Thursday 31 May 2012

ပလိန်း အချစ်

ပလိန်းအချစ်
မေတ္တာတစ်ကြိုး သစ္စာမိုးလို့ 
ချစ်ကြိုးသီပြန် ချစ်သူထံကို
အကြင်နာတစ်ကြိုး ရင်မှာတိုးလို့ 
မေတ္တာ၊သစ္စာ၊အကြင်နာနှင့် 
သုံးလွန်းတင်တဲ့  သံယောဇဉ်............
ရင်ဝယ်တွယ်ယှက် တကယ်တက်မယ်
ရက်မှလပြောင်း နှစ်တွေညောင်းလည်း
ရွက်ဟောင်းမကြွေ ရွက်သစ်ဝေခဲ့ 
မေတ္တာနယ်ပယ် ချစ်သဒ္ဒါကြွယ်တဲ့ 
မောင့် ရင်ထဲက သစ္စာနွယ်....
ရင်ခွင်ကောင်းကင် မြေပြင်နှလုံးသား
အပြုံးများကာရံ အကြင်နာတွေပျိုး
မေတ္တာမိုးရွာ ချစ်ဥယျာဉ်မှာ
ပွင့် လာသစ်ဆန်း အချစ်ပန်းကို
ရွယ်စူးတွယ်တာ မောင့် မေတ္တာဖြင့် 
ပန်စေချစ်ဦး အနမ်းတွေဖူး......
                                        ***k-ko****



 

No comments:

Post a Comment