Saturday 24 November 2012

နွေသခင်

!!!!!!!!နွေသခင်!!!!!!!

သခင်က  မကြင်မှတော့ 

မြင်သမျှလည်း  မစိမ်းလန်း

ကိန်းဂဏန်းတွေ လက်ရေချိုး

ရက်တွေတိုးလည်း  လိုရင်းမရ

မျက်ရည်မိုးထဲ ထီးမခိုခဲ့ သူ.....


သခင်က အဝေးမှာပျော်

မျှော်နေသူ ဆွေးဘဝင်မချိ

နွေသခင်ရယ်  ကိုယ့် ရင်ထိပြီး

နေ့ ရာကျော်လို့  ဒီရင်လွမ်းမပြယ်

နွမ်းနယ်လည်း  စိတ်အစဉ်က

အတိတ်ရင်ခွင်ကို  မတမ်းတ

အလွမ်းတွေနဲ့   ပန်ဆုခြွေ

သခင်လျှောက်မယ့် လမ်း  ပန်းခင်းစေ.........

သခင့် အဖော်နဲ့   မပျော်

ကြည်နူးမူ့   အစဉ်ပျက်သုန်း

သူမုန်းလို့   စွန့် ခဲ့ ရင်

မငိုပါနဲ့   မောင့် သခင်ရယ်

နှောင်းရင်ခွင်ဟာ  မင်းအတွက်

အနီးဆုံးလူပါ......
                               

                                                             ***k-ko****


နွေသခင်