Sunday, 24 December 2017


15 November
သူ့ကိုယ်​သူ တန်​ဖိုးမထားတဲ့လူတစ်​​ယောက်​ကို
ကိုယ်​က သိပ်​တန်​ဖိုးထား​နေမိတဲ့အခါ
ပိုင်​ဆိုင်​​နေတဲ့အချိန်​​တွေ အရမ်းခါးသည်းတာပဲ
မပြတ်​သားတဲ့စိတ်​ဟာ ဒဏ်​ရာနဲ့အိပ်​စက်​ရမယ်​တဲ့
ရှိပါ​စေ​တော့
ဒဏ်​ရာ​တွေငါခုံမင်​တယ်​.....

Saturday, 20 August 2016

            ချိန်း ခဲ့ ည

ညခင်းမှာ  လမင်းသာပါရဲ့ 

လေပြေညှင်းရယ်  စံပယ်ရနံ့ သင်းပါတယ်

ချင်းတွင်း နဒီက     လွမ်းချင်းသီတဲ့ 

ငါ့ရင်မှာ ပူလောင်ခြင်းတွေစီးဆင်းခဲ့ 

တကယ်ဆို တမာသားကို

ချစ်စိတ်နဲ့ စား  ခါးမလား

ဒီတနွေ  အရင်လို
မိုးခေါင်ဦးမည် ထင်ပါသော်လည်း

ကျွမ်းကြေအသဲနဲ့   လွမ်းနေမြဲပါ......
                                                          ko ko
















‌                  

Tuesday, 15 December 2015

          စိုး လို့ ပါ

ပန်းတစ်ပွင့်တွေ့  ရင်ခုန်ပြီး
ဥယျာဉ်တစ်ခုလုံးကိုတောင် ထားရစ်တော့မှာလား?

ရောင်စုံမီးတစ်ပွင့်တွေ့   မက်မောပြီး
လမင်းကိုတောင်  မေ့ပြစ်တော့မှာလား?

ပကာဿနအတွေ့  ခဏပျော်ပြီး
ထာဝရနေ့ ကိုတောင်  မုန်းဖြစ်တော့မှာလား?

ဘဝဆိုတာ မှင်နဲ့ ရေးရတာမဟုတ်လို့ 
ငါ့ကို အက္ခရာတစ်လုံးအဖြစ်အသုံးပြုပါလို့ 
ကြည်ဖြူစွာ ပေးထားပါတယ်

ဒါပေမယ့် 
နင်ဟာ ဝေဟင်မှာ  လေဟုန်စီးတဲ့ စွန်ငယ်
ရစ်ဘီးကိုစွန့် လွှတ်ဖို့  ကြိုးစားသလိုဖြစ်မှာကိုတော့
စိုးလွန်းလို့ ပါ။

                                      thakhin