိုတာ ရှာလို့ တောင်တွေ့ မှာမဟုတ်ဘူး....
အခုတော့  နင်တို့ သင်ပေးလို့ ငါခံယူတတ်သွားတဲ့ အချစ်က.....
ချစ်လားဆို အရမ်းချစ်တယ်
လွမ်းလားဆို သိပ်လွမ်းတယ်
မုန်းလိုက်တော့ ဆို မေ့ ပြီးသား
လမ်းခွဲစို့ ဆို ဝမ်းတူးထရီးရေစရာမလိုလောက်အောင် ရယ်ရီ ဖြစ်နေပြီ.......................။
***k-ko****
Saturday 16 February 2013
စံ
@@@@@@ စံ @@@@@@@
ချစ်သူ..........
နင့် ကို
အကောင်းဆုံးလမ်းပြနိုင်ခဲ့ သူဟာ ဘုရားသခင်....
အကြီးမားဆုံးပေးဆပ်နိုင်ခဲ့ သူဟာ မင်းရဲ့ မေမေ....
အခက်ဆုံးပြဿနာတွေကိုအဖြေရှင်းနိုင်ခဲ့ သူဟာ မင်းရဲ့ ဖေဖေ......
သူတို့ တွေကိုဆန့် ကျင်ပြီးမှ ငါ့ ရင်ခွင်ကိုခိုလှုံရမယ်ဆို
နင်ငါ့ ကို မေ့ လိုက်ပါ................
နင်ငါ့ ကို မစွန့် လွှတ်နိုင်လောက်အောင်ချစ်ခဲ့ လို့ 
နေ့ တိုင်း လွမ်းရင်လွမ်းရမယ်
အဲဒီလွမ်းက ချိုမြိန်မှာပါ......
နင်ငါ့ ကိုမေ့ လို့ မရလောက်အောင်စွဲလမ်းခဲ့ လို့ 
နေ့ တိုင်း ငိုရင်ငိုရမယ်
အဲဒီမျက်ရည်တွေက အေးမြမှာပါ.............
ငါလည်းနင့် ကို နှလုံးသားနဲ့ ရင်းပြီးချစ်ခဲ့ လို့ 
တစ်ဘဝစာ အသဲကွဲရမယ်ဆိုတာ ငါသိတယ်
ဒါပေမယ့်  အဲဒီကွဲအက်နေတဲ့ အသဲက
လှပတယ်လို့ ငါမြင်တယ်....
ဒါကြောင့်  ရင်ခွင်အားလုံးကိုနင်မြင်ပေးပါ....................။
****K-KO****
ချစ်သူ..........
နင့် ကို
အကောင်းဆုံးလမ်းပြနိုင်ခဲ့ သူဟာ ဘုရားသခင်....
အကြီးမားဆုံးပေးဆပ်နိုင်ခဲ့ သူဟာ မင်းရဲ့ မေမေ....
အခက်ဆုံးပြဿနာတွေကိုအဖြေရှင်းနိုင်ခဲ့ သူဟာ မင်းရဲ့ ဖေဖေ......
သူတို့ တွေကိုဆန့် ကျင်ပြီးမှ ငါ့ ရင်ခွင်ကိုခိုလှုံရမယ်ဆို
နင်ငါ့ ကို မေ့ လိုက်ပါ................
နင်ငါ့ ကို မစွန့် လွှတ်နိုင်လောက်အောင်ချစ်ခဲ့ လို့ 
နေ့ တိုင်း လွမ်းရင်လွမ်းရမယ်
အဲဒီလွမ်းက ချိုမြိန်မှာပါ......
နင်ငါ့ ကိုမေ့ လို့ မရလောက်အောင်စွဲလမ်းခဲ့ လို့ 
နေ့ တိုင်း ငိုရင်ငိုရမယ်
အဲဒီမျက်ရည်တွေက အေးမြမှာပါ.............
ငါလည်းနင့် ကို နှလုံးသားနဲ့ ရင်းပြီးချစ်ခဲ့ လို့ 
တစ်ဘဝစာ အသဲကွဲရမယ်ဆိုတာ ငါသိတယ်
ဒါပေမယ့်  အဲဒီကွဲအက်နေတဲ့ အသဲက
လှပတယ်လို့ ငါမြင်တယ်....
ဒါကြောင့်  ရင်ခွင်အားလုံးကိုနင်မြင်ပေးပါ....................။
****K-KO****
Thursday 7 February 2013
သစ္စာ နိဂုံး
သစ္စာ နိဂုံး
နှစ်လွှာတစ်ရွက် တွယ်ကာယှက်လို့ 
ရင်လွှာအကြား အစဉ်သာထားဖို့ 
ကတိသစ္စာ ပြုဖူးပါလည်း
ရင်ဝယ်မာန ယှဉ်ပြိုင်ရာ
အလွှာမတူ မောင့် ချစ်သူက
မာနချင်းပြိုင် မုန်းရက်နိုင်တော့ 
ဒီမောင့် သစ္စာ သဲနှစ်မွှာကို
ကမ္ဘာမြေက ဆွဲအားပိုငင်
သွေးစိမ်းရွှင်ရွှင် မြေခရင်ဖြင့် 
ဒီရင်ကမ္ဘာ နေမသာပဲ
မှောင်ယံကြီးစိုး မျက်ရည်မိုးထဲ
ဆွေးရပြီပေါ့  ချစ်သူရယ်................။
*****k-ko****
နှစ်လွှာတစ်ရွက် တွယ်ကာယှက်လို့ 
ရင်လွှာအကြား အစဉ်သာထားဖို့ 
ကတိသစ္စာ ပြုဖူးပါလည်း
ရင်ဝယ်မာန ယှဉ်ပြိုင်ရာ
အလွှာမတူ မောင့် ချစ်သူက
မာနချင်းပြိုင် မုန်းရက်နိုင်တော့ 
ဒီမောင့် သစ္စာ သဲနှစ်မွှာကို
ကမ္ဘာမြေက ဆွဲအားပိုငင်
သွေးစိမ်းရွှင်ရွှင် မြေခရင်ဖြင့် 
ဒီရင်ကမ္ဘာ နေမသာပဲ
မှောင်ယံကြီးစိုး မျက်ရည်မိုးထဲ
ဆွေးရပြီပေါ့  ချစ်သူရယ်................။
*****k-ko****
Sunday 20 January 2013
လွမ်းဆုံး ရင်ခွင်
""" လွမ်းဆုံး ရင်ခွင် """"
ပြာလဲ့ ကောင်းကင် သစ်မင်းလွင်မှာ
မောင်နှံငှက်ငယ် ချစ်နယ်ပယ်ကို
အိပ်တမ်းပျံတက် သစ္စာဖက်တဲ့ 
နေညိုဆည်းဆာ ချစ်သူရွာမှာ
ဆုံစည်းခဲ့သော ရင်ခွင်နှစ်ခု.....
ရင်ခွင်နှစ်ခု ခင်မင်မှု့ မှ
တဆင့် ထပ်ပွား မေတ္တာထားလို့ 
တွယ်နှောင်ရစ်ငင် သံယောဇဉ်နဲ့ 
တွဲလက်တို့ ခိုင် ချစ်ပန်းတိုင်ကို
ရောက်လှမ်းမယ်ရည် သစ္စာသီလည်း
ကြမ္မာရက်စက် မှုန်းတိုင်းဖက်တော့
ပင်လယ်လှိုင်းထန် ကောင်းကင်ပြာငို
ကမ္ဘာပျက်သုဉ်း အချစ်ဆုံးမှာ
ရင်တွင်းပူကဲ နှစ်မွှားသဲလည်း
ကွဲရပြီပေါ့ ချစ်သူရယ်.....
ရင်ဝယ်နှောင်တ အစဉ်မရပဲ
ချစ်မြဲချစ်ဆဲ ချစ်အသဲမှာ
ကွဲအက်ဗျာဆူ ကမ္ဘာ့ လူထဲ
သန်းရှစ်ထာင်မှာ မောင်သာချစ်ဆုံး
ချစ်တတ်ဆုံးမို့  လွမ်းရဆုံးလည်း
မောင်ပဲဖြစ်မယ် ချစ်သူရယ်.......
***k-ko****
ပြာလဲ့ ကောင်းကင် သစ်မင်းလွင်မှာ
မောင်နှံငှက်ငယ် ချစ်နယ်ပယ်ကို
အိပ်တမ်းပျံတက် သစ္စာဖက်တဲ့ 
နေညိုဆည်းဆာ ချစ်သူရွာမှာ
ဆုံစည်းခဲ့သော ရင်ခွင်နှစ်ခု.....
ရင်ခွင်နှစ်ခု ခင်မင်မှု့ မှ
တဆင့် ထပ်ပွား မေတ္တာထားလို့ 
တွယ်နှောင်ရစ်ငင် သံယောဇဉ်နဲ့ 
တွဲလက်တို့ ခိုင် ချစ်ပန်းတိုင်ကို
ရောက်လှမ်းမယ်ရည် သစ္စာသီလည်း
ကြမ္မာရက်စက် မှုန်းတိုင်းဖက်တော့
ပင်လယ်လှိုင်းထန် ကောင်းကင်ပြာငို
ကမ္ဘာပျက်သုဉ်း အချစ်ဆုံးမှာ
ရင်တွင်းပူကဲ နှစ်မွှားသဲလည်း
ကွဲရပြီပေါ့ ချစ်သူရယ်.....
ရင်ဝယ်နှောင်တ အစဉ်မရပဲ
ချစ်မြဲချစ်ဆဲ ချစ်အသဲမှာ
ကွဲအက်ဗျာဆူ ကမ္ဘာ့ လူထဲ
သန်းရှစ်ထာင်မှာ မောင်သာချစ်ဆုံး
ချစ်တတ်ဆုံးမို့  လွမ်းရဆုံးလည်း
မောင်ပဲဖြစ်မယ် ချစ်သူရယ်.......
***k-ko****
Sunday 6 January 2013
Subscribe to:
Posts (Atom)