သွားတက်ကလေး
ခေါင်းကိုငုံ့ လျက်၊ အနေခက်လျှင်
အရှက်ပြေလေး ပြုံးသူခင်။
ပြုံးတော့တသွယ် ရယ်တော့ ခစ်ခစ်
စံပယ်နှစ်လို တင်ပြစ်မစက်
မောင့်ညိုညက်လျှက်
သွားတက်ကလေး ပေါ်လာမြဲ ။
မောင့်ကိုခွဲလျက် စွန့် ပစ်ထွက်မှ
သွားတက်ကလေး မောင့်အတွေးဝယ်
ဘီလူးစွယ်လား ထင်ယောင်မှားမိ
ရင်ကြားပွင့်ဦး မေတ္တာဖူးကို
ခူးဆွတ်ဖျက်ခြွေ စားသုံးနေကျ
ဘီလူးမလျှင် ဘဝပြောင်းကူး
မောင့်ချစ်ဦးကို
ပူးဝင်တွယ်ငြိနေသလား...။
မောင်စိန်ဝင်း(ပုတီးကုန်း)