Monday 7 October 2013

သဲနွမ်းရှိုက်သံ

 !!!!!!!သဲနွမ်းရှိုက်သံ#####

ပေဆပ်ခြင်းတွေနဲ့  အသားကျနေလို့ လား
ပန်းပွင့်ကလေးတွေ မငိုးကြွေးကြတော့ ဘူး...
ဒါပေမယ့်
ဝတ်ရည်လေးတွေရဲ့  ရှိုက်သံကိုတော့  သဲ့ သဲ့ လေးဖြစ်ဖြစ်
နင် ကြားသင် ပါတယ်......။

အထီးကျန်ခြင်းတွေနဲ့   ရင်းနှီးကျွမ်းဝင်နေလို့ လား
လှောင်အိမ်ထဲက ငှက်ကလေး  မနာကျည်းမိဘူး
ဒါပေမယ့် 
သူ့ ရင်ထဲက မျှော်လင့် ခြင်းတွေကိုတော့   ဝေဝါးဝါးလေးဖြစ်ဖြစ်
နင် မြင်သင့် ပါတယ်........။

နာကျင်ခြင်းတွေနဲ့   မိတ်ဖွဲ့ နေလို့ လား
ကမ်းစပ်ကလေး  ရေလှိုင်တွေကို မတုံ့ ပြန်မိဘူး
ဒါပေမယ့် 
သူ့ ရဲ့ မေတ္တာကိုတော့    နဲနဲလေးပဲဖြစ်ဖြစ်
နင် အသိမှတ်ပြုသင့် ပါတယ်.......။
တစ်ခါတစ်လေ
            ငါဟာ  ပန်းလေးတစ်ပွင့် 
တစ်ခါတစ်လေ
           ငါဟာ  လှာင်အိမ်ထဲက ငှက်
တစ်ခါတစ်လေ
          ငါဟာ  ကြင်နာမဲ့  ကမ်းစပ်ပါ......
တကယ်ချစ်မိတော့   မျက်ရေတွေကအလွမ်းတွေကိုအဖော်ပြုလို့ 
မြတ်နိုးခြင်းတွေအတွက်  တမ်းတခြင်းတွေရှိနေမိတာပါ......။
အရမ်းခံစားရလွန်းလို့ လား မသိဘူး
ငါ့ နှုတ်ဖျားတွေ  တိတ်စိတ်နေမိတာပါ
ဒါပေမယ့် 
ငါ့ နှလုံးသားတစ်စုံရဲ့   ရှိုက်သံတွေကိုတော့ 
နင် ကြားသိသင့်ပါတယ်..................။
                                                                ***k-ko*****