Sunday 15 April 2012

အစွန်းရောက်အချစ်

အစွန်းရောက်အချစ်

ငါ့ ရဲ့ အပြုံးပွင့် တွေအတွက်
တုံ့ ပြန်မူ့ ကအပြုံးပွင့် တွေပဲဖြစ်ရမယ်လို့ 
ငါမဆိုလိုပါဘူး......
ငါ့ ရဲ့ အလျားအနံတွက်ဆလို့ မရတဲ့ မေတ္တာတွေအတွက်  
အသွားအပြန်တစ်ခုတော့  ရှိသင့် တယ်
မေတ္တာတွေပဲဖြစ်ရမယ်လို့ 
ငါမဆိုလိုပါဘူး........
ငါ့ ရဲ့ ရင်ထဲကလာတဲ့   စကားလုံးတွေအတွက်
မင်းရဲ့ ရင်ထဲက စကားလုံးတွေပြန်လာသင့် တယ်
စကားလုံးတွေထပ်တူဖြစ်ရမယ်လို့ 
ငါမဆိုလိုပါဘူး......
မျှော်လင့် ချက်တွေဝေခွဲချင်လို့ 
တုံ့ ပြန်မူ့ တစ်ခုကိုလိုချင်လို့ ပေးဆပ်တာ
ရယူချင်လို ၊ပိုင်ဆိုင်ချင်လို့ ချည်းပဲမဟုတ်ဘူး ..
ငါ့ ရဲ့ ဆန္ဒတစ်ခုက မင်းရင်ထဲမှာငါရှိနေချင်တာ
မင်းရဲ့ အတွေးထဲမှာငါရှိနေဖို့ အတွက်
ငါ့ ကိုမချစ်နိုင်ဘူးဆိုရင်တောင်မှ..
ကျေးဇူးပြု၍  မုန်း   ပေး  ပါ  နော် .....
ဥပက္ခာပြုမူ့ တွေနဲ့ တော့ ...မရက်စက်လိုက်ပါနဲ့ .....ကောင်မလေးရယ်.....  
                                                                                              *****k-ko****

No comments:

Post a Comment