'''''''''အဝေးရောက်ရင်ခွင်'''''''''''''
ရော်ရွက်ဝါတွေ လေမှာဝဲတာ
ပျံသန်းတာမဟုတ်ဘူး လွင့် ပါးတာ...
တိမ်ဖြူလွှာတွေ ညို့ ရောင်သန်းတာ
မာယာများတာမဟုတ်ဘူး ငိုကြွေနေတာ...
ငွေဇင်ယော်တွေ လေဆန်တက်တာ
ပျော်မြူးနေတာမဟုတ်ဘူး ဘဝအတွက်ရုန်းကန်နေတာ...
ပြုံးပြလို့  လက်ပြခဲ့ တာ
နှုတ်ဆက်တာမဟုတ်ဘူး ပြန်ဆုံဖို့ ကတိပေးခဲ့ တာ...
နှုတ်ဆက်ခြင်းရဲ့ နောက်မှာ ဝေးကွာခြင်းဆိုတာရှိသလို
ဝေးကွာခြင်းရဲ့ နောက်မှာလည်း အဓိပ္ပါယ်တွေပြည့် နက်နေခဲ့ တာပဲလေ.....
***k-ko***
No comments:
Post a Comment