Tuesday 5 June 2012

စွဲလမ်းသူ လွမ်းစေ.........။

အချိန်တန်းလို့  နှုတ်ဆက်ပြီး

အိမ်ပြန်ဖို့  ရုတ်တရက်ပြင်ဆင်တဲ့ အခါမှာ

နှုတ်ခမ်းဖျားက အပြုံးများကာရန်ထားနိုင်ပေမယ့် 

နှလုံးသားက ကျန်ရစ်ခဲ့ ပြီလေ

အတူလျှောက်ခဲ့ ကြတဲ့  လမ်းကလေးထက်က

ကြယ်တွေရေတွက်ဖို့  အတူတူထိုင်ခဲ့ ကြတဲ့ 

ခုံတန်းလေးပေါ်မှာ

ဘာလို့ လည်းဆိုတော့  နှုတ်ဆက်နေတဲ့ မင်းမျက်ဝန်းတွေကို

ကြိုသိနေလို့ ပေါ့ ............

ရှည်ကြာတဲ့  လွမ်းရက်တွေနဲ့ 

ပေတစ်ရာ လမ်းထက်မှာ

နွေတစ်ရာ လွှမ်းလျှက်ရှိတဲ့ နှလုံးသားက

မရေရာလည်း လှမ်းတက်နေတာ

တကယ်တော့  ဝေဒနာကမ်းတစ်ဖက်ကိုရောက်နေပြီမို့ 

သေချာ စမ်းတွက်ကြည့် လိုက်ရင်

စွဲလမ်းသူ လွမ်းစေပေါ့ ...

No comments:

Post a Comment