မမှီနိုင်ပန်း တုံးခုလှမ်းရင်
နွမ်းလျှမောဟိုက် ရင်တွင်းဗျာဆူ
ပူပင်သောက ကြုံရတတ်တယ် ...တဲ့ .......။
ချစ်သူ...
သည်မောင့်ဘဝ အညတြမို့ 
ငွေသော်တာယုန် လဖူးငုံနှင့် 
ဆုံရစေကြောင်း ဆုမွန်တောင်းလည်း
ပုံသွင်မတူ ဘဝဟူ၍
ဓနပိုင်းခြား ကံအားရက်စက်
လွဲမထွက်သာ ဝဲဂရက်မှာ
ဂုဏ်နိမ့် ဘဝ မြှ င့် တင်စမို့ 
ချစ်သူအလှပန်း မနွမ်းစေလိုပြီ........။
ဓနဂုဏ်ထည် အလှမကြွယ်လည်း
ထားခဲ့ မေတ္တာ လှသစ္စာမို့ 
ကြင်သူအလှနန်း တော်ဝင်ပန်းကို
သစ္စာအစဉ်ထားတဲ့  မေတ္တာရင်ခွင်ကြားမှာ
နွေးစေပါ့ မယ် ချစ်သူရယ်..............................။
***M-M-T****
No comments:
Post a Comment