Friday 29 June 2012
နေ့ စွဲ
အဖြုသက်သက်  ဗလာစာရွက်တစ်ရွက်လိုပဲ
မင့် လက်တွေကို  ဖောင်တိန်တစ်ချောင်းလိုအသုံးပြုလိုက်တော့ 
မင်းလုပ်ရပ်တွေက စာမျက်နှာပေါ်မှာထင်လာပြီ
အဲဒီစာသားတွေက မင့် စိတ်ဓာတ်ကိုဖော်ပြ
အဲဒီစာရွက်က မင့်ရဲ့ သမိုင်းဖြစ်လိမ်မယ်......
ရရှိတဲ့ အခွင်အရေးချင်းက အတူတူပဲ
ဖောင်တိန်တစ်ချောင်း စာရွက်တစ်ရွက်
ရေးထိုးတာချင်းက မတူဘူး.....
တစ်ချို့ က  ရသတွေရှိပြီး ကာရံညီတဲ့  အလင်းရောင်ခြည်စာတမ်းတွေ.....
တစ်ချို့ က  အတ္တတွေအခြေခံထားတဲ့  စာလုံးကြီးကြီးတွေ.... 
တစ်ချို့ က  မာယာတွေဖုံးဖို့  photoshop ဒီဇိုင်းလှလှစာတမ်းတွေ....
တစ်ချို့ က  ဗလာနတ္ထိ....ဥပေက္ခာ စာတမ်းတွေ....
တစ်ချို့ က  အဖျက်ရာတွေချည်းပဲ.....
ဘာပဲရေးရေး အဲဒါတွေကဖျောက်ဖျက်လို့ မရတော့ တဲ့ 
စာမျက်နှာပေါ်မှာ  ထာဝရတည်ရှိနေမှာပဲ.....
သေချာမှု့ တစ်ခုကတော့  အဲဒီစာရွက်တစ်ရွက်ဟာ
မင်းဘဝအတွက်  အရေးပါတယ်....
ဒါပေမယ့်   အဒီကကတော့   ဖန်ဆင်းမယ့် မင့် လက်တွေပဲ
မှင်ကုန်နေတဲ့   ဖောင်တိန်ကို အသုံးမပြုမိဖို့ ပဲ
မထင်လို့ ရံဖန်ရံခါ ရေးခြစ်လိုက်မယ်ဆိုရင်  စာရွက်တစ်ရွက်လုံးစုတ်ပြဲသွားလိမ်မယ်...
စုတ်ပြဲနေတဲ့ စာရွက်တစ်ရွက်ကလည်း  မင့်သမိုင်းရဲ့ တစ်ပိုင်းပဲ
ပိုင်ဆိုင်နေတဲ့  နေ့ စွဲတစ်ရက်ကိုတောင် လှပစွာမဖန်တီးမနိုင်ဘူးဆိုရင်
သမိုင်းကြောင်း....
                     ဘယ်လို
                                ကောင်းနိုင်မှာလဲ..................?
                                                                   ***k-ko***
Sunday 17 June 2012
နိုးကျိန်စာ
နိုးကျိန်စာ....
သက်ရှိအရာတွေကိုတန်ဖိုးမထားတတ်တဲ့  မင်း
တစ်ချိန်မှာ သက်မဲ့အရာတွေနဲ့  ရင်နင့် စွာစကားပြောရလိမ်မယ်......
စိတ်စိတ်နေခြင်းသည် ဝန်ခံခြင်းလို့ စွပ်စွဲတတ်တဲ့ မင်း
တစ်ချိန်မှာ မင်းအတွက်စိတ်စိတ်နေခြင်းကြေကွဲခြင်းဖြစ်လာလိမ်မယ်....
အသဲစားဘုရင်မလို့  ဟစ်ကြွေတတ်တဲ့ မင်း
ဟစ်ကြွေသံတွေတိတ်ဆိတ်တဲ့ တစ်နေ့ မှာ အသဲစားဘီလူးမလို့ ကမ္ပည်းကင်ပွန်းတပ်ကြလိမ်မယ်...
ရိုးသားပွင့်လင်းမူ့ ကိုငြီငွေ့ တတ်တဲ့ မင်း
တစ်ချိန်မှာ မာယာတောထဲမှာပျော်ရွှင်ရင်း လမ်းပျောက်သွားလိမ်မယ်....
ခူးယူလိုက်တဲ့ ပန်းတိုင်းဟာ လက်ထဲမှာပဲလို့ ပြောဆိုတတ်တဲ့ မင်း
တစ်ချိန်မှာ ပန်းရိုင်းတစ်ပွင့် ကိုရင်ဝယ်ပိုက်ထွေးမိလိမ်မယ်.....
ဒါတွေအားလုံးဟာ....မင်းအတွက်
ငါကျိန်စာရေးနေတာမဟုတ်သလို 
မိုးနတ်မင်းက အပြစ်ဒဏ်ချမှတ်လိုက်တာလည်းမဟုတ်ဘူး....
မင်းနားလည်ဖို့  စကားပုံတစ်ခုငါပြောပြမယ်
"ကိုယ်ပြုတဲ့ ကံ  ပဲ့ တင်သံ
ကိုယ့် ထံသက်ရောက်မည်"  တဲ့  ................။
Saturday 9 June 2012
ရင်ဝှက် လမင်း
အကြင်နာအငွေ့  ရင်မှာတွေ့ လည်း
မပြုံးအားပဲ ဦးစားနေရတယ်
ရင်ဝှက် လမင်းရေ...
အကြင်နာအကြည့်  ရင်မှာထိလို့ 
နှလုံးသားကအလိုရှိလည်း အရှုံးများကိုကြိုသိနေတယ်
ရင်ဝှက် လမင်းရေ....
အကြင်နာအပြုံး ရင်မှာဖုံးလည်း 
ဂုဏ်တံတိုင်းတွေခြားလို့  မုန်းတိုင်းတွေကြားကို
ကိုယ်တစ်ယောက်ထဲ  ပျံသန်းတော့ မယ်
ရင်ဝှက် လမင်းရေ...
အချစ်ကလွဲပြီး
အရာရာကို ကြိုတွက်လို့ ရလောက်အောင်ထိ
နုံချာတဲ့ ဘဝမို့   နှလုံးသားအားအရှုံးများထားလို့ 
အကြင်နာတွေနဲ့ အတူ ရင်မှာသိုဝှက်ထားလိုက်တော့ မယ်
ရင်ထဲက လမင်းငယ်လေးရေ...........။
                                                     ***k-ko***
Tuesday 5 June 2012
စွဲလမ်းသူ လွမ်းစေ.........။
အချိန်တန်းလို့  နှုတ်ဆက်ပြီး
အိမ်ပြန်ဖို့  ရုတ်တရက်ပြင်ဆင်တဲ့ အခါမှာ
နှုတ်ခမ်းဖျားက အပြုံးများကာရန်ထားနိုင်ပေမယ့် 
နှလုံးသားက ကျန်ရစ်ခဲ့ ပြီလေ
အတူလျှောက်ခဲ့ ကြတဲ့  လမ်းကလေးထက်က
ကြယ်တွေရေတွက်ဖို့  အတူတူထိုင်ခဲ့ ကြတဲ့ 
ခုံတန်းလေးပေါ်မှာ
ဘာလို့ လည်းဆိုတော့  နှုတ်ဆက်နေတဲ့ မင်းမျက်ဝန်းတွေကို
ကြိုသိနေလို့ ပေါ့ ............
ရှည်ကြာတဲ့  လွမ်းရက်တွေနဲ့ 
ပေတစ်ရာ လမ်းထက်မှာ
နွေတစ်ရာ လွှမ်းလျှက်ရှိတဲ့ နှလုံးသားက
မရေရာလည်း လှမ်းတက်နေတာ
တကယ်တော့  ဝေဒနာကမ်းတစ်ဖက်ကိုရောက်နေပြီမို့ 
သေချာ စမ်းတွက်ကြည့် လိုက်ရင်
စွဲလမ်းသူ လွမ်းစေပေါ့ ...