2 Photo Frames
Saturday, 31 December 2011
Sunday, 25 December 2011
Saturday, 24 December 2011
အချစ်တဲ့လား
အချစ်တဲ့ လား
ရင်မှမေတ္တာ ချစ်သဒ္ဒါနဲ့ 
ချစ်ဗလာမဲ့  သူ့ နှလုံးသားကို
အနမ်းမိုးတွေ ရွာဖူးတယ်.....
ရင်မှာအချစ် အကြင်နာစစ်မို့ 
ဆယ်ကမ္ဘာအပြုံး ဘယ်ခါမမုန်းဖို့ 
ရည်စူးသစ္စာ ဆိုဖူးတယ်....
ရင်မှသစ္စာ နှစ်တစ်ရာမို့ 
မေတ္တာဗလာမဲ့  သူ့ ရင်ခွင်ကို
အလွမ်းတွေလည်း ဝေဖူးတယ်...
အနမ်းတွေလည်း ပေးဖူးတယ်
သစ္စာတွေလည်း ဆိုဖူးတယ်
အလွမ်းတွေပဲ ကျန်ရစ်တယ်.....
အဲဒါ အချစ်လားကွယ်.
***k-ko***
ရင်မှမေတ္တာ ချစ်သဒ္ဒါနဲ့ 
ချစ်ဗလာမဲ့  သူ့ နှလုံးသားကို
အနမ်းမိုးတွေ ရွာဖူးတယ်.....
ရင်မှာအချစ် အကြင်နာစစ်မို့ 
ဆယ်ကမ္ဘာအပြုံး ဘယ်ခါမမုန်းဖို့ 
ရည်စူးသစ္စာ ဆိုဖူးတယ်....
ရင်မှသစ္စာ နှစ်တစ်ရာမို့ 
မေတ္တာဗလာမဲ့  သူ့ ရင်ခွင်ကို
အလွမ်းတွေလည်း ဝေဖူးတယ်...
အနမ်းတွေလည်း ပေးဖူးတယ်
သစ္စာတွေလည်း ဆိုဖူးတယ်
အလွမ်းတွေပဲ ကျန်ရစ်တယ်.....
အဲဒါ အချစ်လားကွယ်.
***k-ko***
အလွမ်းသင့် သူ
အလွမ်းသင့် သူ
နွေအရောက် ပိတောက်တွေဝေ
မြောက်လေပြေညှင်း ဥသြတေးသီ
လွမ်းရာသီတွင် ခွဲခွာရပြီ
မွေးဌာနီ....
ရနံ့ ခရေ သင်းပျံ့ စေတဲ့ 
ရာသီတစ်ခု မိုးဥတုတွင်
မိုးပွင့် တွေကြား အလွမ်းသမား
ရေမြေခြားသို့  ရောက်နေပြီ.....
သဇင်ရနံ့  ထုံသင်းပျံ့ လို့ 
ခွာညိုနှင့် အတူ ဆောင်းနှင်းမြူများ
ပေါ်ထွက်လာမှ ဟေမာန်ဆောင်းဦး
ပြောင်းကူးလေတာ ကျွန်တော်သိပြီ....
ပိတောက်မှခရေ မိုးပွင့် ကြွေပြီး
ခွာညိုပိတောက် လည်ပြန်ရောက်လို့ 
တစ်နှစ်တစ်ရာသီ ပြောင်းခဲ့ ပါလည်း
မပြောင်းလဲတာက ဒီရင်ထဲမှ
အလွမ်းများသာ......
***k-ko***
နွေအရောက် ပိတောက်တွေဝေ
မြောက်လေပြေညှင်း ဥသြတေးသီ
လွမ်းရာသီတွင် ခွဲခွာရပြီ
မွေးဌာနီ....
ရနံ့ ခရေ သင်းပျံ့ စေတဲ့ 
ရာသီတစ်ခု မိုးဥတုတွင်
မိုးပွင့် တွေကြား အလွမ်းသမား
ရေမြေခြားသို့  ရောက်နေပြီ.....
သဇင်ရနံ့  ထုံသင်းပျံ့ လို့ 
ခွာညိုနှင့် အတူ ဆောင်းနှင်းမြူများ
ပေါ်ထွက်လာမှ ဟေမာန်ဆောင်းဦး
ပြောင်းကူးလေတာ ကျွန်တော်သိပြီ....
ပိတောက်မှခရေ မိုးပွင့် ကြွေပြီး
ခွာညိုပိတောက် လည်ပြန်ရောက်လို့ 
တစ်နှစ်တစ်ရာသီ ပြောင်းခဲ့ ပါလည်း
မပြောင်းလဲတာက ဒီရင်ထဲမှ
အလွမ်းများသာ......
***k-ko***
Tuesday, 13 December 2011
ကောင်မလေး
ကောင်မလေး
တောက်ပရွှမ်းစို မျက်ဝန်းညိုမှ
အကြင်နာအကြည့်  ရင်မှာထိလည်း
သောကမျက်ဝန်း မင်းရင်စွန်းမှာ
စိုးထိတ်တာမို့  လည်ပြန်တစ်ခါ
ရောင်ကာငေးလို့  မကြည့် ရက်လေဘူး
ကောင်မလေးရယ်........
ဒွါနီမျှန်း သူ့ နှုတ်ခမ်းမှ
အကြင်နာအပြုံး မြင်သာဦးတော့ 
အဆင်သာမမုန်း ရင်နာအပြုံးနဲ့ 
တိုးတိတ်ကြေကွဲ မျက်ရည်ဝဲလည်း
မင်းအတွက်ဆိုရင် ပေးဆပ်နေမယ်
ကောင်မလေးရယ်........
ပန်းခင်းလမ်းပေါ် မင်းရောက်မယ်ဆို
နေမသာ လမထွက်
ကမ္ဘာပျက်ထဲ ကိုယ်နေရဲတယ်
ကံကြမ္မာရေစက် ဖန်လာဖက်လို့ 
သံသရာတစ်ကွေ့  ပြန်ကာတွေ့ ရင်
ပထမချစ်သူ ဒုတိယလူ
ငါဖြစ်လေမယ် ငါသိနေလည်း
မင်းအတွက်မို့  ကျေနပ်နေမယ်
ကောင်မလေးရယ်........
***k-ko****
တောက်ပရွှမ်းစို မျက်ဝန်းညိုမှ
အကြင်နာအကြည့်  ရင်မှာထိလည်း
သောကမျက်ဝန်း မင်းရင်စွန်းမှာ
စိုးထိတ်တာမို့  လည်ပြန်တစ်ခါ
ရောင်ကာငေးလို့  မကြည့် ရက်လေဘူး
ကောင်မလေးရယ်........
ဒွါနီမျှန်း သူ့ နှုတ်ခမ်းမှ
အကြင်နာအပြုံး မြင်သာဦးတော့ 
အဆင်သာမမုန်း ရင်နာအပြုံးနဲ့ 
တိုးတိတ်ကြေကွဲ မျက်ရည်ဝဲလည်း
မင်းအတွက်ဆိုရင် ပေးဆပ်နေမယ်
ကောင်မလေးရယ်........
ပန်းခင်းလမ်းပေါ် မင်းရောက်မယ်ဆို
နေမသာ လမထွက်
ကမ္ဘာပျက်ထဲ ကိုယ်နေရဲတယ်
ကံကြမ္မာရေစက် ဖန်လာဖက်လို့ 
သံသရာတစ်ကွေ့  ပြန်ကာတွေ့ ရင်
ပထမချစ်သူ ဒုတိယလူ
ငါဖြစ်လေမယ် ငါသိနေလည်း
မင်းအတွက်မို့  ကျေနပ်နေမယ်
ကောင်မလေးရယ်........
***k-ko****
Monday, 5 December 2011
ရာဇဝင်တွေငါမသိဘူး
ရာဇဝင်တွေငါမသိဘူး......
ဒဿဂီရိလို အသဲမမာဘူး...
မင်းနန္ဒာလိုလည်း အဖြစ်မဆိုးဘူး......
ရိုမီယိုလို မချစ်တတ်ဘူး.....
အာဒဏ်လို အချစ်မကြီးပါဘူး....... ရုပ်ရှင်ထဲကလိုလည်း မစွန့် စားရဲပါဘူး.....
ဒါပေမဲ့ .............
ပုဂံခေတ်ကလို တိုင်တည်လို့ ဆန္ဒပြုတယ်....
ကိုယ့် ချစ်သူကို တင့် တောင်း တင့် တယ်ထားနိုင်တယ်ဆိုတဲ့ 
ကတိပါ.......................
Sunday, 4 December 2011
ငယ်ပေါင်းအတွက်ဆန္ဒ
ငယ်ပေါင်းအတွက်ဆန္ဒ
လှတစ်ပွင့် ပန်း ကြွေလွင့် နွှမ်းမှ
ညတွေဖြစ်လာ ငါ့ ဘဝမှာ
အကြင်နာအကြည့်  ရင်မှာသိလည်း
ဆွေးပူဘဝင် ဘေးလူမမြင်ဖို့ 
ရင်မှာသိုဝှက် အနေခက်တယ်
ချစ်သူရယ်................
မျှော်လင့် တမ်းတ အလွမ်းသမားဘဝကို
ပြောမယုံကြုံမှသိပြီ ဒီဘဝ ခတ္တခွဲခွာရ.......
နှောင်းနှစ်လနှောင်း ဆုံစေကြောင်းဟု
ရည်မှန်းဆုခြွေ ချစ်သက်ဝေ...
သို့ စေခဏ ဝေးနေရပြီ
ဆောင်းလ၊မိုး၊နွေ ရာသီတွေက
ရွှေ့ ပြောင်းစွန့် ခွာ ကြာခဲ့ ပြီ.....
အလွမ်းသမားဘဝ တမ်းတသမျှကို
ဟေမန်ဆောင်းဦး မြူနှင်းလူးသော်
မအေးပြီ...........
မိုးပွင့် ခြွေလက် လွမ်းရက်ကြာရှည်
နွေအဝင်စ လွမ်းစမပြေ
တဝေဝေ...............
နွေမှမိုးဆောင်း ရာသီပြောင်းလည်း
ငယ်ပေါင်းမငြူစူ ဖြေတော်မူကြောင်း
ဆုခြွေတောင်းမိတယ်.............
ကဗျာပိုင်ရှင်-myo min theint
တင်ဆက်သူ--***k-ko****
လှတစ်ပွင့် ပန်း ကြွေလွင့် နွှမ်းမှ
ညတွေဖြစ်လာ ငါ့ ဘဝမှာ
အကြင်နာအကြည့်  ရင်မှာသိလည်း
ဆွေးပူဘဝင် ဘေးလူမမြင်ဖို့ 
ရင်မှာသိုဝှက် အနေခက်တယ်
ချစ်သူရယ်................
မျှော်လင့် တမ်းတ အလွမ်းသမားဘဝကို
ပြောမယုံကြုံမှသိပြီ ဒီဘဝ ခတ္တခွဲခွာရ.......
နှောင်းနှစ်လနှောင်း ဆုံစေကြောင်းဟု
ရည်မှန်းဆုခြွေ ချစ်သက်ဝေ...
သို့ စေခဏ ဝေးနေရပြီ
ဆောင်းလ၊မိုး၊နွေ ရာသီတွေက
ရွှေ့ ပြောင်းစွန့် ခွာ ကြာခဲ့ ပြီ.....
အလွမ်းသမားဘဝ တမ်းတသမျှကို
ဟေမန်ဆောင်းဦး မြူနှင်းလူးသော်
မအေးပြီ...........
မိုးပွင့် ခြွေလက် လွမ်းရက်ကြာရှည်
နွေအဝင်စ လွမ်းစမပြေ
တဝေဝေ...............
နွေမှမိုးဆောင်း ရာသီပြောင်းလည်း
ငယ်ပေါင်းမငြူစူ ဖြေတော်မူကြောင်း
ဆုခြွေတောင်းမိတယ်.............
ကဗျာပိုင်ရှင်-myo min theint
တင်ဆက်သူ--***k-ko****
Wednesday, 23 November 2011
Tuesday, 22 November 2011
တစ်ခါက
တစ်ခါက
'က'ကြီး 'ခ'ခွေး ဝိုင်းအောင်ရေးဖို့ 
လေးငါးနှစ်အရွယ် လွယ်အိပ်လွယ်ကာ
ကျောင်းတော်ကြီးတွင် စတင်တက်ခဲ့ ....
သံသရာရေစက် ဖန်လာဖက်လို့ 
ပန်းတို့ ပွင့် ရာ ကျောင်းတော်သာမှာ
သူနဲ့ ကျွန်တော် ဆုံဆည်းခဲ့ ....
ဆုံဆည်းခဲ့ ရာ ကျောင်းတော်သာမှာ
သူငယ်ချင်းများစွာ ရှိခဲ့ပါလည်း
အများနှင့် မတူ ခြားခဲ့ သူက
ကျွန်တော့်ရဲ့  အကြင်နာသူ့ ပေါ်မှာ
ထိုစဉ်ကတော့ ငါးရာနှစ်ဆယ်ရှစ်....
ဒီလိုနဲ့ ပဲ ဆောင်း၊နွေ၊မိုးတွေ
ရာသီစက်ဝန်း လည်ပတ်ယွန်းလို့ 
ကျွန်တော့် နှလုံးသား ခံစားတတ်လာ
ငါးရာနှစ်ဆယ်ရှစ် ထိုမေတ္တာကို
လွန်းထပ်တင်ကာ ထောင်ငါးရာသို့ 
စတင်လှမ်းခဲ့  သူနဲ့ ကျွန်တော်.....
ဒီလိုဒီပုံ ချစ်မျိုးစုံဖြင့် 
လွမ်းစရာမဲ့  အနမ်းကမ္ဘာထဲကို
လှမ်းလာခဲ့ ပြီး ခုများတော့ လည်း
ချစ်ခွန်းဖွဲ့ သီ သူ့ နှုတ်ခမ်းဆီမှ
စိမ်းကားစကားလုံး သူသုံးနှုန်းကာ
ချစ်နယ်နှင်ဒဏ် သူပေးပြန်တယ်
အနမ်းတွေဝေး အလွမ်းတွေပေးလည်း
အပြုံးဆက်ပြိုင်ဖူး မမုန်းရက်နိုင်ဘူး
တစ်ခါက ချစ်သူရယ်................
***k-ko***
'က'ကြီး 'ခ'ခွေး ဝိုင်းအောင်ရေးဖို့ 
လေးငါးနှစ်အရွယ် လွယ်အိပ်လွယ်ကာ
ကျောင်းတော်ကြီးတွင် စတင်တက်ခဲ့ ....
သံသရာရေစက် ဖန်လာဖက်လို့ 
ပန်းတို့ ပွင့် ရာ ကျောင်းတော်သာမှာ
သူနဲ့ ကျွန်တော် ဆုံဆည်းခဲ့ ....
ဆုံဆည်းခဲ့ ရာ ကျောင်းတော်သာမှာ
သူငယ်ချင်းများစွာ ရှိခဲ့ပါလည်း
အများနှင့် မတူ ခြားခဲ့ သူက
ကျွန်တော့်ရဲ့  အကြင်နာသူ့ ပေါ်မှာ
ထိုစဉ်ကတော့ ငါးရာနှစ်ဆယ်ရှစ်....
ဒီလိုနဲ့ ပဲ ဆောင်း၊နွေ၊မိုးတွေ
ရာသီစက်ဝန်း လည်ပတ်ယွန်းလို့ 
ကျွန်တော့် နှလုံးသား ခံစားတတ်လာ
ငါးရာနှစ်ဆယ်ရှစ် ထိုမေတ္တာကို
လွန်းထပ်တင်ကာ ထောင်ငါးရာသို့ 
စတင်လှမ်းခဲ့  သူနဲ့ ကျွန်တော်.....
ဒီလိုဒီပုံ ချစ်မျိုးစုံဖြင့် 
လွမ်းစရာမဲ့  အနမ်းကမ္ဘာထဲကို
လှမ်းလာခဲ့ ပြီး ခုများတော့ လည်း
ချစ်ခွန်းဖွဲ့ သီ သူ့ နှုတ်ခမ်းဆီမှ
စိမ်းကားစကားလုံး သူသုံးနှုန်းကာ
ချစ်နယ်နှင်ဒဏ် သူပေးပြန်တယ်
အနမ်းတွေဝေး အလွမ်းတွေပေးလည်း
အပြုံးဆက်ပြိုင်ဖူး မမုန်းရက်နိုင်ဘူး
တစ်ခါက ချစ်သူရယ်................
***k-ko***
Thursday, 17 November 2011
Chit Thu Yet Pone Pyin ချစ်သူရဲ့ပုံပြင် - A နွန်
ပုံပြင်ဆိုတော့ လည်း ပုံပြင်အတိုင်းပဲကျန်ရစ်ခဲ့တာပေါ့............
Monday, 14 November 2011
တိုးတက်ဝေဖြာ ရွှေဝယာ
ရွာအဝင် ခရေတန်း
တမာတန်းနဲ့  မန်ကျီးထန်းတော
ရွာလမ်းကျော အမောပြေတယ်
သူငယ်ချင်း...
သူငယ်ချင်း !
ယခုတော့ လေ မဏိစည်သူ၊ တည်ထားလှူတဲ့ 
ထုံးဖြူဖွေးလတ် စေတီမြတ်ကို
လုံးတော်ပြည့် ရွှေ ကပ်နိုင်ပြီ။
သူငယ်ချင်း!
နှစ်ရာကျော်လျှင် ဗောဓိပင်လည်း
ယခင်ရှေးက ချုံနွယ်ခ၍
မဝင့် မထည် မတင့် တယ်ခဲ့ 
ခုနယ်အခါ အုတ်ကာအုတ်ခင်း
ရှင်းလင်းသပ်ရပ် ဝန်းပတ်ရံကာ
ပဏာတင့် လွမ်း ရောင်ဝါဖြန်းလျှက်
စိမ်းစိမ်းစိုစို မြင်ရပြီ။
သူငယ်ချင်း!
သမိုင်းတင့်ဆန်း ငါဆူတန်းလည်း
ယခင်ရှေက အုတ်ပုံဘဝနဲ့ 
လူနင်းနွားနင်း ချုံနွယ်ယှက်ခဲ့ 
ယခုအခါ ရောင်ဖြာယှက်သန်း
ရွှေသင်္ကန်းနှင့်  ဝန်းလျှက်သပ်ပါယ်လှလေပြီ။
သူငယ်ချင်း!
ဒီနေရာလေး မှတ်မိသေးလား
ယခင်ရှးက ချုံနွယ်ခ၍
တို့ ရွာမြောက်ဘက် စေတီပျက်တို့ 
အုတ်ပုံသာသာ ရှိခဲ့ပါလည်း
ယခုအခါ
နန်းဦးဖောင်တော် မည်ကျော်သာစွ
စေတီလှ၌ ပဋ္ဌာန်းရွတ်ပွဲ
ဆင်နွဲကျင့်ပ ပူဇမင်္ဂလာ
အစဉ်လာလည်း နှစ်ပေါင်းနှစ်ဆယ်ပြည့် လေပြီ။
သူငယ်ချင်း!
ငါတို့ တတွေ
ပညာရည်နို့  သောက်စို့ ပျော်ရာ
ကပ်မိုးကပ်ကာ ကျောင်တော်သာလည်း
ခုခါမှာလေ
ဝင့်ထည်စုပေါင်း အားသစ်လောင်းလို့ 
နှစ်ထပ်ကျောင်းကြီးဖြစ်ခဲ့ပြီ။
သူငယ်ချင်း!
ရွာလယ်မှာလေ
ဒို့ ရွာလူများ စုပေါင်းအားနှင့် 
လာဘ်ကြီးတစ်ပါး ဆိုရငြားသည့်
ကျမ္မားရေးတွက် အားထုတ်ရွက်လို့ 
ကျေးလက်ဆေးခန်း ဖွင့်ထားပြီ။
သြော်...သူငယ်ချင်း!
တစ်မြို့ တစ်ရွာ မင်းနေပါလည်း
ဒီရွာမွေးဖွား ဒီရွာကြီးပြင်း
မကွာကင်းလို့  ငါလည်းမင်းဆီ
မင်းလည်းဒီရွာ လွမ်းနေမှာကို
တပ်အပ်သေချာ သိပါတယ်။
သူငယ်ချင်း!
မတွေ့ ရတာ နှစ်များကြာပေါ့ ။
ဒို့ ချက်မြှုပ်ရာ ဝရာရွာ၏
တိုးတက်သာယာ ဝေဖြာတင့်စုံ
ဖြစ်ထွန်းပုံကို
အာရုံလွမ်းပြေ မင်းသိစေဖို့ 
ကဗျာရေးလို့  ပို့ လိုက်တယ်။
တခါလေးတော့  လာလည်ကွယ်
လက်ကမ်းကြိုဖို့  မျှော်နေမယ်။......
ချစ်သဲ(ဝယာ)
မျတ်ချက်---ကျွန်တော်တို့ ရွာအကြောင်းကိုရေးထားသောကဗျာလေးဖြစ်ပါတယ် ကျွန်တော်နှစ်သက်လို့ ပြန်လည်တင်ပြခြင်းဖြစ်ပ်တယ်။
****k-ko******
သိပ်ချစ်လို့ ပါ
သိပ်ချစ်လို့ ပါ
နှလုံးသား နယ်တစ်ခွင်
အပြုံးများ ပြယ်စင်လို့ 
အမုန်းတရား တကယ်ဝင်လည်း
အရှုံးသမားလို့  ကိုယ်မထင်
အပြုံးများစွာဖြင့်  ဆက်ချစ်မယ်........
ကဗျာမမှီတဲ့  အကြင်နာတွေကို
စာချီကာ ပြောမပြတတ်တော့ 
အသာတကြည် ပြေးထွက်သွားလည်း
မနာကြင်ပါ ဒီရင်ထဲ
ပြန်လာမယ်ဆို ကြိုနေမြဲ............
ဝေးလွင့် ကာ သွားပြီမို့ 
ဆွေးရင်းသာ မျက်ရည်စို့ 
ချစ်နေခြည်မှာ အပြစ်တွေစီလို့ 
အပြုံးမဝင်တဲ့  အမုန်းပင်အောက်မှာ
ရှုံးချင်လည်း ရှုံးပါစေ
နှလုံးသားက ကြည်ဖြူမြဲ
အမုန်းတရားကြောင့်  ဒီလူအသဲ
နွေရက်တွေသာ ဖြတ်သန်းရင်း
ကြွေမျက်ရည်သာ မရပ်တမ်းဆင်း
ခပ်လှမ်းလှမ်းက မင်းကို
မပြတ်တမ်း လွမ်းရလွန်းလို့ 
စာနာအတွေးနဲ့  ချစ်သူရယ်
ပြန်လာမှေးစက် မောင့်ရင်ဝယ်
သိပ်ချစ်လို့ ပါ ချစ်သူရယ်.............
***k-ko***
***k-ko***
Sunday, 13 November 2011
Thursday, 10 November 2011
Wednesday, 2 November 2011
ငွေဆိုတာ လူတိုင်းခင်တွယ်မက်မောတာမို့ ကျွန်တော်သူ့ ကိုငွေမက်တဲ့  မိန်းမလို့ မပြောချင်ပေမယ့် .....
တကယ်တမ်းတော့ သူဟာ .သမုဒ္ဒရာကိုမမြင်ဖူး နွားခြေရာခွက်ထဲကဖားသူငယ်လိုပါပဲ....
သမုဒ္ဒရာထဲက ရေကိုမမြင်ဖူးတော့  သူ့ နွားခြေရာခွက်ထဲကရေကို
များပြားကြယ်ဝန်းလှပြီထင်ပြီး အော်ဟစ်မြည်ကြွေးနေလိုက်တာ..........
အဲဒီလိုပါပဲ သမုဒ္ဒရာလိုအရမ်းကျယ်ဝန်းပြီးနာလည်မှု့ တွေအပြည့် ရှိနေတဲ့ ....
အကြင်နာကမ္ဘာကြီးထဲကိုမလျှောက် ဖူးသေးပဲနဲ့ ..
နွားခြေရာခွက်မျှလောက်သာ ပမာနရှိတဲ့ ..............
ငွေ..ဆိုတဲ့ အရာအောက်မှာ ပျော်မြူးဖို့ ကြိုးစားနေတဲ့ ..............
သူ့ ..ကိုမြင်ရတော့  ကျွန်တော် အရမ်း........သနားမိတယ်ဗျာ..............
တကယ်တမ်းတော့ သူဟာ .သမုဒ္ဒရာကိုမမြင်ဖူး နွားခြေရာခွက်ထဲကဖားသူငယ်လိုပါပဲ....
သမုဒ္ဒရာထဲက ရေကိုမမြင်ဖူးတော့  သူ့ နွားခြေရာခွက်ထဲကရေကို
များပြားကြယ်ဝန်းလှပြီထင်ပြီး အော်ဟစ်မြည်ကြွေးနေလိုက်တာ..........
အဲဒီလိုပါပဲ သမုဒ္ဒရာလိုအရမ်းကျယ်ဝန်းပြီးနာလည်မှု့ တွေအပြည့် ရှိနေတဲ့ ....
အကြင်နာကမ္ဘာကြီးထဲကိုမလျှောက် ဖူးသေးပဲနဲ့ ..
နွားခြေရာခွက်မျှလောက်သာ ပမာနရှိတဲ့ ..............
ငွေ..ဆိုတဲ့ အရာအောက်မှာ ပျော်မြူးဖို့ ကြိုးစားနေတဲ့ ..............
သူ့ ..ကိုမြင်ရတော့  ကျွန်တော် အရမ်း........သနားမိတယ်ဗျာ..............
****K-KO****
Saturday, 29 October 2011
ပြောရမှာတော့ ခပ်ရှက်ရှက်ပဲ....
"အမုန်း" မရလေသူကို မချစ်ဘူး..........
"အချစ်" မရလေသူကို မမုန်းဘူး.........
သြော်....ငါဘဝ......
လိုတာမရ ရတာမလိုဖြစ်နေပါလား.............
တမ်းတတိုင်းလည်း သူရှောင်ပြေး..........
လွမ်းရတိုင်းလည်း သူမစာနာ......
"အကြင်နာဆိုတာ အလျှားအနံမရှိပေမယ့် "
"အသွားအပြန်ရှိတယ်" တဲ့ ........
"တစ်နေ့ တစ်လှန် ပုဂံဘယ်မရွေ့ "ဆိုပေမယ့် 
ကျွန်တော့် တွက်တော့  သူဟာပုဂံမဖြစ်ခဲ့ ပါဘူး..............
ရက်စက်လိုက်တာလို့  ပြောရအောင်လည်း
အရင်ခတဲက သူကျွန်တော့် ကိုမချစ်ခဲ့ ...........
စိမ်ကားလိုက်တာလို့ ပြောရအောင်လည်း
သူနဲ့ ကျွန်တော်နဲ့  ဘာမှန်းမပတ်သက်ခဲ့ .............
နေနိုင်လိုက်တာ ကိုယ်ကချစ်ရလေသူရယ်....................
*** k-ko**
"အချစ်" မရလေသူကို မမုန်းဘူး.........
သြော်....ငါဘဝ......
လိုတာမရ ရတာမလိုဖြစ်နေပါလား.............
တမ်းတတိုင်းလည်း သူရှောင်ပြေး..........
လွမ်းရတိုင်းလည်း သူမစာနာ......
"အကြင်နာဆိုတာ အလျှားအနံမရှိပေမယ့် "
"အသွားအပြန်ရှိတယ်" တဲ့ ........
"တစ်နေ့ တစ်လှန် ပုဂံဘယ်မရွေ့ "ဆိုပေမယ့် 
ကျွန်တော့် တွက်တော့  သူဟာပုဂံမဖြစ်ခဲ့ ပါဘူး..............
ရက်စက်လိုက်တာလို့  ပြောရအောင်လည်း
အရင်ခတဲက သူကျွန်တော့် ကိုမချစ်ခဲ့ ...........
စိမ်ကားလိုက်တာလို့ ပြောရအောင်လည်း
သူနဲ့ ကျွန်တော်နဲ့  ဘာမှန်းမပတ်သက်ခဲ့ .............
နေနိုင်လိုက်တာ ကိုယ်ကချစ်ရလေသူရယ်....................
*** k-ko**
Friday, 28 October 2011
ဇာတိမြေသို့ တမ်းချင်း
တနိုင်းခတွင် အစနှင်ရ်ျ
သံလ္လာမြစ်မင်း ရစ်ဖြာဆင်း၏
မြစ်မင်းထက်ရှေ့  ကုန်းမွှေ့ မွှေ့ ဝယ်
ညို့ မှောင်စိမ်းမြ သဘာဝနှင့် 
ဖွံ့ ဖြိုးဝေဆာ ရွှေဝယာ...............
မွေးရပ်ဌာနေ ဇာတိမြေနှင့် 
အနေကွာဝေး ပြည်ရွာရေးမို့ 
အဆွေးကာရံ ရှာရပြန်ပြီ
ငိုသံပါသော ကျွန်တော်ကဗျာ............
****k-ko*****
မှတ်ချက်.........မလေးတွင် ကျွန်တော်နှင့် အတူတူအလုပ်လုပ်နေသော အစ်ကိုတစ်ယောက်မှရေးသားပေးသောကဗျာလေးဖြစ်ပါသည်။
တနိုင်းခတွင် အစနှင်ရ်ျ
သံလ္လာမြစ်မင်း ရစ်ဖြာဆင်း၏
မြစ်မင်းထက်ရှေ့  ကုန်းမွှေ့ မွှေ့ ဝယ်
ညို့ မှောင်စိမ်းမြ သဘာဝနှင့် 
ဖွံ့ ဖြိုးဝေဆာ ရွှေဝယာ...............
မွေးရပ်ဌာနေ ဇာတိမြေနှင့် 
အနေကွာဝေး ပြည်ရွာရေးမို့ 
အဆွေးကာရံ ရှာရပြန်ပြီ
ငိုသံပါသော ကျွန်တော်ကဗျာ............
****k-ko*****
မှတ်ချက်.........မလေးတွင် ကျွန်တော်နှင့် အတူတူအလုပ်လုပ်နေသော အစ်ကိုတစ်ယောက်မှရေးသားပေးသောကဗျာလေးဖြစ်ပါသည်။
Wednesday, 26 October 2011
"ဘ"ခုံးအပေါင်း"ဝ"လုံး
"ဘ"ခုံးအပေါင်း"ဝ"လုံး
ပြန်ချင်လို့ လည်း မပြန်နိုင်
လွမ်းရင်းငေးလို့ မှိုင်
တမ်းတမိတိုင်းမျက်ရည်ဝိုင်းလည်း
ဆိုရိုးစကား တစ်ခုကြားခဲ့ 
"ပျော်ရာမနေ တော်ရာနေ" တဲ့ .....
မတွေးချင်လည်း တွေမိပြန်
အတိတ် ရဲ့ ပစ္စုပ္ပန်
အတိတ်ဆီကပျော်စရာ ဒို့ တွက်မမေ့ ပါ
လည်ပြန်တွေးတိုင်း မျက်ရည်ဝိုင်းလည်း
ဆိုရိုးစကား တစ်ခုကြားခဲ့ 
"တစ်ရွားမပြောင်း သူကောင်းမဖြစ်" တဲ့ ....
အတိတ်ကိုတွေး ရင်ဝယ်ဆွေးမနေ
သက်ဆိုင်သူတွက် ရှေ့ ဆက်လှမ်းခဲ့ 
လျှောက်သည့် လမ်းမှာ ပေးဆပ်မှု့ များ
လွန်ပေါများလည်း
ဆိုရိုးစကား တစ်ခုကြားခဲ့ 
"ကိုယ့် ဘဝကို ကိုယ်နားလည်" တဲ့ ....
တမ်းတမှု့ များ..................
လွမ်းရမှု့ များ..................
ပေးဆပ်မှု့ များ............
ကွယ်ပျောက်စေရန်
ဒို့ တတွေ ခုခါ ကြိုးစားစို့ ......................
*****K-KO*****
မှတ်ချက်--ကျွန်တော်လိုပဲ မွေးရပ်မြေမှထွက်ခွာပြီး ရေမြေခြားတွင် အလုပ်လုပ်နေသော ရွှေမြန်မာများအတွက် ရေးသားထားသောကဗျာလေးဖြစ်ပါတယ်................
ပြန်ချင်လို့ လည်း မပြန်နိုင်
လွမ်းရင်းငေးလို့ မှိုင်
တမ်းတမိတိုင်းမျက်ရည်ဝိုင်းလည်း
ဆိုရိုးစကား တစ်ခုကြားခဲ့ 
"ပျော်ရာမနေ တော်ရာနေ" တဲ့ .....
မတွေးချင်လည်း တွေမိပြန်
အတိတ် ရဲ့ ပစ္စုပ္ပန်
အတိတ်ဆီကပျော်စရာ ဒို့ တွက်မမေ့ ပါ
လည်ပြန်တွေးတိုင်း မျက်ရည်ဝိုင်းလည်း
ဆိုရိုးစကား တစ်ခုကြားခဲ့ 
"တစ်ရွားမပြောင်း သူကောင်းမဖြစ်" တဲ့ ....
အတိတ်ကိုတွေး ရင်ဝယ်ဆွေးမနေ
သက်ဆိုင်သူတွက် ရှေ့ ဆက်လှမ်းခဲ့ 
လျှောက်သည့် လမ်းမှာ ပေးဆပ်မှု့ များ
လွန်ပေါများလည်း
ဆိုရိုးစကား တစ်ခုကြားခဲ့ 
"ကိုယ့် ဘဝကို ကိုယ်နားလည်" တဲ့ ....
တမ်းတမှု့ များ..................
လွမ်းရမှု့ များ..................
ပေးဆပ်မှု့ များ............
ကွယ်ပျောက်စေရန်
ဒို့ တတွေ ခုခါ ကြိုးစားစို့ ......................
*****K-KO*****
မှတ်ချက်--ကျွန်တော်လိုပဲ မွေးရပ်မြေမှထွက်ခွာပြီး ရေမြေခြားတွင် အလုပ်လုပ်နေသော ရွှေမြန်မာများအတွက် ရေးသားထားသောကဗျာလေးဖြစ်ပါတယ်................
Tuesday, 25 October 2011
ဒို့ ကျေးရွာ
ဒို့ ကျေးရွာ
မြစ်ချင်းတွင်း အရှေ့ ဘက်
တည်ရှိတဲ့  ဒို့ ကျေးရွာ
ရှု့ လေတိုင်း တောညို့ မှိုင်းနှင့် လယ်ကွင်းပြင်
ရွာမြောက်ဘက်တွင်
ခရေတန်းနှင့်  လွမ်းမပြယ်
ရွာဦးကျောင်းဝယ်
ကျင့် ပခဲ့ ပွဲသဘင် နှစ်စဉ်ရှိခဲ့ 
ဥသြကြို တာသင်္ကြန် ရောက်ပြန်ရင်လည်း
လွမ်းအားပိုအောင် ပျော်စရာကောင်းတာမို့ 
ဝေးခဲ့ သူမောင့် ခဗျာမှာ
***K-KO*****
မြစ်ချင်းတွင်း အရှေ့ ဘက်
တည်ရှိတဲ့  ဒို့ ကျေးရွာ
ရှု့ လေတိုင်း တောညို့ မှိုင်းနှင့် လယ်ကွင်းပြင်
ရွာမြောက်ဘက်တွင်
ခရေတန်းနှင့်  လွမ်းမပြယ်
ရွာဦးကျောင်းဝယ်
ကျင့် ပခဲ့ ပွဲသဘင် နှစ်စဉ်ရှိခဲ့ 
ဥသြကြို တာသင်္ကြန် ရောက်ပြန်ရင်လည်း
နွေးထွေးတဲ့  ဒို့ ကျေးရွာ
မြို့ ပမာ မခမ်းနားပေမယ့် လွမ်းအားပိုအောင် ပျော်စရာကောင်းတာမို့ 
ဝေးခဲ့ သူမောင့် ခဗျာမှာ
သဲကညှာနှင့်  ဒို့ ရွာကို
လွမ်းလှပေါ့ လေး..။***K-KO*****
- မှတ်ချက်-- မလေးရှားမှ ရွာကိုလွမ်းလို့ ရေးထားသော ကဗျာလေးဖြစ်ပါတယ်...။
ချစ်သူကျိန်စာ
ဖြစ်ချင် ဖြစ်သင့် 
ဖြစ် နှစ်ဖြစ်ကြား
"သင့် " ဘက်ပါသွား
ငါ့ နှလုံးသားကို
မြေစာမြက်သဖွယ်
မသိမ်ငယ်ပေမယ့် 
နေလှောင်ပန်းနှယ်
ငိုရှိုက်စေကြောင်း မင်းဆုတောင်းသလား
ချစ်သူရယ်.............။
*****k-ko****
ဖြစ် နှစ်ဖြစ်ကြား
"သင့် " ဘက်ပါသွား
ငါ့ နှလုံးသားကို
မြေစာမြက်သဖွယ်
မသိမ်ငယ်ပေမယ့် 
နေလှောင်ပန်းနှယ်
ငိုရှိုက်စေကြောင်း မင်းဆုတောင်းသလား
ချစ်သူရယ်.............။
*****k-ko****
Subscribe to:
Comments (Atom)









