Tuesday 22 November 2011

တစ်ခါက

     တစ်ခါက 
'က'ကြီး 'ခ'ခွေး  ဝိုင်းအောင်ရေးဖို့ 
လေးငါးနှစ်အရွယ်  လွယ်အိပ်လွယ်ကာ
ကျောင်းတော်ကြီးတွင်  စတင်တက်ခဲ့ ....
သံသရာရေစက်  ဖန်လာဖက်လို့ 
ပန်းတို့ ပွင့် ရာ  ကျောင်းတော်သာမှာ
သူနဲ့ ကျွန်တော်  ဆုံဆည်းခဲ့ ....
ဆုံဆည်းခဲ့ ရာ  ကျောင်းတော်သာမှာ
သူငယ်ချင်းများစွာ ရှိခဲ့ပါလည်း
အများနှင့် မတူ  ခြားခဲ့ သူက
ကျွန်တော့်ရဲ့ အကြင်နာသူ့ ပေါ်မှာ
ထိုစဉ်ကတော့ ငါးရာနှစ်ဆယ်ရှစ်....
ဒီလိုနဲ့ ပဲ  ဆောင်း၊နွေ၊မိုးတွေ
ရာသီစက်ဝန်း လည်ပတ်ယွန်းလို့ 
ကျွန်တော့် နှလုံးသား  ခံစားတတ်လာ
ငါးရာနှစ်ဆယ်ရှစ်  ထိုမေတ္တာကို
လွန်းထပ်တင်ကာ  ထောင်ငါးရာသို့ 
စတင်လှမ်းခဲ့   သူနဲ့ ကျွန်တော်.....
ဒီလိုဒီပုံ  ချစ်မျိုးစုံဖြင့် 
လွမ်းစရာမဲ့  အနမ်းကမ္ဘာထဲကို
လှမ်းလာခဲ့ ပြီး  ခုများတော့ လည်း
ချစ်ခွန်းဖွဲ့ သီ  သူ့ နှုတ်ခမ်းဆီမှ
စိမ်းကားစကားလုံး သူသုံးနှုန်းကာ
ချစ်နယ်နှင်ဒဏ်  သူပေးပြန်တယ်
အနမ်းတွေဝေး  အလွမ်းတွေပေးလည်း
အပြုံးဆက်ပြိုင်ဖူး မမုန်းရက်နိုင်ဘူး  
တစ်ခါက  ချစ်သူရယ်................
                               ***k-ko***

No comments:

Post a Comment