Saturday 24 December 2011
အလွမ်းသင့် သူ
အလွမ်းသင့် သူ
နွေအရောက်  ပိတောက်တွေဝေ
မြောက်လေပြေညှင်း   ဥသြတေးသီ
လွမ်းရာသီတွင်  ခွဲခွာရပြီ
မွေးဌာနီ....
ရာသီတစ်ခု  မိုးဥတုတွင်
မိုးပွင့် တွေကြား  အလွမ်းသမား
ရေမြေခြားသို့   ရောက်နေပြီ.....
ခွာညိုနှင့် အတူ  ဆောင်းနှင်းမြူများ
ပေါ်ထွက်လာမှ  ဟေမာန်ဆောင်းဦး
ပြောင်းကူးလေတာ  ကျွန်တော်သိပြီ....
ပိတောက်မှခရေ  မိုးပွင့် ကြွေပြီး
ခွာညိုပိတောက်  လည်ပြန်ရောက်လို့ 
တစ်နှစ်တစ်ရာသီ  ပြောင်းခဲ့ ပါလည်း
မပြောင်းလဲတာက  ဒီရင်ထဲမှ
အလွမ်းများသာ......
                                       ***k-ko***
No comments:
Post a Comment