"ဘ"ခုံးအပေါင်း"ဝ"လုံး
ပြန်ချင်လို့ လည်း မပြန်နိုင်
လွမ်းရင်းငေးလို့ မှိုင်
တမ်းတမိတိုင်းမျက်ရည်ဝိုင်းလည်း
ဆိုရိုးစကား တစ်ခုကြားခဲ့ 
"ပျော်ရာမနေ တော်ရာနေ" တဲ့ .....
မတွေးချင်လည်း တွေမိပြန်
အတိတ် ရဲ့ ပစ္စုပ္ပန်
အတိတ်ဆီကပျော်စရာ ဒို့ တွက်မမေ့ ပါ
လည်ပြန်တွေးတိုင်း မျက်ရည်ဝိုင်းလည်း
ဆိုရိုးစကား တစ်ခုကြားခဲ့ 
"တစ်ရွားမပြောင်း သူကောင်းမဖြစ်" တဲ့ ....
အတိတ်ကိုတွေး ရင်ဝယ်ဆွေးမနေ
သက်ဆိုင်သူတွက် ရှေ့ ဆက်လှမ်းခဲ့ 
လျှောက်သည့် လမ်းမှာ ပေးဆပ်မှု့ များ
လွန်ပေါများလည်း
ဆိုရိုးစကား တစ်ခုကြားခဲ့ 
"ကိုယ့် ဘဝကို ကိုယ်နားလည်" တဲ့ ....
တမ်းတမှု့ များ..................
လွမ်းရမှု့ များ..................
ပေးဆပ်မှု့ များ............
ကွယ်ပျောက်စေရန်
ဒို့ တတွေ ခုခါ ကြိုးစားစို့ ......................
*****K-KO*****
မှတ်ချက်--ကျွန်တော်လိုပဲ မွေးရပ်မြေမှထွက်ခွာပြီး ရေမြေခြားတွင် အလုပ်လုပ်နေသော ရွှေမြန်မာများအတွက် ရေးသားထားသောကဗျာလေးဖြစ်ပါတယ်................
No comments:
Post a Comment