Monday 28 May 2012

မာန

 မာန
မိုနာလီဇာရဲ့ အပြုံးကပြိုင်စံရှားဆိုတာငါသိတယ်
ဒါပေမယ့် ...မင်းကိုချစ်မိတဲ့ နေ့ ကစ၍
မိုနာလီဇာရဲ့ အလှကို
အိပ်မက်ထဲမှာတောင် မုသားအဖြစ်နဲ့ ကို
ငါစာမဖွဲ့ ခဲ့ ဖူးပါဘူး.....
ငါသိတယ်...မိုနာလီဇာ ငါ့ ကိုအကြိမ်တစ်ရာပြုံးပြလည်း
ငါရင်ခုန်မှာမဟုတ်ဘူး...
ဒါပေမယ့် ..နင်ငါ့ ကိုတစ်ချက်လောက်နှုတ်ခမ်းစူပြလိုက်တိုင်း
ငါရင်ပွင့် မတတ်လှုပ်ရှားခဲ့ ဖူးတယ်.....
ရိုမီယိုက ဂျူလီယက်အတွက်
သက်သေပြစရာလိုပေမယ့် 
မင်းအတွက်ငါ့ အချစ်တွေသက်သေပြစရာ လိုလို့ လား...
အာဒံက ဧဝကိုချစ်သလို
စာ ဖွဲ့ ပြစရာရော လိုလို့ လား.....
ငါချစ်တာ မင်းအသိဆုံး ပဲလေ...
ဒါပေမယ့် ..လမ်းခွဲဖို့  သိပ်လွယ်တဲ့ သူကို
နှုတ်ဆက်ဖို့ ဝန်မလေးသလို
နှုတ်ဆက်ထွက် ခွာသွားမဲ့ သူကိုလည်း
နှစ်ခြိုက်စွာ ပြုံးပြမိမှာပဲ...
                                                  ***k-ko***



No comments:

Post a Comment