ရနံ့ ပိတောက်ရေ....
နမ်းသလောက်လည်း မွှေးပါတယ်
လွမ်းသလောက်လည်း ဆွေးရှာတယ်
တမ်းတသလောက်လည်း အလှမ်းကွာတယ်
မှန်းဆတစ်ယောက်ကို လွမ်းနေတယ်....
ရနံ့ ပိတောက်ရေ...
မင်းက လေယူရာတိမ်းရနံ့ မစိမ်း
ရေမြေခြားလည်း ရနံ့ မကွဲ
သူတစ်ယောက်လည်း မင်းလို ဖြစ်ပါစေလို့ 
ငါဆုတောင်းနေမိတယ်.......
ရနံ့ ပိတောက်ရေ....
နှစ်သစ်မှာငါမင်းအတွက် သီချင်းတွေဆိုနေတယ်
ငါသူ့ အတွက်ဘာသီချင်းဆိုရမှာလဲ...
"ရှာပုံတော်မင်းသားကြီး" ဆိုရအောင်လည်း
သူနဲ့ ငါက တစ်ရွာထဲဟ
သူတစ်ယောက်ချစ်စရာအသစ်တွေ့ လို့ 
ငါ "ပိတောက်တစ်မျက်နှာ"သီချင်းကိုတောင်
ဆိုခွင့် မရမှာ စိုးရိမ်မိတယ်
***k-ko***
ပိတောက်ရနံ့ ရေ......
No comments:
Post a Comment