Sunday 9 March 2014

အတောင်ပံငယ်

``````တစ်ဖက်တည်းသော တောင်ပံတစ်စုံ````````

မာယာထိုထို ရွာမလိုလိုနဲ့ 

အကြင်နာမဲ့ညှင်း မိုးမာန်တင်းတော့ 

တောင်တန်းပြာတွေ ငိုခဲ့ တယ်....

ကြင်နာပိုပို ရင်မှာခိုမလို

တွယ်နှောင်ရစ်ငင် ဆောင်းသခင်ရယ်

တကယ်မကြင် တမင်ရက်စက်

နှင်းဖြု ဝတ်မှုံ လွှမ်းခြုံလာတော့ 

ချယ်ရီတွေလည်း ငိုခဲ့ တယ်....

ရင်မှအချစ် ကြင်နာစစ်ကို

ခွန်းခြွေမေတ္တာ သိသောခါဝယ်

ကြင်နာရည်စူး အချစ်ဦးမှာ

မကြင်နာလို ရင်မှာခိုဖို့ 

ငြင်ငြိုလေတော့ 

ဒီမောင်ရင်မှာ ငိုရတယ်...

ဝဿ လွန်မြောက် ဟေမာန်ရောက်တော့ 

တောင်းတန်းပြာတွေ ငိုတိတ်တယ်..

ဟေမာန်လွန်မြောက် ဂိန်မာန်ရောက်တော့ 

ချယ်ရီတွေလည်း ငိုတိတ်တယ်..

ရာသီ၊နာရီ ခါခါလီလည်း

မပြောင်းသံဇဉ် စည်းချက်ဝင်တဲ့ 

လွမ်းသံဇဉ်တွေ နှိပ်စက်နေလည်း

ဝိညဉ်ခန္ဒာ ပျောက်ဆုံးကာမှ

ဒီမောင်ရင်မှာ ငိုတိတ်မယ်.....။

***k-ko***

No comments:

Post a Comment