2 Photo Frames
Saturday 31 December 2011
Sunday 25 December 2011
Saturday 24 December 2011
အချစ်တဲ့လား
အချစ်တဲ့ လား
ရင်မှမေတ္တာ ချစ်သဒ္ဒါနဲ့ 
ချစ်ဗလာမဲ့  သူ့ နှလုံးသားကို
အနမ်းမိုးတွေ ရွာဖူးတယ်.....
ရင်မှာအချစ် အကြင်နာစစ်မို့ 
ဆယ်ကမ္ဘာအပြုံး ဘယ်ခါမမုန်းဖို့ 
ရည်စူးသစ္စာ ဆိုဖူးတယ်....
ရင်မှသစ္စာ နှစ်တစ်ရာမို့ 
မေတ္တာဗလာမဲ့  သူ့ ရင်ခွင်ကို
အလွမ်းတွေလည်း ဝေဖူးတယ်...
အနမ်းတွေလည်း ပေးဖူးတယ်
သစ္စာတွေလည်း ဆိုဖူးတယ်
အလွမ်းတွေပဲ ကျန်ရစ်တယ်.....
အဲဒါ အချစ်လားကွယ်.
***k-ko***
ရင်မှမေတ္တာ ချစ်သဒ္ဒါနဲ့ 
ချစ်ဗလာမဲ့  သူ့ နှလုံးသားကို
အနမ်းမိုးတွေ ရွာဖူးတယ်.....
ရင်မှာအချစ် အကြင်နာစစ်မို့ 
ဆယ်ကမ္ဘာအပြုံး ဘယ်ခါမမုန်းဖို့ 
ရည်စူးသစ္စာ ဆိုဖူးတယ်....
ရင်မှသစ္စာ နှစ်တစ်ရာမို့ 
မေတ္တာဗလာမဲ့  သူ့ ရင်ခွင်ကို
အလွမ်းတွေလည်း ဝေဖူးတယ်...
အနမ်းတွေလည်း ပေးဖူးတယ်
သစ္စာတွေလည်း ဆိုဖူးတယ်
အလွမ်းတွေပဲ ကျန်ရစ်တယ်.....
အဲဒါ အချစ်လားကွယ်.
***k-ko***
အလွမ်းသင့် သူ
အလွမ်းသင့် သူ
နွေအရောက် ပိတောက်တွေဝေ
မြောက်လေပြေညှင်း ဥသြတေးသီ
လွမ်းရာသီတွင် ခွဲခွာရပြီ
မွေးဌာနီ....
ရနံ့ ခရေ သင်းပျံ့ စေတဲ့ 
ရာသီတစ်ခု မိုးဥတုတွင်
မိုးပွင့် တွေကြား အလွမ်းသမား
ရေမြေခြားသို့  ရောက်နေပြီ.....
သဇင်ရနံ့  ထုံသင်းပျံ့ လို့ 
ခွာညိုနှင့် အတူ ဆောင်းနှင်းမြူများ
ပေါ်ထွက်လာမှ ဟေမာန်ဆောင်းဦး
ပြောင်းကူးလေတာ ကျွန်တော်သိပြီ....
ပိတောက်မှခရေ မိုးပွင့် ကြွေပြီး
ခွာညိုပိတောက် လည်ပြန်ရောက်လို့ 
တစ်နှစ်တစ်ရာသီ ပြောင်းခဲ့ ပါလည်း
မပြောင်းလဲတာက ဒီရင်ထဲမှ
အလွမ်းများသာ......
***k-ko***
နွေအရောက် ပိတောက်တွေဝေ
မြောက်လေပြေညှင်း ဥသြတေးသီ
လွမ်းရာသီတွင် ခွဲခွာရပြီ
မွေးဌာနီ....
ရနံ့ ခရေ သင်းပျံ့ စေတဲ့ 
ရာသီတစ်ခု မိုးဥတုတွင်
မိုးပွင့် တွေကြား အလွမ်းသမား
ရေမြေခြားသို့  ရောက်နေပြီ.....
သဇင်ရနံ့  ထုံသင်းပျံ့ လို့ 
ခွာညိုနှင့် အတူ ဆောင်းနှင်းမြူများ
ပေါ်ထွက်လာမှ ဟေမာန်ဆောင်းဦး
ပြောင်းကူးလေတာ ကျွန်တော်သိပြီ....
ပိတောက်မှခရေ မိုးပွင့် ကြွေပြီး
ခွာညိုပိတောက် လည်ပြန်ရောက်လို့ 
တစ်နှစ်တစ်ရာသီ ပြောင်းခဲ့ ပါလည်း
မပြောင်းလဲတာက ဒီရင်ထဲမှ
အလွမ်းများသာ......
***k-ko***
Tuesday 13 December 2011
ကောင်မလေး
ကောင်မလေး
တောက်ပရွှမ်းစို မျက်ဝန်းညိုမှ
အကြင်နာအကြည့်  ရင်မှာထိလည်း
သောကမျက်ဝန်း မင်းရင်စွန်းမှာ
စိုးထိတ်တာမို့  လည်ပြန်တစ်ခါ
ရောင်ကာငေးလို့  မကြည့် ရက်လေဘူး
ကောင်မလေးရယ်........
ဒွါနီမျှန်း သူ့ နှုတ်ခမ်းမှ
အကြင်နာအပြုံး မြင်သာဦးတော့ 
အဆင်သာမမုန်း ရင်နာအပြုံးနဲ့ 
တိုးတိတ်ကြေကွဲ မျက်ရည်ဝဲလည်း
မင်းအတွက်ဆိုရင် ပေးဆပ်နေမယ်
ကောင်မလေးရယ်........
ပန်းခင်းလမ်းပေါ် မင်းရောက်မယ်ဆို
နေမသာ လမထွက်
ကမ္ဘာပျက်ထဲ ကိုယ်နေရဲတယ်
ကံကြမ္မာရေစက် ဖန်လာဖက်လို့ 
သံသရာတစ်ကွေ့  ပြန်ကာတွေ့ ရင်
ပထမချစ်သူ ဒုတိယလူ
ငါဖြစ်လေမယ် ငါသိနေလည်း
မင်းအတွက်မို့  ကျေနပ်နေမယ်
ကောင်မလေးရယ်........
***k-ko****
တောက်ပရွှမ်းစို မျက်ဝန်းညိုမှ
အကြင်နာအကြည့်  ရင်မှာထိလည်း
သောကမျက်ဝန်း မင်းရင်စွန်းမှာ
စိုးထိတ်တာမို့  လည်ပြန်တစ်ခါ
ရောင်ကာငေးလို့  မကြည့် ရက်လေဘူး
ကောင်မလေးရယ်........
ဒွါနီမျှန်း သူ့ နှုတ်ခမ်းမှ
အကြင်နာအပြုံး မြင်သာဦးတော့ 
အဆင်သာမမုန်း ရင်နာအပြုံးနဲ့ 
တိုးတိတ်ကြေကွဲ မျက်ရည်ဝဲလည်း
မင်းအတွက်ဆိုရင် ပေးဆပ်နေမယ်
ကောင်မလေးရယ်........
ပန်းခင်းလမ်းပေါ် မင်းရောက်မယ်ဆို
နေမသာ လမထွက်
ကမ္ဘာပျက်ထဲ ကိုယ်နေရဲတယ်
ကံကြမ္မာရေစက် ဖန်လာဖက်လို့ 
သံသရာတစ်ကွေ့  ပြန်ကာတွေ့ ရင်
ပထမချစ်သူ ဒုတိယလူ
ငါဖြစ်လေမယ် ငါသိနေလည်း
မင်းအတွက်မို့  ကျေနပ်နေမယ်
ကောင်မလေးရယ်........
***k-ko****
Monday 5 December 2011
ရာဇဝင်တွေငါမသိဘူး
ရာဇဝင်တွေငါမသိဘူး......
ဒဿဂီရိလို အသဲမမာဘူး...
မင်းနန္ဒာလိုလည်း အဖြစ်မဆိုးဘူး......
ရိုမီယိုလို မချစ်တတ်ဘူး.....
အာဒဏ်လို အချစ်မကြီးပါဘူး....... ရုပ်ရှင်ထဲကလိုလည်း မစွန့် စားရဲပါဘူး.....
ဒါပေမဲ့ .............
ပုဂံခေတ်ကလို တိုင်တည်လို့ ဆန္ဒပြုတယ်....
ကိုယ့် ချစ်သူကို တင့် တောင်း တင့် တယ်ထားနိုင်တယ်ဆိုတဲ့ 
ကတိပါ.......................
Sunday 4 December 2011
ငယ်ပေါင်းအတွက်ဆန္ဒ
ငယ်ပေါင်းအတွက်ဆန္ဒ
လှတစ်ပွင့် ပန်း ကြွေလွင့် နွှမ်းမှ
ညတွေဖြစ်လာ ငါ့ ဘဝမှာ
အကြင်နာအကြည့်  ရင်မှာသိလည်း
ဆွေးပူဘဝင် ဘေးလူမမြင်ဖို့ 
ရင်မှာသိုဝှက် အနေခက်တယ်
ချစ်သူရယ်................
မျှော်လင့် တမ်းတ အလွမ်းသမားဘဝကို
ပြောမယုံကြုံမှသိပြီ ဒီဘဝ ခတ္တခွဲခွာရ.......
နှောင်းနှစ်လနှောင်း ဆုံစေကြောင်းဟု
ရည်မှန်းဆုခြွေ ချစ်သက်ဝေ...
သို့ စေခဏ ဝေးနေရပြီ
ဆောင်းလ၊မိုး၊နွေ ရာသီတွေက
ရွှေ့ ပြောင်းစွန့် ခွာ ကြာခဲ့ ပြီ.....
အလွမ်းသမားဘဝ တမ်းတသမျှကို
ဟေမန်ဆောင်းဦး မြူနှင်းလူးသော်
မအေးပြီ...........
မိုးပွင့် ခြွေလက် လွမ်းရက်ကြာရှည်
နွေအဝင်စ လွမ်းစမပြေ
တဝေဝေ...............
နွေမှမိုးဆောင်း ရာသီပြောင်းလည်း
ငယ်ပေါင်းမငြူစူ ဖြေတော်မူကြောင်း
ဆုခြွေတောင်းမိတယ်.............
ကဗျာပိုင်ရှင်-myo min theint
တင်ဆက်သူ--***k-ko****
လှတစ်ပွင့် ပန်း ကြွေလွင့် နွှမ်းမှ
ညတွေဖြစ်လာ ငါ့ ဘဝမှာ
အကြင်နာအကြည့်  ရင်မှာသိလည်း
ဆွေးပူဘဝင် ဘေးလူမမြင်ဖို့ 
ရင်မှာသိုဝှက် အနေခက်တယ်
ချစ်သူရယ်................
မျှော်လင့် တမ်းတ အလွမ်းသမားဘဝကို
ပြောမယုံကြုံမှသိပြီ ဒီဘဝ ခတ္တခွဲခွာရ.......
နှောင်းနှစ်လနှောင်း ဆုံစေကြောင်းဟု
ရည်မှန်းဆုခြွေ ချစ်သက်ဝေ...
သို့ စေခဏ ဝေးနေရပြီ
ဆောင်းလ၊မိုး၊နွေ ရာသီတွေက
ရွှေ့ ပြောင်းစွန့် ခွာ ကြာခဲ့ ပြီ.....
အလွမ်းသမားဘဝ တမ်းတသမျှကို
ဟေမန်ဆောင်းဦး မြူနှင်းလူးသော်
မအေးပြီ...........
မိုးပွင့် ခြွေလက် လွမ်းရက်ကြာရှည်
နွေအဝင်စ လွမ်းစမပြေ
တဝေဝေ...............
နွေမှမိုးဆောင်း ရာသီပြောင်းလည်း
ငယ်ပေါင်းမငြူစူ ဖြေတော်မူကြောင်း
ဆုခြွေတောင်းမိတယ်.............
ကဗျာပိုင်ရှင်-myo min theint
တင်ဆက်သူ--***k-ko****
Subscribe to:
Posts (Atom)