အနာဂတ်ရဲ့  ပုံရိပ်လမင်း
ဖူးငုံနှင်းဆီ ချစ်ပန်းနီနှယ်
နှုတ်ခမ်းသွယ်လျှ ပြုံးပန်းလှမယ့်
မျက်ဝန်းထဲက ကျွန်တော့် ချစ်သူ...................
ကဗျာမျက်ဝန်း သစ္စာထွန်းလို့ 
မေတ္တာရှင်လေး အကြင်နာပေးမယ့် 
အတွေးထဲက ကျွန်တော့်ချစ်သူ.................
စံပယ်ပွင့် လေး ဖြူဖြူဖွေးနှယ်
မနောသွင်တူ သဒ္ဒါဖြူမယ့် 
ပါရမီရှင်လေး ကျွန်တော့် ချစ်သူ...................
သော်တာနဲ့ ဝေး ညကလေးမှာ
ကြယ်စင်မှေးစက် အမှောင်ရက်စက်လည်း
ကိုယ့် ရင်ကမ္ဘာ လင်းလက်လာမယ့် 
မီးအိမ်ရှင်လေး ကျွန်တော့် ချစ်သူ...............
ရနံ့ သင်းထုံ ပန်းမျိုးစုံနှင့် 
ကြုံဖူသော်ငြား နှလုံးသားက
ရင်မှမေတ္တာ စစ်မပါလို့ 
ဘယ်နွယ်ကိုမျှ မရစ်ပတ်ခဲ့ 
ဘယ်ပန်းကိုမှ မနမ်းရှိုက်ခဲ့ 
ဆိုသည့်သစ္စာ မှန်ကန်ပါ၏
ထို့ ကြောင့် ဒီရင် ဖူးစာရှင်နှင့် 
မြန်ဆုံစည်းစေ ပန်ဆုခြွေ၍
ဘယ်ခါမညိုး ပျိုးထားရင်မှာ
ပန်းမေတ္တာနှင့်  အကြင်နာပန်းခက်
သစ္စာလက်ဖြင့်  ကမ်းလင့် တော့ ကွယ်
ချစ်သူရယ်..........................။
*****k-ko****
No comments:
Post a Comment