....နေ့ စွဲ.....
အဖြုသက်သက် ဗလာစာရွက်တစ်ရွက်လိုပဲ
မင့် လက်တွေကို ဖောင်တိန်တစ်ချောင်းလိုအသုံးပြုလိုက်တော့ 
မင်းလုပ်ရပ်တွေက စာမျက်နှာပေါ်မှာထင်လာပြီ
အဲဒီစာသားတွေက မင့် စိတ်ဓာတ်ကိုဖော်ပြ
အဲဒီစာရွက်က မင့်ရဲ့ သမိုင်းဖြစ်လိမ်မယ်......
ရရှိတဲ့ အခွင်အရေးချင်းက အတူတူပဲ
ဖောင်တိန်တစ်ချောင်း စာရွက်တစ်ရွက်
ရေးထိုးတာချင်းက မတူဘူး.....
တစ်ချို့ က ရသတွေရှိပြီး ကာရံညီတဲ့  အလင်းရောင်ခြည်စာတမ်းတွေ.....
တစ်ချို့ က အတ္တတွေအခြေခံထားတဲ့  စာလုံးကြီးကြီးတွေ....
တစ်ချို့ က မာယာတွေဖုံးဖို့  photoshop ဒီဇိုင်းလှလှစာတမ်းတွေ....
တစ်ချို့ က ဗလာနတ္ထိ....ဥပေက္ခာ စာတမ်းတွေ....
တစ်ချို့ က အဖျက်ရာတွေချည်းပဲ.....
ဘာပဲရေးရေး အဲဒါတွေကဖျောက်ဖျက်လို့ မရတော့ တဲ့ 
စာမျက်နှာပေါ်မှာ ထာဝရတည်ရှိနေမှာပဲ.....
သေချာမှု့ တစ်ခုကတော့  အဲဒီစာရွက်တစ်ရွက်ဟာ
မင်းဘဝအတွက် အရေးပါတယ်....
ဒါပေမယ့်  အဒီကကတော့  ဖန်ဆင်းမယ့် မင့် လက်တွေပဲ
မှင်ကုန်နေတဲ့  ဖောင်တိန်ကို အသုံးမပြုမိဖို့ ပဲ
မထင်လို့ ရံဖန်ရံခါ ရေးခြစ်လိုက်မယ်ဆိုရင် စာရွက်တစ်ရွက်လုံးစုတ်ပြဲသွားလိမ်မယ်...
စုတ်ပြဲနေတဲ့ စာရွက်တစ်ရွက်ကလည်း မင့်သမိုင်းရဲ့ တစ်ပိုင်းပဲ
ပိုင်ဆိုင်နေတဲ့  နေ့ စွဲတစ်ရက်ကိုတောင် လှပစွာမဖန်တီးမနိုင်ဘူးဆိုရင်
သမိုင်းကြောင်း....
ဘယ်လို
ကောင်းနိုင်မှာလဲ..................?
***k-ko***
No comments:
Post a Comment