Friday 27 April 2012

မာယာ

...မာယာ...
စကားချိုးမြ  နှုတ်ခမ်းလှနှင့် 
ရွှင်ပြအပြုံး  တစ်ဘဝလုံးကို
ပုံကားအပ်ပြီး ချစ်ပါမယ်တဲ့ 
ဆိုခဲ့ သက်သေ  ချစ်သက်ဝေ....
ရွှင်းလဲ့ တောက်ပ  မျက်ဝန်းလှနှင့် 
မျက်ဝန်းကဗျာ ချစ်ကမ္ဘာတွင်
ရာသက်ဆုံးတိုင်  တည်ပါမယ်တဲ့ 
သက်သေမျက်ဝန်း  ညှို့ နိုင်လွန်း.....
သွယ်လျှဝင်းပ  လက်ဖျားလှနှင့် 
မောင့် လက်ကိုကိုင်  ချစ်ပန်းတိုင်ကို
အရောက်လှမ်းမယ်  ချစ်သူရယ်တဲ့ 
ရွှေလက်သက်သေ  ချစ်သူရေ... 
ရင်လွှာအကြား  အစဉ်သာထားလည်း
ခွဲခွာနှုတ်ဆက် ရုတ်တရက်မို့ 
စွဲမက်ချိုသာ နှုတ်ခမ်းလွှာမှာ
သက်သေတည်ထား ချစ်စကားနှင့် 
တောက်ပစိုရွှန်း  ညှို့ မျက်ဝန်းသည်
အချစ်သည်လော့ .......၊မာယာလော့ ....၊
မာယာလော့ ........................။       

Tuesday 17 April 2012

ရနံ့ ပိတောက်ရေ....

 ရနံ့ ပိတောက်ရေ....
နမ်းသလောက်လည်း  မွှေးပါတယ် 
လွမ်းသလောက်လည်း  ဆွေးရှာတယ်
တမ်းတသလောက်လည်း အလှမ်းကွာတယ်
မှန်းဆတစ်ယောက်ကို  လွမ်းနေတယ်....
ရနံ့ ပိတောက်ရေ...
မင်းက  လေယူရာတိမ်းရနံ့ မစိမ်း
ရေမြေခြားလည်း ရနံ့ မကွဲ
သူတစ်ယောက်လည်း မင်းလို ဖြစ်ပါစေလို့ 
ငါဆုတောင်းနေမိတယ်.......
ရနံ့ ပိတောက်ရေ....
နှစ်သစ်မှာငါမင်းအတွက် သီချင်းတွေဆိုနေတယ်
ငါသူ့ အတွက်ဘာသီချင်းဆိုရမှာလဲ...
"ရှာပုံတော်မင်းသားကြီး"  ဆိုရအောင်လည်း
သူနဲ့ ငါက  တစ်ရွာထဲဟ
သူတစ်ယောက်ချစ်စရာအသစ်တွေ့ လို့ 
ငါ "ပိတောက်တစ်မျက်နှာ"သီချင်းကိုတောင်
ဆိုခွင့် မရမှာ  စိုးရိမ်မိတယ်
                                                ***k-ko***
ပိတောက်ရနံ့ ရေ......

Sunday 15 April 2012

အစွန်းရောက်အချစ်

အစွန်းရောက်အချစ်

ငါ့ ရဲ့ အပြုံးပွင့် တွေအတွက်
တုံ့ ပြန်မူ့ ကအပြုံးပွင့် တွေပဲဖြစ်ရမယ်လို့ 
ငါမဆိုလိုပါဘူး......
ငါ့ ရဲ့ အလျားအနံတွက်ဆလို့ မရတဲ့ မေတ္တာတွေအတွက်  
အသွားအပြန်တစ်ခုတော့  ရှိသင့် တယ်
မေတ္တာတွေပဲဖြစ်ရမယ်လို့ 
ငါမဆိုလိုပါဘူး........
ငါ့ ရဲ့ ရင်ထဲကလာတဲ့   စကားလုံးတွေအတွက်
မင်းရဲ့ ရင်ထဲက စကားလုံးတွေပြန်လာသင့် တယ်
စကားလုံးတွေထပ်တူဖြစ်ရမယ်လို့ 
ငါမဆိုလိုပါဘူး......
မျှော်လင့် ချက်တွေဝေခွဲချင်လို့ 
တုံ့ ပြန်မူ့ တစ်ခုကိုလိုချင်လို့ ပေးဆပ်တာ
ရယူချင်လို ၊ပိုင်ဆိုင်ချင်လို့ ချည်းပဲမဟုတ်ဘူး ..
ငါ့ ရဲ့ ဆန္ဒတစ်ခုက မင်းရင်ထဲမှာငါရှိနေချင်တာ
မင်းရဲ့ အတွေးထဲမှာငါရှိနေဖို့ အတွက်
ငါ့ ကိုမချစ်နိုင်ဘူးဆိုရင်တောင်မှ..
ကျေးဇူးပြု၍  မုန်း   ပေး  ပါ  နော် .....
ဥပက္ခာပြုမူ့ တွေနဲ့ တော့ ...မရက်စက်လိုက်ပါနဲ့ .....ကောင်မလေးရယ်.....  
                                                                                              *****k-ko****