သိပ်ချစ်လို့ ပါ
နှလုံးသား နယ်တစ်ခွင်
အပြုံးများ ပြယ်စင်လို့ 
အမုန်းတရား တကယ်ဝင်လည်း
အရှုံးသမားလို့  ကိုယ်မထင်
အပြုံးများစွာဖြင့်  ဆက်ချစ်မယ်........
ကဗျာမမှီတဲ့  အကြင်နာတွေကို
စာချီကာ ပြောမပြတတ်တော့ 
အသာတကြည် ပြေးထွက်သွားလည်း
မနာကြင်ပါ ဒီရင်ထဲ
ပြန်လာမယ်ဆို ကြိုနေမြဲ............
ဝေးလွင့် ကာ သွားပြီမို့ 
ဆွေးရင်းသာ မျက်ရည်စို့ 
ချစ်နေခြည်မှာ အပြစ်တွေစီလို့ 
အပြုံးမဝင်တဲ့  အမုန်းပင်အောက်မှာ
ရှုံးချင်လည်း ရှုံးပါစေ
နှလုံးသားက ကြည်ဖြူမြဲ
အမုန်းတရားကြောင့်  ဒီလူအသဲ
နွေရက်တွေသာ ဖြတ်သန်းရင်း
ကြွေမျက်ရည်သာ မရပ်တမ်းဆင်း
ခပ်လှမ်းလှမ်းက မင်းကို
မပြတ်တမ်း လွမ်းရလွန်းလို့ 
စာနာအတွေးနဲ့  ချစ်သူရယ်
ပြန်လာမှေးစက် မောင့်ရင်ဝယ်
သိပ်ချစ်လို့ ပါ ချစ်သူရယ်.............
***k-ko***
***k-ko***
No comments:
Post a Comment