အနာဂတ်ရဲ့  ပုံရိပ်လမင်း
ဖူးငုံနှင်းဆီ ချစ်ပန်းနီနှယ်
နှုတ်ခမ်းသွယ်လျှ ပြုံးပန်းလှမယ့်
မျက်ဝန်းထဲက ကျွန်တော့် ချစ်သူ...................
ကဗျာမျက်ဝန်း သစ္စာထွန်းလို့ 
မေတ္တာရှင်လေး အကြင်နာပေးမယ့် 
အတွေးထဲက ကျွန်တော့်ချစ်သူ.................
စံပယ်ပွင့် လေး ဖြူဖြူဖွေးနှယ်
မနောသွင်တူ သဒ္ဒါဖြူမယ့် 
ပါရမီရှင်လေး ကျွန်တော့် ချစ်သူ...................
သော်တာနဲ့ ဝေး ညကလေးမှာ
ကြယ်စင်မှေးစက် အမှောင်ရက်စက်လည်း
ကိုယ့် ရင်ကမ္ဘာ လင်းလက်လာမယ့် 
မီးအိမ်ရှင်လေး ကျွန်တော့် ချစ်သူ...............
ရနံ့ သင်းထုံ ပန်းမျိုးစုံနှင့် 
ကြုံဖူသော်ငြား နှလုံးသားက
ရင်မှမေတ္တာ စစ်မပါလို့ 
ဘယ်နွယ်ကိုမျှ မရစ်ပတ်ခဲ့ 
ဘယ်ပန်းကိုမှ မနမ်းရှိုက်ခဲ့ 
ဆိုသည့်သစ္စာ မှန်ကန်ပါ၏
ထို့ ကြောင့် ဒီရင် ဖူးစာရှင်နှင့် 
မြန်ဆုံစည်းစေ ပန်ဆုခြွေ၍
ဘယ်ခါမညိုး ပျိုးထားရင်မှာ
ပန်းမေတ္တာနှင့်  အကြင်နာပန်းခက်
သစ္စာလက်ဖြင့်  ကမ်းလင့် တော့ ကွယ်
ချစ်သူရယ်..........................။
*****k-ko****
Sunday 30 December 2012
Monday 24 December 2012
တော်ဝင် သစ္စာ
တော်ဝင် သစ္စာ
မမှီနိုင်ပန်း တုံးခုလှမ်းရင်
နွမ်းလျှမောဟိုက် ရင်တွင်းဗျာဆူ
ပူပင်သောက ကြုံရတတ်တယ် ...တဲ့ .......။
ချစ်သူ...
သည်မောင့်ဘဝ အညတြမို့ 
ငွေသော်တာယုန် လဖူးငုံနှင့် 
ဆုံရစေကြောင်း ဆုမွန်တောင်းလည်း
ပုံသွင်မတူ ဘဝဟူ၍
ဓနပိုင်းခြား ကံအားရက်စက်
လွဲမထွက်သာ ဝဲဂရက်မှာ
ဂုဏ်နိမ့် ဘဝ မြှ င့် တင်စမို့ 
ချစ်သူအလှပန်း မနွမ်းစေလိုပြီ........။
ဓနဂုဏ်ထည် အလှမကြွယ်လည်း
ထားခဲ့ မေတ္တာ လှသစ္စာမို့ 
ကြင်သူအလှနန်း တော်ဝင်ပန်းကို
သစ္စာအစဉ်ထားတဲ့  မေတ္တာရင်ခွင်ကြားမှာ
နွေးစေပါ့ မယ် ချစ်သူရယ်..............................။
***M-M-T****
မမှီနိုင်ပန်း တုံးခုလှမ်းရင်
နွမ်းလျှမောဟိုက် ရင်တွင်းဗျာဆူ
ပူပင်သောက ကြုံရတတ်တယ် ...တဲ့ .......။
ချစ်သူ...
သည်မောင့်ဘဝ အညတြမို့ 
ငွေသော်တာယုန် လဖူးငုံနှင့် 
ဆုံရစေကြောင်း ဆုမွန်တောင်းလည်း
ပုံသွင်မတူ ဘဝဟူ၍
ဓနပိုင်းခြား ကံအားရက်စက်
လွဲမထွက်သာ ဝဲဂရက်မှာ
ဂုဏ်နိမ့် ဘဝ မြှ င့် တင်စမို့ 
ချစ်သူအလှပန်း မနွမ်းစေလိုပြီ........။
ဓနဂုဏ်ထည် အလှမကြွယ်လည်း
ထားခဲ့ မေတ္တာ လှသစ္စာမို့ 
ကြင်သူအလှနန်း တော်ဝင်ပန်းကို
သစ္စာအစဉ်ထားတဲ့  မေတ္တာရင်ခွင်ကြားမှာ
နွေးစေပါ့ မယ် ချစ်သူရယ်..............................။
***M-M-T****
Thursday 20 December 2012
............မြန်နိုးခြင်းရဲ့ နောက်ကွယ်...........
အရမ်းမြတ်နိုးတန်ဖိုးထားမိတဲ့  ပန်းလေးတစ်ပွင့် ကို
မလွမ်းစေချင်လို့ 
ချစ်တတ်အောင်သင်မပေးခဲ့ တာ............
မတမ်းတစေချင်လို့ 
စွဲလမ်းအောင်ပြောမပြခဲ့ တာ................
မတွေဝေစေချင်လို့ 
မျက်ဝန်းတွေ တည်ငြိမ်ပြခဲ့ တာ....................
မရုးသွပ်စေချင်လို့ 
စကားလုံးတွေနဲ့  မချည်နှောင်ခဲ့ တာ....................
အကြင်နာတောင်ပံတစ်စုံကို သံယောဇဉ်ကြိုးနဲ့ မရစ်ပတ်ခဲ့ တာ
ငါးရာနှစ်ဆယ်ရှစ်နယ်ပယ်မှာ လွတ်လပ်စွာပျံသန်းစေချင်လို့ 
ထောင်ငါးရာနယ်မှာ လေလွင့် ဖို့ မဟုတ်ခဲ့ ပါဘူး...................
မနမ်းဖူးတဲ့  နှုတ်ခမ်းပါကိုလွမ်းရင်း
မပြောဖြစ်ခဲ့ တဲ့  စကားလုံးတွေအတွက်
အချိန်တစ်ခုရဲ့ နောက်ကွယ်မှာ နောင်တတွေကနင်းချေလို့ 
ယဲ့ ယဲ့ ကျန်တဲ့ နှလုံးသားတစ်ခုနဲ့ ငါက
မဆိုဖူးတဲ့ သစ္စာတွေ နင်ရင်ထဲမှာရှိနေသေးရင်ဆိုတဲ့  အတွေးတစ်ခုက
ကြယ်ကြွေညတွေကို မျှော်လင့် နေမိတယ်............။
***k-ko****Monday 17 December 2012
သူသိပါကွယ်
သူသိပါကွယ်
***M-M-T*** ***M-M-T***
ချစ်လျှက်ဝေးကွာ တစ်ပြေတစ်ရွာမို့ 
လွမ်းနေခဲ့ ရ တို့ နှစ်ဦးဘဝမှာ
နှစ်လတွေပြောင်း ညထောင်သောင်းဆက်
လွမ်းအားရက်မှာ နှစ်ကိုယ်တူညီမျှ
လွမ်းခဲ့ ရပြီ............။
အလွမ်းနှိပ်စက် အစဉ်ရက်စက်လည်း
ရင်မှာပွင့်လန်း အကြင်နာပန်းမို့ 
သစ္စာခိုင်မြဲ မေတ္တာဇွဲနဲ့ 
နှစ်ကိုယ်တူညီမျှ ချစ်ခဲ့ ကြပေါ့ ..............။
တစ်နေ့ ချိန်ခါ.....................
ရာသီစက်ဝန်း နှစ်လယွန်းလို့ 
လွမ်းသူ့ စိတ်ထံ မောင်ပြန်လာပေါ့ 
အလွမ်းကြမ္မာ ခန်းချိန်ခါမို့ 
နှစ်ကိုယ်တူဘဝ ပြန်ဆုံကြရင်
တစ်ဦးစိတ်နောက် တစ်ယောက်နွမ်းခွေ မဖြစ်လေအောင်
ရီဝေအကြည့်  မေမကြည့် နဲ့ 
မချိအပြုံး မောင်မသုံးဘူး
အချစ်ဆုံးနားလည်ပါတယ်နော်.............။***M-M-T*** ***M-M-T***
Friday 14 December 2012
ပြန်တွေးလည်းလွမ်းမျှော်လည်းလွမ်း
ဝေဖြာတင့် ရွှန်း အရှေ့ ကျွန်းမှ
နေမင်းသည်ပင် မမှီနိုင်ပဲ
ဘဝတက်လမ်း အလင်းတန်းကို
မကွေ့ စတမ်း ဖြောင့်ဖြောင့်လှမ်းဖို့ 
ခွန်အားပေးသော အဖေ့ ကိုလည်း
သားလွမ်းတယ်..................................။
အေးမြကြည်လင် စမ်းရေပင်လျှင်
မမှီနိုင်ပဲ
ချစ်ရနံ့ တွေ သင်းပျံ့ ဝေတဲ့ 
အမေ့ ရင်ခွင်လည်း သားလွမ်းတယ်...................။
ငယ်စဉ်ဘဝ ပညာရဖို့ 
ရှေ့ ရေးကြိုတွေး သင်ကာပေးသော
ဆရာများနှင့်  ကျောင်းတော်ကြီးလည်း
သားလွမ်းတယ်...................။
နှစ်စဉ်မပြတ် ရက်မြတ်ပူဇော်
နွဲပျော်ခဲ့ ဖူး သဒ္ဒါထူးကဲ
ဘုရားပွဲနှင့်  ရွာဦးကျောင်းလည်း
သားလွမ်းတယ်..............................။
ရှု့ မျှော်ချင်သေး ဘဝင်အေးစရာ
ညို့ မှောင်စိမ်းမြ သဘာဝနှင့် 
ငှက်ပေါင်းတေးသီ မြိုင်ယံဆီက
ကြာတောလေးနှင့်  ယာတဲလေးလည်း
သားလွမ်းတယ်...................။
ချင်းတွင်းမြစ်ဘေး ရွာကလေးမှ
ဇင်ရော်ငှက်ပျော် သဲသောင်ပေါ်တွင်
လွမ်းကြောင်းတေးသီ ချစ်သူဆီကို
မျှော်ရည်မှန်းဆ တမ်းတနေမယ့် 
ကောင်မလေးလည်း သားလွမ်းတယ်......................။
လွမ်းတယ်..လွမ်းတယ်..လွမ်းမပြယ်လည်း
မှန်းရည်ရွယ်ခဲ့  ဖေ၊မေတွက်နဲ့ 
ကောင်ကလေးရဲ့  အနာဂါတ်စခန်း
ဖြာဝေလန်းဖို့  ရေမြေခြားမှာ
ငါးနှစ်လောက်တော့  နေခဲ့ မယ်......................။။။။။။။။။။
***k-ko***
Wednesday 5 December 2012
မာယာမဲ့ အနမ်း
::::::::မာယာမဲ့ အနမ်း;;;;;;;;;;;;;
ချစ်သူ.......
မင်းသိပ်တော်တယ်....
အချစ်ကိုကျောခိုင်းထားတဲ့  ငါ့ နှလုံးသားက
အချစ်နဲ့  မျက်နှာချင်းဆိုင်ဖြစ်အောင်
မင်းဆွဲလှည့်နိုင်ခဲ့ တယ်......................။
မင်းရဲ့ အလှ ချိုမြတဲ့ မာယာစကားတွေနဲ့ 
ငါ့ နှလုံးသားကို ယစ်မူးစေခဲ့ တယ်
ငါ့ ဆီက ယုယတဲ့ ကြင်နာမူ့ နဲ့ 
နွေးထွေးနုညံ့တဲ့ 
အနမ်းတွေကိုသိမ်းပိုက်ပြီး
ငါ့ နှလုံးသားကို ကျောခိုင်းပြေးထွက်သွားတယ်.....................။
မင်းပိုပြီးကျေနပ်နိုင်အောင် ငါပြောလိုက်ပါရစေ
ငါ့ ဆီက မင်းနှစ်သက်မြတ်နိုးခဲ့ တဲ့ 
ယုယမှူ့ နဲ့  အနမ်းပွင့် တွေမှာတော့ 
မာယာတွေမပါခဲ့ ဘူးဆိုတာ
မင်းသိစေချင်တယ်..........................................။။။။။။။။။။
****M.M.T****
ချစ်သူ.......
မင်းသိပ်တော်တယ်....
အချစ်ကိုကျောခိုင်းထားတဲ့  ငါ့ နှလုံးသားက
အချစ်နဲ့  မျက်နှာချင်းဆိုင်ဖြစ်အောင်
မင်းဆွဲလှည့်နိုင်ခဲ့ တယ်......................။
မင်းရဲ့ အလှ ချိုမြတဲ့ မာယာစကားတွေနဲ့ 
ငါ့ နှလုံးသားကို ယစ်မူးစေခဲ့ တယ်
ငါ့ ဆီက ယုယတဲ့ ကြင်နာမူ့ နဲ့ 
နွေးထွေးနုညံ့တဲ့ 
အနမ်းတွေကိုသိမ်းပိုက်ပြီး
ငါ့ နှလုံးသားကို ကျောခိုင်းပြေးထွက်သွားတယ်.....................။
မင်းပိုပြီးကျေနပ်နိုင်အောင် ငါပြောလိုက်ပါရစေ
ငါ့ ဆီက မင်းနှစ်သက်မြတ်နိုးခဲ့ တဲ့ 
ယုယမှူ့ နဲ့  အနမ်းပွင့် တွေမှာတော့ 
မာယာတွေမပါခဲ့ ဘူးဆိုတာ
မင်းသိစေချင်တယ်..........................................။။။။။။။။။။
****M.M.T****
ခေတ်သစ်နတ်ရှင်နောင်
@@@@@ခေတ်သစ်နတ်ရှင်နောင်@@@@@@@
မေတ္တာချည်နှောင် သစ္စာဘောင်ခတ်
အကြင်နာဓာတ်နဲ့  ချစ်ခဲ့ သော်ငြား
သစ္စာမမြင် မာယာရှင်က
မကြင်နာ တမင်ခွာတိမ်းတယ်
စိမ်း...ရက်စက်....စိမ်း..............။။။။။။။။။။။။။
*****M.M.T*****
မေတ္တာချည်နှောင် သစ္စာဘောင်ခတ်
အကြင်နာဓာတ်နဲ့  ချစ်ခဲ့ သော်ငြား
သစ္စာမမြင် မာယာရှင်က
မကြင်နာ တမင်ခွာတိမ်းတယ်
စိမ်း...ရက်စက်....စိမ်း..............။။။။။။။။။။။။။
*****M.M.T*****
Monday 3 December 2012
ဒို့ ကျေးရွာ
မြစ်ချင်းတွင်း အရှေ့ ဘက်
တည်ရှိတဲ့  ဒို့ ကျေးရွာ
ရှု့ လေတိုင်း တောညို့ မှိုင်းနှင့် လယ်ကွင်းပြင်
ရွာမြောက်ဘက်တွင်
ခရေတန်းနှင့်  လွမ်းမပြယ်
ရွာဦးကျောင်းဝယ်
ကျင့် ပခဲ့ ပွဲသဘင် နှစ်စဉ်ရှိခဲ့ 
ဥသြကြို တာသင်္ကြန်
ရောက်ပြန် ရင်လည်း
နွေးထွေးတဲ့  ဒို့ ကျေးရွာ
မြို့ ပမာ မခမ်းနားပေမယ့် 
လွမ်းအားပိုအောင် ပျော်စရာကောင်းတာမို့ 
ဝေးခဲ့ သူမောင့် ခဗျာမှာ
သဲကညှာနှင့်  ဒို့ ရွာကို
လွမ်းလှပေါ့ လေး..။ ***K-KO****
မှတ်ချက်--မလေးရှားမှ ရွာကိုလွမ်းလို့ ရေးသောကဗျာလေးဖြစ်ပါသည်။
ငါလည်းမမှားဘူး
@@@@ငါလည်းမမှာဘူး@@@@@@@
ရေမရှိတဲ့  ကန်
နေမရှိတဲ့  ကမ္ဘာ
နင်မရှိတဲ့  ငါ
ဘယ်ဘာသာနဲ့ ပြန်ပြန် အဓိပ္ပါယ်မရှိနိုင်ပါဘူး.....................။
လမရှိတဲ့  ည
မြမရှိတဲ့  စိန်
နင်မရှိတဲ့  အချိန်
ဘယ်မှော်ဆရာ အသက်သွင်းသွင်း
အသက်မဝင်နိုင်ပါဘူး....................................။
နွေမရှိတဲ့  ဂန္တာ
လှေမရှိတဲ့  တံငါ
ငွေမရှိတဲ့  ငါ့ ကို
ဖန်ဆင်းရှင်မဟုတ်တဲ့ နင် ပါရမီမဖြည့် ချင်တာ
နင်မမှားပါဘူး.....................................................။။။။။။။။။။။။။
****k-ko****
Subscribe to:
Posts (Atom)