ကောင်မလေး
တောက်ပရွှမ်းစို မျက်ဝန်းညိုမှ
အကြင်နာအကြည့်  ရင်မှာထိလည်း
သောကမျက်ဝန်း မင်းရင်စွန်းမှာ
စိုးထိတ်တာမို့  လည်ပြန်တစ်ခါ
ရောင်ကာငေးလို့  မကြည့် ရက်လေဘူး
ကောင်မလေးရယ်........
ဒွါနီမျှန်း သူ့ နှုတ်ခမ်းမှ
အကြင်နာအပြုံး မြင်သာဦးတော့ 
အဆင်သာမမုန်း ရင်နာအပြုံးနဲ့ 
တိုးတိတ်ကြေကွဲ မျက်ရည်ဝဲလည်း
မင်းအတွက်ဆိုရင် ပေးဆပ်နေမယ်
ကောင်မလေးရယ်........
ပန်းခင်းလမ်းပေါ် မင်းရောက်မယ်ဆို
နေမသာ လမထွက်
ကမ္ဘာပျက်ထဲ ကိုယ်နေရဲတယ်
ကံကြမ္မာရေစက် ဖန်လာဖက်လို့ 
သံသရာတစ်ကွေ့  ပြန်ကာတွေ့ ရင်
ပထမချစ်သူ ဒုတိယလူ
ငါဖြစ်လေမယ် ငါသိနေလည်း
မင်းအတွက်မို့  ကျေနပ်နေမယ်
ကောင်မလေးရယ်........
***k-ko****
No comments:
Post a Comment