ပွင့် ဆဲပန်းတိုင်း လန်းစေချင်ပေမယ်.
ပွင့် သောပန်းတိုင်း မမွှေးတတ်သလို
လှသောပန်းတိုင်းလည်း မယဉ်နိုင်ဘူး......
ညီမငယ်........
မေတ္တာပေးပြီး သာယာစေချင်ပေမယ့် 
အချစ်တိုင်း မအေးမြသလို
အကြင်နာတိုင်းလည်း မနွေးထွေးနိုင်ဘူး
ညီမငယ်......
နှလုံးသားတိုင်း အချစ်ရှိတယ်ဆိုပေမယ့် 
ခမ်းနားတိုင်း မတင့် တယ်သလို
ကြီးကျယ်တိုင်းလည်း မမြင့် မြတ်နိုင်ဘူး
ညီမငယ်......
ပန်းကလေးမို့  ရနံ့ သင်းတယ်ဆိုပေမယ့် 
နမ်းရှိုက်ပြီးသား ပန်းကို မမက်မောတတ်ကြသလို
သုံးစွဲပြီးသားအရာတိုင်းကိုလည်း စွန့် ပြစ်ဖို့ ဝန်မလေးကြဘူး
ညီမငယ်......
ပန်းတစ်ပွင့် ရနံ့ ဆင့် လာပြီဆိုရင်
ကမ်းလင့် တဲ့  လက်တွေကြား
အဆိပ်လူးထားတဲ့  မာယာလက်ဖျားလှလှလေးတွေရှိနေတတ်တယ်
ခွဲခြားလို့  မြင်နိုင်ပါစေ...
ကိုယ့် ရင်ထဲက ညီမငယ်လေးရေ....
*****k-ko******