Sunday 17 June 2012

နိုးကျိန်စာ

နိုးကျိန်စာ....

သက်ရှိအရာတွေကိုတန်ဖိုးမထားတတ်တဲ့  မင်း

တစ်ချိန်မှာ သက်မဲ့အရာတွေနဲ့  ရင်နင့် စွာစကားပြောရလိမ်မယ်......

စိတ်စိတ်နေခြင်းသည် ဝန်ခံခြင်းလို့ စွပ်စွဲတတ်တဲ့ မင်း

တစ်ချိန်မှာ မင်းအတွက်စိတ်စိတ်နေခြင်းကြေကွဲခြင်းဖြစ်လာလိမ်မယ်....

အသဲစားဘုရင်မလို့  ဟစ်ကြွေတတ်တဲ့ မင်း

ဟစ်ကြွေသံတွေတိတ်ဆိတ်တဲ့ တစ်နေ့ မှာ အသဲစားဘီလူးမလို့ ကမ္ပည်းကင်ပွန်းတပ်ကြလိမ်မယ်...

ရိုးသားပွင့်လင်းမူ့ ကိုငြီငွေ့ တတ်တဲ့ မင်း

တစ်ချိန်မှာ မာယာတောထဲမှာပျော်ရွှင်ရင်း လမ်းပျောက်သွားလိမ်မယ်....

ခူးယူလိုက်တဲ့ ပန်းတိုင်းဟာ လက်ထဲမှာပဲလို့ ပြောဆိုတတ်တဲ့ မင်း

တစ်ချိန်မှာ ပန်းရိုင်းတစ်ပွင့် ကိုရင်ဝယ်ပိုက်ထွေးမိလိမ်မယ်.....

ဒါတွေအားလုံးဟာ....မင်းအတွက်
ငါကျိန်စာရေးနေတာမဟုတ်သလို 
မိုးနတ်မင်းက အပြစ်ဒဏ်ချမှတ်လိုက်တာလည်းမဟုတ်ဘူး....
မင်းနားလည်ဖို့  စကားပုံတစ်ခုငါပြောပြမယ်
"ကိုယ်ပြုတဲ့ ကံ  ပဲ့ တင်သံ
ကိုယ့် ထံသက်ရောက်မည်"  တဲ့  ................။

No comments:

Post a Comment