Friday 27 April 2012

မာယာ

...မာယာ...
စကားချိုးမြ  နှုတ်ခမ်းလှနှင့် 
ရွှင်ပြအပြုံး  တစ်ဘဝလုံးကို
ပုံကားအပ်ပြီး ချစ်ပါမယ်တဲ့ 
ဆိုခဲ့ သက်သေ  ချစ်သက်ဝေ....
ရွှင်းလဲ့ တောက်ပ  မျက်ဝန်းလှနှင့် 
မျက်ဝန်းကဗျာ ချစ်ကမ္ဘာတွင်
ရာသက်ဆုံးတိုင်  တည်ပါမယ်တဲ့ 
သက်သေမျက်ဝန်း  ညှို့ နိုင်လွန်း.....
သွယ်လျှဝင်းပ  လက်ဖျားလှနှင့် 
မောင့် လက်ကိုကိုင်  ချစ်ပန်းတိုင်ကို
အရောက်လှမ်းမယ်  ချစ်သူရယ်တဲ့ 
ရွှေလက်သက်သေ  ချစ်သူရေ... 
ရင်လွှာအကြား  အစဉ်သာထားလည်း
ခွဲခွာနှုတ်ဆက် ရုတ်တရက်မို့ 
စွဲမက်ချိုသာ နှုတ်ခမ်းလွှာမှာ
သက်သေတည်ထား ချစ်စကားနှင့် 
တောက်ပစိုရွှန်း  ညှို့ မျက်ဝန်းသည်
အချစ်သည်လော့ .......၊မာယာလော့ ....၊
မာယာလော့ ........................။       

                                                 ***K-KO****

No comments:

Post a Comment