Friday 14 March 2014

ကဝေပျို သို့ ----

ကဝေပျို သို့ ----

ငါပေးခဲ့ တဲ့  အချစ်တွေ
မလိုချင်တဲ့နင့်အတွက် အမုန်းဖြစ်ခဲ့ ပေမယ့်
နင်ပေးခဲ့ တဲ့  အမုန်းတွေဟာ
ငါ့အတွက် အချစ်တွေပါ -------

ငါပေးခဲ့ တဲ့  ကြင်နာခြင်းတွေ
မသာယာတဲ့နင့်အတွက် နာကြင်ခြင်းဖြစ်ခဲ့ ပေမယ့်
နင်ပေးခဲ့တဲ့ နာကြင်ခြင်းတွေဟာ
ငါ့ အတွက် ကြင်နာခြင်းတွေပါ-----

ငါပေးခဲ့တဲ့ ပျော်ရွှင်ခြင်းတွေ
မခုံမင်တဲ့နင့်အတွက် ကြေကွဲခြင်းဖြစ်ခဲ့ပေမယ့်
နင်ပေးခဲ့တဲ့ ကြေကွဲခြင်းတွေဟာ
ငါ့အတွက် ပျော်ရွှင်ခြင်းတွပါ----

အပြုံးနဲ့ မဟုတ်
အမုန်းနဲ့  ပြုစားတယ်
ကြင်နာခြင်းနဲ့  မဟုတ်
နာကြင်ခြင်းနဲ့  ကြိုဆိုတယ်
မာယာနဲ့  မဟုတ်
ရက်စက်ခြင်းတွေ နဲ့ ဖမ်းစားနိုင်ခဲ့တဲ့
ကဝေပျိုရေ
ဒီကမ္ဘာမှာအရက်စက်ဆုံးလူက နင်ဆိုရင်
ခံနိုင်ရည်ရှိဆုံးလူဟာ ငါဖြစ်ချင်လို့ ပါ
ပြန်လာခဲ့ပါ---

တစ်လောကလုံးရဲ့  အပြူံးတွေထက်
နင့်ရဲ့ အမုန်းကိုတွယ်တာလွန်းလို့ ပါ
ပြန်လာခဲ့ပါ-----

တစ်လောကလုံးရဲ့  နှစ်သိမ့်မှု့ တွေထက်
ရက်စက်ခံမျက်ဝန်းတွေနဲ့  နင့်မျက်နှာလေး
ငေးမောခွင့်ကို ငါခုံမင်လွန်းလို့ ပါ----
ပြန်လာခဲ့ပါ ကဝေပျို

ငါမငိုတတ်သလို နေပေမယ့် 
ငါ့ကဗျာတွေ ကြေကွဲလွန်းလို့ ပါ
ပြန်လာခဲ့ပါ ကဝေပျိုရယ်--------
ပြန်လာခဲ့ပါ---------။

***k-ko***

No comments:

Post a Comment