ဝေဖြာတင့် ရွှန်း အရှေ့ ကျွန်းမှ
နေမင်းသည်ပင် မမှီနိုင်ပဲ
ဘဝတက်လမ်း အလင်းတန်းကို
မကွေ့ စတမ်း ဖြောင့်ဖြောင့်လှမ်းဖို့ 
ခွန်အားပေးသော အဖေ့ ကိုလည်း
သားလွမ်းတယ်..................................။
အေးမြကြည်လင် စမ်းရေပင်လျှင်
မမှီနိုင်ပဲ
ချစ်ရနံ့ တွေ သင်းပျံ့ ဝေတဲ့ 
အမေ့ ရင်ခွင်လည်း သားလွမ်းတယ်...................။
ငယ်စဉ်ဘဝ ပညာရဖို့ 
ရှေ့ ရေးကြိုတွေး သင်ကာပေးသော
ဆရာများနှင့်  ကျောင်းတော်ကြီးလည်း
သားလွမ်းတယ်...................။
နှစ်စဉ်မပြတ် ရက်မြတ်ပူဇော်
နွဲပျော်ခဲ့ ဖူး သဒ္ဒါထူးကဲ
ဘုရားပွဲနှင့်  ရွာဦးကျောင်းလည်း
သားလွမ်းတယ်..............................။
ရှု့ မျှော်ချင်သေး ဘဝင်အေးစရာ
ညို့ မှောင်စိမ်းမြ သဘာဝနှင့် 
ငှက်ပေါင်းတေးသီ မြိုင်ယံဆီက
ကြာတောလေးနှင့်  ယာတဲလေးလည်း
သားလွမ်းတယ်...................။
ချင်းတွင်းမြစ်ဘေး ရွာကလေးမှ
ဇင်ရော်ငှက်ပျော် သဲသောင်ပေါ်တွင်
လွမ်းကြောင်းတေးသီ ချစ်သူဆီကို
မျှော်ရည်မှန်းဆ တမ်းတနေမယ့် 
ကောင်မလေးလည်း သားလွမ်းတယ်......................။
လွမ်းတယ်..လွမ်းတယ်..လွမ်းမပြယ်လည်း
မှန်းရည်ရွယ်ခဲ့  ဖေ၊မေတွက်နဲ့ 
ကောင်ကလေးရဲ့  အနာဂါတ်စခန်း
ဖြာဝေလန်းဖို့  ရေမြေခြားမှာ
ငါးနှစ်လောက်တော့  နေခဲ့ မယ်......................။။။။။။။။။။
***k-ko***
No comments:
Post a Comment