Wednesday 1 February 2012

ချစ်သူအတွက်ဆန္ဒ

         ချစ်သူအတွက်ဆန္ဒ
မက်လောက်စရာ  ထိုအရာကြောင့် 
သက်လောက်မကချစ်တဲ့   ပျိုကညာကို
ဒို့ ရွာမှာထားရစ်လို့ 
ရေမြေခြားကို  ကိုယ်ထွက်ခဲ့ ....
လမ်းခွဲကာ ဒီလမ်းလျှောက်ရလည်း
ဝမ်းမနည်းပါ  ချစ်ဆုံးသူတွက်မို့ 
ရေမြေခြားမှာ ကဗျာတွေစီလို့ 
အမေ့ သားငယ်  လွမ်းစိတ်ကြွယ်.....
လှပါတယ်  ဖက်ရှင်ဒီဇိုင်းတွေနဲ့ 
ညအခါလယ်  သူတို့ လမ်းသလားကြ
မြင်ရလည်း  မေ့ သားငယ်
ဘဝင်မကြည်  ရင်တွင်းမချိပြီမို့ 
လုံမငယ်    ကျေးတောသူ 
ပြောပေးပါ  မေ့ ချွေးမကို
လှမ်းခဲ့ ပါနဲ့   ရေမြေခြား........
                               ****k-ko*****
 

No comments:

Post a Comment