Tuesday 15 December 2015

          စိုး လို့ ပါ

ပန်းတစ်ပွင့်တွေ့  ရင်ခုန်ပြီး
ဥယျာဉ်တစ်ခုလုံးကိုတောင် ထားရစ်တော့မှာလား?

ရောင်စုံမီးတစ်ပွင့်တွေ့   မက်မောပြီး
လမင်းကိုတောင်  မေ့ပြစ်တော့မှာလား?

ပကာဿနအတွေ့  ခဏပျော်ပြီး
ထာဝရနေ့ ကိုတောင်  မုန်းဖြစ်တော့မှာလား?

ဘဝဆိုတာ မှင်နဲ့ ရေးရတာမဟုတ်လို့ 
ငါ့ကို အက္ခရာတစ်လုံးအဖြစ်အသုံးပြုပါလို့ 
ကြည်ဖြူစွာ ပေးထားပါတယ်

ဒါပေမယ့် 
နင်ဟာ ဝေဟင်မှာ  လေဟုန်စီးတဲ့ စွန်ငယ်
ရစ်ဘီးကိုစွန့် လွှတ်ဖို့  ကြိုးစားသလိုဖြစ်မှာကိုတော့
စိုးလွန်းလို့ ပါ။

                                      thakhin
    

No comments:

Post a Comment