Sunday 20 January 2013
လွမ်းဆုံး ရင်ခွင်
     """ လွမ်းဆုံး ရင်ခွင် """"
 ပြာလဲ့ ကောင်းကင်  သစ်မင်းလွင်မှာ
မောင်နှံငှက်ငယ်  ချစ်နယ်ပယ်ကို
အိပ်တမ်းပျံတက်  သစ္စာဖက်တဲ့ 
နေညိုဆည်းဆာ  ချစ်သူရွာမှာ
ဆုံစည်းခဲ့သော  ရင်ခွင်နှစ်ခု.....
တဆင့် ထပ်ပွား  မေတ္တာထားလို့ 
တွယ်နှောင်ရစ်ငင်  သံယောဇဉ်နဲ့ 
တွဲလက်တို့ ခိုင်  ချစ်ပန်းတိုင်ကို
ရောက်လှမ်းမယ်ရည်  သစ္စာသီလည်း
ကြမ္မာရက်စက်  မှုန်းတိုင်းဖက်တော့
ပင်လယ်လှိုင်းထန်  ကောင်းကင်ပြာငို
ကမ္ဘာပျက်သုဉ်း  အချစ်ဆုံးမှာ
ရင်တွင်းပူကဲ နှစ်မွှားသဲလည်း
ကွဲရပြီပေါ့ ချစ်သူရယ်.....
ရင်ဝယ်နှောင်တ အစဉ်မရပဲ
ချစ်မြဲချစ်ဆဲ  ချစ်အသဲမှာ
ကွဲအက်ဗျာဆူ  ကမ္ဘာ့ လူထဲ
သန်းရှစ်ထာင်မှာ  မောင်သာချစ်ဆုံး
ချစ်တတ်ဆုံးမို့   လွမ်းရဆုံးလည်း
မောင်ပဲဖြစ်မယ်  ချစ်သူရယ်.......
                                                    ***k-ko****