Tuesday 15 December 2015

          စိုး လို့ ပါ

ပန်းတစ်ပွင့်တွေ့  ရင်ခုန်ပြီး
ဥယျာဉ်တစ်ခုလုံးကိုတောင် ထားရစ်တော့မှာလား?

ရောင်စုံမီးတစ်ပွင့်တွေ့   မက်မောပြီး
လမင်းကိုတောင်  မေ့ပြစ်တော့မှာလား?

ပကာဿနအတွေ့  ခဏပျော်ပြီး
ထာဝရနေ့ ကိုတောင်  မုန်းဖြစ်တော့မှာလား?

ဘဝဆိုတာ မှင်နဲ့ ရေးရတာမဟုတ်လို့ 
ငါ့ကို အက္ခရာတစ်လုံးအဖြစ်အသုံးပြုပါလို့ 
ကြည်ဖြူစွာ ပေးထားပါတယ်

ဒါပေမယ့် 
နင်ဟာ ဝေဟင်မှာ  လေဟုန်စီးတဲ့ စွန်ငယ်
ရစ်ဘီးကိုစွန့် လွှတ်ဖို့  ကြိုးစားသလိုဖြစ်မှာကိုတော့
စိုးလွန်းလို့ ပါ။

                                      thakhin
    

Saturday 24 January 2015

မနေ့  ကရဲ့ မနက်ဖန်

   မနေ့ ကရဲ့  မနက်ဖန်...

တစ်ချို့ လူတွေ အထီးကျန်ရင်
ဝိုင်တစ်ခွက်က သူ့ ရဲ့  တမာန်တော်ဖြစ်လာတယ်...

တစ်ချို့ လူတွေ အသဲကွဲရင်
ကာရံတွေက သူ့ ရဲ့ ဘဝလက်တွဲဖော်ဖြစ်လာတယ်...

တစ်ချို့ လူတွေ လွမ်းရလွန်းရင်
ဂစ်တာကြိုးတွေနဲ့  ထာဝရမိတ်ဖွဲ့ လိုက်တယ်....

တစ်ချို့ လူတွေ အဖော်မဲ့ ခံရရင်
ဆေးစက်တွေပေါ်မှာ မှေးစက်နေပျော်ဖို့  ကြိုးစားလိုက်တယ်....

ကျွန်တော်ကတော့ 
                     ပင်လယ်ရေ တစ်ခွက်သောက်ဖို့ 
                      ရွက်ကျပင်ပေါက်တွေ ရှာပျိုးနေတုန်းပါပဲ............။
 

                                                                         သခင်