ငယ်ပေါင်းအတွက်ဆန္ဒ
လှတစ်ပွင့် ပန်း ကြွေလွင့် နွှမ်းမှ
ညတွေဖြစ်လာ ငါ့ ဘဝမှာ
အကြင်နာအကြည့်  ရင်မှာသိလည်း
ဆွေးပူဘဝင် ဘေးလူမမြင်ဖို့ 
ရင်မှာသိုဝှက် အနေခက်တယ်
ချစ်သူရယ်................
မျှော်လင့် တမ်းတ အလွမ်းသမားဘဝကို
ပြောမယုံကြုံမှသိပြီ ဒီဘဝ ခတ္တခွဲခွာရ.......
နှောင်းနှစ်လနှောင်း ဆုံစေကြောင်းဟု
ရည်မှန်းဆုခြွေ ချစ်သက်ဝေ...
သို့ စေခဏ ဝေးနေရပြီ
ဆောင်းလ၊မိုး၊နွေ ရာသီတွေက
ရွှေ့ ပြောင်းစွန့် ခွာ ကြာခဲ့ ပြီ.....
အလွမ်းသမားဘဝ တမ်းတသမျှကို
ဟေမန်ဆောင်းဦး မြူနှင်းလူးသော်
မအေးပြီ...........
မိုးပွင့် ခြွေလက် လွမ်းရက်ကြာရှည်
နွေအဝင်စ လွမ်းစမပြေ
တဝေဝေ...............
နွေမှမိုးဆောင်း ရာသီပြောင်းလည်း
ငယ်ပေါင်းမငြူစူ ဖြေတော်မူကြောင်း
ဆုခြွေတောင်းမိတယ်.............
ကဗျာပိုင်ရှင်-myo min theint
တင်ဆက်သူ--***k-ko****
No comments:
Post a Comment