Saturday 9 June 2012

ရင်ဝှက် လမင်း

အကြင်နာအငွေ့  ရင်မှာတွေ့ လည်း

မပြုံးအားပဲ ဦးစားနေရတယ်

ရင်ဝှက် လမင်းရေ...

အကြင်နာအကြည့်  ရင်မှာထိလို့ 

နှလုံးသားကအလိုရှိလည်း အရှုံးများကိုကြိုသိနေတယ်

ရင်ဝှက် လမင်းရေ....

အကြင်နာအပြုံး ရင်မှာဖုံးလည်း 

ဂုဏ်တံတိုင်းတွေခြားလို့  မုန်းတိုင်းတွေကြားကို

ကိုယ်တစ်ယောက်ထဲ  ပျံသန်းတော့ မယ်

ရင်ဝှက် လမင်းရေ...

အချစ်ကလွဲပြီး

အရာရာကို ကြိုတွက်လို့ ရလောက်အောင်ထိ

နုံချာတဲ့ ဘဝမို့   နှလုံးသားအားအရှုံးများထားလို့ 

အကြင်နာတွေနဲ့ အတူ ရင်မှာသိုဝှက်ထားလိုက်တော့ မယ်

ရင်ထဲက လမင်းငယ်လေးရေ...........။
                                                     ***k-ko***

No comments:

Post a Comment