ပေးဆပ်ခြင်း.....
မင်းကိုယ့် ကို အချိန်တစ်စက္ကန့် သာပေးခဲ့ 
ကိုယ်မင်းကို တစ်နာရီမကပြန်ပေးနိုင်တယ်.....
မင်းကိုယ့် ကို ရေတစ်ခွက်သာပေးခဲ့ 
ကိုယ်မင်းကို သမုဒ္ဒရာထက်မကပြန်ပေးနိုင်တယ်.....
မင်းကိုယ့် ကို အပြုံးပန်းတစ်ပွင့် သာပေးခဲ့ 
ကိုယ်မင်းကို အပြုံးပန်းတစ်ရာပြန်ဖူးပွင့် ပေးနိုင်တယ်....
မင်းကိုယ့် ကို မျက်ဝန်းချိုချိုလေးနဲ့ တစ်ခါသာကြည့်ပေးခဲ့ 
ကိုယ်မင်းကို အဓိပ္ပါယ်ရှိတဲ့ မျက်ဝန်းတွေ့ ထာဝရပြန်ပေးနိုင်တယ်....
မင်းကိုယ့် ကို ခဏတာလေးသာချစ်ပေးခဲ့ 
ကိုယ်မင်းကို ထာဝရစာပြန်ချစ်ပေးနိုင်တယ်....
ဒါပေမယ့် ......
မင်းကိုယ့် ကို ဘယ်လောက်ပဲနှုတ်ဆက်ခဲ့ နှုတ်ဆက်ခဲ့ ပါစေ
ကိုယ်မင်းကို ကိုယ့် ဆီကနှုတ်ဆက်စကားလုံးလေးတွေပြန်မပေးနိုင်တာကို
ခွင့် လွတ် ပေး ပါ.....
***k-ko***
No comments:
Post a Comment