Thursday 20 June 2013

သစ္စာ

  $$$$ သစ္စာ !!!!!

ပန်းကံ့ကော်တွေ  မသိနိုင်တဲ့ 

နှင်းဝတ်မှုံတွေ မှာလည်း

အချစ်ရှိတယ်....


ဥသြငှက်တွေ  တေးမသီတဲ့ 

မိုးစက်ပွင့် တွေ  မှာလည်း

အချစ်ရှိတယ်....


ပန်းခရေတွေ  မသိနိုင်တဲ့ 

ကြွေရွက်ဝါတွေ  မှာလည်း

အချစ်ရှိတယ်....


နာရီမရှိ ၊ ရာသီမသိတဲ့ 

ငါ့ ရင်ခွင်  မှာလည်း

အချစ်ရှိလို့ 

မင်းမသိနိုင်လည်း ငါဝန်ခံနေမိတယ်

မင်းကို ငါချစ်တယ်...........။
                         ****K-KO***