Monday 27 February 2012

ပေးဆပ်ခြင်း.....
မင်းကိုယ့် ကို  အချိန်တစ်စက္ကန့် သာပေးခဲ့ 
ကိုယ်မင်းကို  တစ်နာရီမကပြန်ပေးနိုင်တယ်.....
မင်းကိုယ့် ကို ရေတစ်ခွက်သာပေးခဲ့ 
ကိုယ်မင်းကို သမုဒ္ဒရာထက်မကပြန်ပေးနိုင်တယ်.....
မင်းကိုယ့် ကို  အပြုံးပန်းတစ်ပွင့် သာပေးခဲ့ 
ကိုယ်မင်းကို  အပြုံးပန်းတစ်ရာပြန်ဖူးပွင့် ပေးနိုင်တယ်....
မင်းကိုယ့် ကို  မျက်ဝန်းချိုချိုလေးနဲ့ တစ်ခါသာကြည့်ပေးခဲ့ 
ကိုယ်မင်းကို  အဓိပ္ပါယ်ရှိတဲ့ မျက်ဝန်းတွေ့ ထာဝရပြန်ပေးနိုင်တယ်....
မင်းကိုယ့် ကို  ခဏတာလေးသာချစ်ပေးခဲ့ 
ကိုယ်မင်းကို  ထာဝရစာပြန်ချစ်ပေးနိုင်တယ်....
ဒါပေမယ့် ......
                     မင်းကိုယ့် ကို ဘယ်လောက်ပဲနှုတ်ဆက်ခဲ့ နှုတ်ဆက်ခဲ့ ပါစေ
                   ကိုယ်မင်းကို   ကိုယ့် ဆီကနှုတ်ဆက်စကားလုံးလေးတွေပြန်မပေးနိုင်တာကို
                      ခွင့် လွတ်  ပေး   ပါ.....
                                                                ***k-ko***

စိုးရိမ်ခြင်း

စိုးရိမ်ခြင်း
ရင်ထဲမှာ ထားချင်ပေမယ့် 
မွန်းကြပ်သွားမှာ စိုးရိမ်မိတယ်...
နှလုံးသားထဲမှာ ထားချင်ပေမယ့် 
ဟောင်းနွမ်းသွားမှာ စိုးရိမ်မိတယ်...
အတွေးထဲမှာ ထားချင်ပေမယ့် 
သက်ပြင်းချမိမှာ စိုးရိမ်မိတယ်...
စာမျက်နှာထိပ်မှာ ခေါင်းစဉ်တပ် ထားချင်ပေမယ့် 
သူပါမလာမှာ စိုးရိမ်မိတယ်..
စာမျက်နှာထဲမှာ ကမ္ဗည်းတင် ထားချင်ပေမယ့် 
သူထွက်ပြေးသွားမှာ စိုးရိမ်မိတယ်...
ပန်းသီးတစ်လုံးကို  အတူတူဝေစားချင်ပေမယ်.
ခွင့် မပြုမှာ စိုးရိမ်မိတယ်...
ရင်ကိုခွဲလို့ အသဲပေးချင်ပေမယ့်
အသဲစားဘီလူးဖြစ်နေမှာ စိုးရိမ်မိတယ်...
ခဏတာနုတ်ဆက် ထားချင်ပေမယ့် 
ထာဝရစာဖြစ်သွားမှာ စိုးရိမ်မိတယ်......
သိမ်မွေ့ စွာလှမ်းလာချင်ပေမယ့်
နောက်ကျသွားမှာ စိုးရိမ်မိတယ်...
အပြေးလေးပြေးလာချင်ပေမယ့်
လက်ကမ်းမကြိုမှာ စိုးရိမ်မိတယ်...
နားခိုခွင့်ပေးထားချင်ပေမယ့် 
ခြေစုန်ကန်ပြန်ထွက်သွားမှာ စိုးရိမ်မိတယ်...
ရင်နှင့် ကြို၍ လှမ်းခေါ်လိုက်ချင်ပေမယ့် 
သူမလာမှာ စိုးရိမ်းမိတယ်...
ဒီစိုးရိမ်ခြင်းတွေအားလုံးအတွက် စိုးရိမ်နေရတာထက်
ပို၍စိုးရိမ်စေတာကတော့ သူ့ ကျွန်တော့်ကို မုန်းမေ့ သွားမှာကိုပဲ
ပို၍ပို၍ လုံးဝလုံးဝ အရမ်းအရမ်း စိုးရိမ်မိတယ်..................
                                                              ***  k-ko***

Wednesday 1 February 2012

ချစ်သူအတွက်ဆန္ဒ

         ချစ်သူအတွက်ဆန္ဒ
မက်လောက်စရာ  ထိုအရာကြောင့် 
သက်လောက်မကချစ်တဲ့   ပျိုကညာကို
ဒို့ ရွာမှာထားရစ်လို့ 
ရေမြေခြားကို  ကိုယ်ထွက်ခဲ့ ....
လမ်းခွဲကာ ဒီလမ်းလျှောက်ရလည်း
ဝမ်းမနည်းပါ  ချစ်ဆုံးသူတွက်မို့ 
ရေမြေခြားမှာ ကဗျာတွေစီလို့ 
အမေ့ သားငယ်  လွမ်းစိတ်ကြွယ်.....
လှပါတယ်  ဖက်ရှင်ဒီဇိုင်းတွေနဲ့ 
ညအခါလယ်  သူတို့ လမ်းသလားကြ
မြင်ရလည်း  မေ့ သားငယ်
ဘဝင်မကြည်  ရင်တွင်းမချိပြီမို့ 
လုံမငယ်    ကျေးတောသူ 
ပြောပေးပါ  မေ့ ချွေးမကို
လှမ်းခဲ့ ပါနဲ့   ရေမြေခြား........
                               ****k-ko*****