@@@@@@ စံ @@@@@@@
ချစ်သူ..........
နင့် ကို
အကောင်းဆုံးလမ်းပြနိုင်ခဲ့ သူဟာ ဘုရားသခင်....
အကြီးမားဆုံးပေးဆပ်နိုင်ခဲ့ သူဟာ မင်းရဲ့ မေမေ....
အခက်ဆုံးပြဿနာတွေကိုအဖြေရှင်းနိုင်ခဲ့ သူဟာ မင်းရဲ့ ဖေဖေ......
သူတို့ တွေကိုဆန့် ကျင်ပြီးမှ ငါ့ ရင်ခွင်ကိုခိုလှုံရမယ်ဆို
နင်ငါ့ ကို မေ့ လိုက်ပါ................
နင်ငါ့ ကို မစွန့် လွှတ်နိုင်လောက်အောင်ချစ်ခဲ့ လို့ 
နေ့ တိုင်း လွမ်းရင်လွမ်းရမယ်
အဲဒီလွမ်းက ချိုမြိန်မှာပါ......
နင်ငါ့ ကိုမေ့ လို့ မရလောက်အောင်စွဲလမ်းခဲ့ လို့ 
နေ့ တိုင်း ငိုရင်ငိုရမယ်
အဲဒီမျက်ရည်တွေက အေးမြမှာပါ.............
ငါလည်းနင့် ကို နှလုံးသားနဲ့ ရင်းပြီးချစ်ခဲ့ လို့ 
တစ်ဘဝစာ အသဲကွဲရမယ်ဆိုတာ ငါသိတယ်
ဒါပေမယ့်  အဲဒီကွဲအက်နေတဲ့ အသဲက
လှပတယ်လို့ ငါမြင်တယ်....
ဒါကြောင့်  ရင်ခွင်အားလုံးကိုနင်မြင်ပေးပါ....................။
****K-KO****
Saturday 16 February 2013
Thursday 7 February 2013
သစ္စာ နိဂုံး
သစ္စာ နိဂုံး
နှစ်လွှာတစ်ရွက် တွယ်ကာယှက်လို့ 
ရင်လွှာအကြား အစဉ်သာထားဖို့ 
ကတိသစ္စာ ပြုဖူးပါလည်း
ရင်ဝယ်မာန ယှဉ်ပြိုင်ရာ
အလွှာမတူ မောင့် ချစ်သူက
မာနချင်းပြိုင် မုန်းရက်နိုင်တော့ 
ဒီမောင့် သစ္စာ သဲနှစ်မွှာကို
ကမ္ဘာမြေက ဆွဲအားပိုငင်
သွေးစိမ်းရွှင်ရွှင် မြေခရင်ဖြင့် 
ဒီရင်ကမ္ဘာ နေမသာပဲ
မှောင်ယံကြီးစိုး မျက်ရည်မိုးထဲ
ဆွေးရပြီပေါ့  ချစ်သူရယ်................။
*****k-ko****
နှစ်လွှာတစ်ရွက် တွယ်ကာယှက်လို့ 
ရင်လွှာအကြား အစဉ်သာထားဖို့ 
ကတိသစ္စာ ပြုဖူးပါလည်း
ရင်ဝယ်မာန ယှဉ်ပြိုင်ရာ
အလွှာမတူ မောင့် ချစ်သူက
မာနချင်းပြိုင် မုန်းရက်နိုင်တော့ 
ဒီမောင့် သစ္စာ သဲနှစ်မွှာကို
ကမ္ဘာမြေက ဆွဲအားပိုငင်
သွေးစိမ်းရွှင်ရွှင် မြေခရင်ဖြင့် 
ဒီရင်ကမ္ဘာ နေမသာပဲ
မှောင်ယံကြီးစိုး မျက်ရည်မိုးထဲ
ဆွေးရပြီပေါ့  ချစ်သူရယ်................။
*****k-ko****
Subscribe to:
Posts (Atom)