Saturday 24 December 2011

အချစ်တဲ့လား

အချစ်တဲ့ လား
ရင်မှမေတ္တာ ချစ်သဒ္ဒါနဲ့ 
ချစ်ဗလာမဲ့  သူ့ နှလုံးသားကို
အနမ်းမိုးတွေ  ရွာဖူးတယ်.....
ရင်မှာအချစ်  အကြင်နာစစ်မို့ 
ဆယ်ကမ္ဘာအပြုံး  ဘယ်ခါမမုန်းဖို့ 
ရည်စူးသစ္စာ  ဆိုဖူးတယ်....
ရင်မှသစ္စာ   နှစ်တစ်ရာမို့ 
မေတ္တာဗလာမဲ့   သူ့ ရင်ခွင်ကို
အလွမ်းတွေလည်း  ဝေဖူးတယ်...
အနမ်းတွေလည်း  ပေးဖူးတယ်
သစ္စာတွေလည်း   ဆိုဖူးတယ်
အလွမ်းတွေပဲ  ကျန်ရစ်တယ်.....
အဲဒါ  အချစ်လားကွယ်.
                                           ***k-ko***

No comments:

Post a Comment