Wednesday 23 November 2011
Tuesday 22 November 2011
တစ်ခါက
တစ်ခါက
'က'ကြီး 'ခ'ခွေး ဝိုင်းအောင်ရေးဖို့ 
လေးငါးနှစ်အရွယ် လွယ်အိပ်လွယ်ကာ
ကျောင်းတော်ကြီးတွင် စတင်တက်ခဲ့ ....
သံသရာရေစက် ဖန်လာဖက်လို့ 
ပန်းတို့ ပွင့် ရာ ကျောင်းတော်သာမှာ
သူနဲ့ ကျွန်တော် ဆုံဆည်းခဲ့ ....
ဆုံဆည်းခဲ့ ရာ ကျောင်းတော်သာမှာ
သူငယ်ချင်းများစွာ ရှိခဲ့ပါလည်း
အများနှင့် မတူ ခြားခဲ့ သူက
ကျွန်တော့်ရဲ့  အကြင်နာသူ့ ပေါ်မှာ
ထိုစဉ်ကတော့ ငါးရာနှစ်ဆယ်ရှစ်....
ဒီလိုနဲ့ ပဲ ဆောင်း၊နွေ၊မိုးတွေ
ရာသီစက်ဝန်း လည်ပတ်ယွန်းလို့ 
ကျွန်တော့် နှလုံးသား ခံစားတတ်လာ
ငါးရာနှစ်ဆယ်ရှစ် ထိုမေတ္တာကို
လွန်းထပ်တင်ကာ ထောင်ငါးရာသို့ 
စတင်လှမ်းခဲ့  သူနဲ့ ကျွန်တော်.....
ဒီလိုဒီပုံ ချစ်မျိုးစုံဖြင့် 
လွမ်းစရာမဲ့  အနမ်းကမ္ဘာထဲကို
လှမ်းလာခဲ့ ပြီး ခုများတော့ လည်း
ချစ်ခွန်းဖွဲ့ သီ သူ့ နှုတ်ခမ်းဆီမှ
စိမ်းကားစကားလုံး သူသုံးနှုန်းကာ
ချစ်နယ်နှင်ဒဏ် သူပေးပြန်တယ်
အနမ်းတွေဝေး အလွမ်းတွေပေးလည်း
အပြုံးဆက်ပြိုင်ဖူး မမုန်းရက်နိုင်ဘူး
တစ်ခါက ချစ်သူရယ်................
***k-ko***
'က'ကြီး 'ခ'ခွေး ဝိုင်းအောင်ရေးဖို့ 
လေးငါးနှစ်အရွယ် လွယ်အိပ်လွယ်ကာ
ကျောင်းတော်ကြီးတွင် စတင်တက်ခဲ့ ....
သံသရာရေစက် ဖန်လာဖက်လို့ 
ပန်းတို့ ပွင့် ရာ ကျောင်းတော်သာမှာ
သူနဲ့ ကျွန်တော် ဆုံဆည်းခဲ့ ....
ဆုံဆည်းခဲ့ ရာ ကျောင်းတော်သာမှာ
သူငယ်ချင်းများစွာ ရှိခဲ့ပါလည်း
အများနှင့် မတူ ခြားခဲ့ သူက
ကျွန်တော့်ရဲ့  အကြင်နာသူ့ ပေါ်မှာ
ထိုစဉ်ကတော့ ငါးရာနှစ်ဆယ်ရှစ်....
ဒီလိုနဲ့ ပဲ ဆောင်း၊နွေ၊မိုးတွေ
ရာသီစက်ဝန်း လည်ပတ်ယွန်းလို့ 
ကျွန်တော့် နှလုံးသား ခံစားတတ်လာ
ငါးရာနှစ်ဆယ်ရှစ် ထိုမေတ္တာကို
လွန်းထပ်တင်ကာ ထောင်ငါးရာသို့ 
စတင်လှမ်းခဲ့  သူနဲ့ ကျွန်တော်.....
ဒီလိုဒီပုံ ချစ်မျိုးစုံဖြင့် 
လွမ်းစရာမဲ့  အနမ်းကမ္ဘာထဲကို
လှမ်းလာခဲ့ ပြီး ခုများတော့ လည်း
ချစ်ခွန်းဖွဲ့ သီ သူ့ နှုတ်ခမ်းဆီမှ
စိမ်းကားစကားလုံး သူသုံးနှုန်းကာ
ချစ်နယ်နှင်ဒဏ် သူပေးပြန်တယ်
အနမ်းတွေဝေး အလွမ်းတွေပေးလည်း
အပြုံးဆက်ပြိုင်ဖူး မမုန်းရက်နိုင်ဘူး
တစ်ခါက ချစ်သူရယ်................
***k-ko***
Thursday 17 November 2011
Chit Thu Yet Pone Pyin ချစ်သူရဲ့ပုံပြင် - A နွန်
ပုံပြင်ဆိုတော့ လည်း ပုံပြင်အတိုင်းပဲကျန်ရစ်ခဲ့တာပေါ့............
Monday 14 November 2011
တိုးတက်ဝေဖြာ ရွှေဝယာ
ရွာအဝင် ခရေတန်း
တမာတန်းနဲ့  မန်ကျီးထန်းတော
ရွာလမ်းကျော အမောပြေတယ်
သူငယ်ချင်း...
သူငယ်ချင်း !
ယခုတော့ လေ မဏိစည်သူ၊ တည်ထားလှူတဲ့ 
ထုံးဖြူဖွေးလတ် စေတီမြတ်ကို
လုံးတော်ပြည့် ရွှေ ကပ်နိုင်ပြီ။
သူငယ်ချင်း!
နှစ်ရာကျော်လျှင် ဗောဓိပင်လည်း
ယခင်ရှေးက ချုံနွယ်ခ၍
မဝင့် မထည် မတင့် တယ်ခဲ့ 
ခုနယ်အခါ အုတ်ကာအုတ်ခင်း
ရှင်းလင်းသပ်ရပ် ဝန်းပတ်ရံကာ
ပဏာတင့် လွမ်း ရောင်ဝါဖြန်းလျှက်
စိမ်းစိမ်းစိုစို မြင်ရပြီ။
သူငယ်ချင်း!
သမိုင်းတင့်ဆန်း ငါဆူတန်းလည်း
ယခင်ရှေက အုတ်ပုံဘဝနဲ့ 
လူနင်းနွားနင်း ချုံနွယ်ယှက်ခဲ့ 
ယခုအခါ ရောင်ဖြာယှက်သန်း
ရွှေသင်္ကန်းနှင့်  ဝန်းလျှက်သပ်ပါယ်လှလေပြီ။
သူငယ်ချင်း!
ဒီနေရာလေး မှတ်မိသေးလား
ယခင်ရှးက ချုံနွယ်ခ၍
တို့ ရွာမြောက်ဘက် စေတီပျက်တို့ 
အုတ်ပုံသာသာ ရှိခဲ့ပါလည်း
ယခုအခါ
နန်းဦးဖောင်တော် မည်ကျော်သာစွ
စေတီလှ၌ ပဋ္ဌာန်းရွတ်ပွဲ
ဆင်နွဲကျင့်ပ ပူဇမင်္ဂလာ
အစဉ်လာလည်း နှစ်ပေါင်းနှစ်ဆယ်ပြည့် လေပြီ။
သူငယ်ချင်း!
ငါတို့ တတွေ
ပညာရည်နို့  သောက်စို့ ပျော်ရာ
ကပ်မိုးကပ်ကာ ကျောင်တော်သာလည်း
ခုခါမှာလေ
ဝင့်ထည်စုပေါင်း အားသစ်လောင်းလို့ 
နှစ်ထပ်ကျောင်းကြီးဖြစ်ခဲ့ပြီ။
သူငယ်ချင်း!
ရွာလယ်မှာလေ
ဒို့ ရွာလူများ စုပေါင်းအားနှင့် 
လာဘ်ကြီးတစ်ပါး ဆိုရငြားသည့်
ကျမ္မားရေးတွက် အားထုတ်ရွက်လို့ 
ကျေးလက်ဆေးခန်း ဖွင့်ထားပြီ။
သြော်...သူငယ်ချင်း!
တစ်မြို့ တစ်ရွာ မင်းနေပါလည်း
ဒီရွာမွေးဖွား ဒီရွာကြီးပြင်း
မကွာကင်းလို့  ငါလည်းမင်းဆီ
မင်းလည်းဒီရွာ လွမ်းနေမှာကို
တပ်အပ်သေချာ သိပါတယ်။
သူငယ်ချင်း!
မတွေ့ ရတာ နှစ်များကြာပေါ့ ။
ဒို့ ချက်မြှုပ်ရာ ဝရာရွာ၏
တိုးတက်သာယာ ဝေဖြာတင့်စုံ
ဖြစ်ထွန်းပုံကို
အာရုံလွမ်းပြေ မင်းသိစေဖို့ 
ကဗျာရေးလို့  ပို့ လိုက်တယ်။
တခါလေးတော့  လာလည်ကွယ်
လက်ကမ်းကြိုဖို့  မျှော်နေမယ်။......
ချစ်သဲ(ဝယာ)
မျတ်ချက်---ကျွန်တော်တို့ ရွာအကြောင်းကိုရေးထားသောကဗျာလေးဖြစ်ပါတယ် ကျွန်တော်နှစ်သက်လို့ ပြန်လည်တင်ပြခြင်းဖြစ်ပ်တယ်။
****k-ko******
သိပ်ချစ်လို့ ပါ
သိပ်ချစ်လို့ ပါ
နှလုံးသား နယ်တစ်ခွင်
အပြုံးများ ပြယ်စင်လို့ 
အမုန်းတရား တကယ်ဝင်လည်း
အရှုံးသမားလို့  ကိုယ်မထင်
အပြုံးများစွာဖြင့်  ဆက်ချစ်မယ်........
ကဗျာမမှီတဲ့  အကြင်နာတွေကို
စာချီကာ ပြောမပြတတ်တော့ 
အသာတကြည် ပြေးထွက်သွားလည်း
မနာကြင်ပါ ဒီရင်ထဲ
ပြန်လာမယ်ဆို ကြိုနေမြဲ............
ဝေးလွင့် ကာ သွားပြီမို့ 
ဆွေးရင်းသာ မျက်ရည်စို့ 
ချစ်နေခြည်မှာ အပြစ်တွေစီလို့ 
အပြုံးမဝင်တဲ့  အမုန်းပင်အောက်မှာ
ရှုံးချင်လည်း ရှုံးပါစေ
နှလုံးသားက ကြည်ဖြူမြဲ
အမုန်းတရားကြောင့်  ဒီလူအသဲ
နွေရက်တွေသာ ဖြတ်သန်းရင်း
ကြွေမျက်ရည်သာ မရပ်တမ်းဆင်း
ခပ်လှမ်းလှမ်းက မင်းကို
မပြတ်တမ်း လွမ်းရလွန်းလို့ 
စာနာအတွေးနဲ့  ချစ်သူရယ်
ပြန်လာမှေးစက် မောင့်ရင်ဝယ်
သိပ်ချစ်လို့ ပါ ချစ်သူရယ်.............
***k-ko***
***k-ko***
Sunday 13 November 2011
Thursday 10 November 2011
Wednesday 2 November 2011
ငွေဆိုတာ လူတိုင်းခင်တွယ်မက်မောတာမို့ ကျွန်တော်သူ့ ကိုငွေမက်တဲ့  မိန်းမလို့ မပြောချင်ပေမယ့် .....
တကယ်တမ်းတော့ သူဟာ .သမုဒ္ဒရာကိုမမြင်ဖူး နွားခြေရာခွက်ထဲကဖားသူငယ်လိုပါပဲ....
သမုဒ္ဒရာထဲက ရေကိုမမြင်ဖူးတော့  သူ့ နွားခြေရာခွက်ထဲကရေကို
များပြားကြယ်ဝန်းလှပြီထင်ပြီး အော်ဟစ်မြည်ကြွေးနေလိုက်တာ..........
အဲဒီလိုပါပဲ သမုဒ္ဒရာလိုအရမ်းကျယ်ဝန်းပြီးနာလည်မှု့ တွေအပြည့် ရှိနေတဲ့ ....
အကြင်နာကမ္ဘာကြီးထဲကိုမလျှောက် ဖူးသေးပဲနဲ့ ..
နွားခြေရာခွက်မျှလောက်သာ ပမာနရှိတဲ့ ..............
ငွေ..ဆိုတဲ့ အရာအောက်မှာ ပျော်မြူးဖို့ ကြိုးစားနေတဲ့ ..............
သူ့ ..ကိုမြင်ရတော့  ကျွန်တော် အရမ်း........သနားမိတယ်ဗျာ..............
တကယ်တမ်းတော့ သူဟာ .သမုဒ္ဒရာကိုမမြင်ဖူး နွားခြေရာခွက်ထဲကဖားသူငယ်လိုပါပဲ....
သမုဒ္ဒရာထဲက ရေကိုမမြင်ဖူးတော့  သူ့ နွားခြေရာခွက်ထဲကရေကို
များပြားကြယ်ဝန်းလှပြီထင်ပြီး အော်ဟစ်မြည်ကြွေးနေလိုက်တာ..........
အဲဒီလိုပါပဲ သမုဒ္ဒရာလိုအရမ်းကျယ်ဝန်းပြီးနာလည်မှု့ တွေအပြည့် ရှိနေတဲ့ ....
အကြင်နာကမ္ဘာကြီးထဲကိုမလျှောက် ဖူးသေးပဲနဲ့ ..
နွားခြေရာခွက်မျှလောက်သာ ပမာနရှိတဲ့ ..............
ငွေ..ဆိုတဲ့ အရာအောက်မှာ ပျော်မြူးဖို့ ကြိုးစားနေတဲ့ ..............
သူ့ ..ကိုမြင်ရတော့  ကျွန်တော် အရမ်း........သနားမိတယ်ဗျာ..............
****K-KO****
Subscribe to:
Posts (Atom)