Wednesday 24 April 2013

သီပါရစေတော့  ရင်ဝှက်တေး

@@@သီပါရစေတော့  ရင်ဝှက်တေး!!!!!!!!!

အုံဆိုင်းရှစ်ထန်  မိုးတိမ်ယံကြား
ကြင်နာမှေးစက်  သစ္စာဖက်တဲ့ 
သင်းကွဲငှက်ရဲ့   ရင်ခွင်လယ်မှာ
မှောင်ယံကြီးစိုး  မျက်ရည်မိုးလို့ 
ညှာတာပါတော့   လမင်းငယ်.......။

ရာသီ၊နာရီ   ခါခါလီလည်း
မပြောင်းသံ  ဆည်းချက်ဝင်တဲ့
သင်းကွဲငှက်ရဲ့   ရင်ခုန်သံတွေ
နာကြင်နေလို့ 
စာနာပါတော့   လမင်းငယ်..............။

စံပယ်ပွင်လေး  ဖြူဖြူဖွေးနှယ်
သန့် ရှင်စင်ကြယ်  ရင်ခွင်လယ်မှ
ဝှက်ထားကြင်နာ   သဲနှစ်မွှာရဲ့ 
မေတ္တာတေးသံ  ချစ်သူထံကို
နှစ်ကိုယ်တူရည်  ကာရံညီဖို့ 
သာပါတော့ ကွယ်  လမင်းငယ်................။။။။

                                    ***K-KO***

No comments:

Post a Comment