Thursday 19 July 2012

ရှိသူခံစား သစ္စာတရား

****ရှိသူခံစား သစ္စာတရား****
နေညိုခဲ့ ပြီ  ချစ်သူရေ
လမင်းကြီးလည်း  သာနေပြီ
ငွေကြယ်လေးတွေ  လင်းလက်ပေါ်ထွက်လာခဲ့ပြီ 
မပြောင်းလဲနိုင်တဲ့  ကောင်းကင်ကြီးကတော့ 
ထာဝရကြိုဆိုနေတယ်
သစ္စာရှိတဲ့   ဓူဝံကြယ်  ထင်ရှာစွာအရပ်တစ်ခုမှာ
အထီးကျန်လည်း အလင်းရောင်ပေးနေဆဲ......

သန်းခေါင်းကျော်ခဲ့ ပြီ  ချစ်သူရေ
လမင်းကြီးလည်း အနောက်ရပ်ကိုယွန်းခဲ့ ပြီ
ကြယ်တာရာတွေ  ဖြိုးဖျက်ပျောက်ကွယ်သွားလည်း
သစ္စာရှိတဲ့ ဓူဝံကြယ်  အရပ်တစ်ခုထဲမှာပဲ
ထာဝရ လင်းလတ်နေဆဲ...
မိုးသောက်ခဲပြီး  ချစ်သူရေ
နိုးတတ်တဲ့ ငှက်ကလေးတွေ  အချိန်မှန်တယ်
သင်းပျံ့ တဲ့ ရနံ့ နဲ့ နတူ ပန်းကလေးတွေအာရုဏ်ဦးကြိုနေပြီ
နေမင်းကြီးပေါ်ထွက်လာရင်
ငါ့ ရဲ့ အပူတွေ သူ့ ဆီကူးဆက်မှာ
စိုးရိမ်မိတယ်......
သြော်.......
ပခုံးထက်မှာမှီပြီး   အတူထိုင်ခဲ့ တုန်းက
ဒီခုံလေးက  ချစ်သူထိုင်ခုံတန်းလျားလေး
မင်းလက်ကိုတွဲပြီး  လျှောက်ခဲ့ တုန်းက
ဒီလမ်းက  ချစ်သူလမ်းကြားလေး
အတူဆိုခဲ့ တုန်းက  ဒီဂစ်တာကသီချင်းရှိတယ် ကီးသိတယ်
အခုတော့ ...
ဒီထိုင်ခုံက  လွမ်းမိတ်ဆွေ
ဒီလမ်းက  နေ့ စွဲတွေကိုကြေကွဲစေတဲ့ လမ်း
ဒီဂစ်တာက သီချင်းမရှိတဲ့ ဂီတာတဲ့ ...
ပြောင်းလဲတာက 
                   သက်ရှိမင်း
အပြစ်တင်ခံရတာက
                    သက်မဲ့ ပတ်ဝန်းကျင်
သူတို့ သိရင်ရယ်လိမ်မယ်...
ဂီတာ သီချင်းမရှိတာ မင်းလက်တွေငြိမ်နေလို့ 
ဒီလမ်းအထီးကျန်တာ မင်းစိတ်ကြောင့် 
ဒီထိုင်ခုံဘယ်မှာ  ရွေ့ သွားလို့ လဲ....?
တကယ်တော့ 
      ပြောင်းလဲတတ်တာက   လူ့ ရဲ့ စိတ်
       လူတစ်ယောက်ကို ချစ်ချင်ရင်တော့ 
         ပြောင်းလဲတတ်တဲ့   သဘောတရားကိုလည်း
                             နားလည်လက်ခံနိုင်ရမယ်.....................။
                                                                    ***k-ko***









Monday 9 July 2012

အဝေးရောက်ရင်ခွင်

'''''''''အဝေးရောက်ရင်ခွင်'''''''''''''
ရော်ရွက်ဝါတွေ လေမှာဝဲတာ
ပျံသန်းတာမဟုတ်ဘူး  လွင့် ပါးတာ...
တိမ်ဖြူလွှာတွေ  ညို့ ရောင်သန်းတာ
မာယာများတာမဟုတ်ဘူး  ငိုကြွေနေတာ... 
ငွေဇင်ယော်တွေ  လေဆန်တက်တာ
ပျော်မြူးနေတာမဟုတ်ဘူး  ဘဝအတွက်ရုန်းကန်နေတာ...
ပြုံးပြလို့  လက်ပြခဲ့ တာ
နှုတ်ဆက်တာမဟုတ်ဘူး  ပြန်ဆုံဖို့ ကတိပေးခဲ့ တာ...
နှုတ်ဆက်ခြင်းရဲ့ နောက်မှာ ဝေးကွာခြင်းဆိုတာရှိသလို
ဝေးကွာခြင်းရဲ့ နောက်မှာလည်း အဓိပ္ပါယ်တွေပြည့် နက်နေခဲ့ တာပဲလေ.....
                                                                      ***k-ko***