Thursday 7 February 2013

သစ္စာ နိဂုံး

သစ္စာ နိဂုံး

နှစ်လွှာတစ်ရွက် တွယ်ကာယှက်လို့ 


ရင်လွှာအကြား အစဉ်သာထားဖို့ 

ကတိသစ္စာ  ပြုဖူးပါလည်း

ရင်ဝယ်မာန  ယှဉ်ပြိုင်ရာ

အလွှာမတူ  မောင့် ချစ်သူက

မာနချင်းပြိုင်  မုန်းရက်နိုင်တော့ 

ဒီမောင့် သစ္စာ   သဲနှစ်မွှာကို

ကမ္ဘာမြေက  ဆွဲအားပိုငင်

သွေးစိမ်းရွှင်ရွှင်  မြေခရင်ဖြင့် 

ဒီရင်ကမ္ဘာ   နေမသာပဲ

မှောင်ယံကြီးစိုး   မျက်ရည်မိုးထဲ

ဆွေးရပြီပေါ့   ချစ်သူရယ်................။



                                      *****k-ko****

No comments:

Post a Comment