####### နင့် ကမ္ဘာအဝေးက ငါ့ ကဗျာ########
ဖျက်ဆီးပါ
နင်ပေခဲ့ တဲ့  အိမ်မက်တွေပဲ
နင်ဖျက်ဆီးလို့  ရတာပေါ့ .......
စွန့် ပြစ်ပါ
နင်အပိုင်ရခဲ့ တဲ့  ပန်းတစ်ပွင့် ပဲ
နင်စွန့် ပြစ်လို့  ရတာပေါ့ ........
ရက်စက်ပါ
နင်သိမ်းပိုက်နိုင်ခဲ့ တဲ့  နယ်မြေတစ်ခုပဲ
နင်ရက်စက်လို့  ရတာပေါ့ ........
ထွက်သွားပါ
ငါမရှိတဲ့ ကမ္ဘာကို နင့် စိတ်နဲ့ နင့် ကိုယ်ပဲ
နင်ထွက်သွားလို့  ရတာပေါ့ ...
နင်ရှိတဲ့ ကမ္ဘာမှာ ငါမရှိပေမယ့် 
ငါရှိတဲ့ ကမ္ဘာမှာ နင်ရှိနေမှာပါ....။
ငါရေးတဲ့ ကဗျာတွေမှာ နင်ရှင်သန်နေမှာပါ..............။
***K-KO****