အနာဂတ်ရဲ့  ပုံရိပ်လမင်း
ဖူးငုံနှင်းဆီ ချစ်ပန်းနီနှယ်
နှုတ်ခမ်းသွယ်လျှ ပြုံးပန်းလှမယ့်
မျက်ဝန်းထဲက ကျွန်တော့် ချစ်သူ...................
ကဗျာမျက်ဝန်း သစ္စာထွန်းလို့ 
မေတ္တာရှင်လေး အကြင်နာပေးမယ့် 
အတွေးထဲက ကျွန်တော့်ချစ်သူ.................
စံပယ်ပွင့် လေး ဖြူဖြူဖွေးနှယ်
မနောသွင်တူ သဒ္ဒါဖြူမယ့် 
ပါရမီရှင်လေး ကျွန်တော့် ချစ်သူ...................
သော်တာနဲ့ ဝေး ညကလေးမှာ
ကြယ်စင်မှေးစက် အမှောင်ရက်စက်လည်း
ကိုယ့် ရင်ကမ္ဘာ လင်းလက်လာမယ့် 
မီးအိမ်ရှင်လေး ကျွန်တော့် ချစ်သူ...............
ရနံ့ သင်းထုံ ပန်းမျိုးစုံနှင့် 
ကြုံဖူသော်ငြား နှလုံးသားက
ရင်မှမေတ္တာ စစ်မပါလို့ 
ဘယ်နွယ်ကိုမျှ မရစ်ပတ်ခဲ့ 
ဘယ်ပန်းကိုမှ မနမ်းရှိုက်ခဲ့ 
ဆိုသည့်သစ္စာ မှန်ကန်ပါ၏
ထို့ ကြောင့် ဒီရင် ဖူးစာရှင်နှင့် 
မြန်ဆုံစည်းစေ ပန်ဆုခြွေ၍
ဘယ်ခါမညိုး ပျိုးထားရင်မှာ
ပန်းမေတ္တာနှင့်  အကြင်နာပန်းခက်
သစ္စာလက်ဖြင့်  ကမ်းလင့် တော့ ကွယ်
ချစ်သူရယ်..........................။
*****k-ko****
Sunday, 30 December 2012
Monday, 24 December 2012
တော်ဝင် သစ္စာ
တော်ဝင် သစ္စာ
မမှီနိုင်ပန်း တုံးခုလှမ်းရင်
နွမ်းလျှမောဟိုက် ရင်တွင်းဗျာဆူ
ပူပင်သောက ကြုံရတတ်တယ် ...တဲ့ .......။
ချစ်သူ...
သည်မောင့်ဘဝ အညတြမို့ 
ငွေသော်တာယုန် လဖူးငုံနှင့် 
ဆုံရစေကြောင်း ဆုမွန်တောင်းလည်း
ပုံသွင်မတူ ဘဝဟူ၍
ဓနပိုင်းခြား ကံအားရက်စက်
လွဲမထွက်သာ ဝဲဂရက်မှာ
ဂုဏ်နိမ့် ဘဝ မြှ င့် တင်စမို့ 
ချစ်သူအလှပန်း မနွမ်းစေလိုပြီ........။
ဓနဂုဏ်ထည် အလှမကြွယ်လည်း
ထားခဲ့ မေတ္တာ လှသစ္စာမို့ 
ကြင်သူအလှနန်း တော်ဝင်ပန်းကို
သစ္စာအစဉ်ထားတဲ့  မေတ္တာရင်ခွင်ကြားမှာ
နွေးစေပါ့ မယ် ချစ်သူရယ်..............................။
***M-M-T****
မမှီနိုင်ပန်း တုံးခုလှမ်းရင်
နွမ်းလျှမောဟိုက် ရင်တွင်းဗျာဆူ
ပူပင်သောက ကြုံရတတ်တယ် ...တဲ့ .......။
ချစ်သူ...
သည်မောင့်ဘဝ အညတြမို့ 
ငွေသော်တာယုန် လဖူးငုံနှင့် 
ဆုံရစေကြောင်း ဆုမွန်တောင်းလည်း
ပုံသွင်မတူ ဘဝဟူ၍
ဓနပိုင်းခြား ကံအားရက်စက်
လွဲမထွက်သာ ဝဲဂရက်မှာ
ဂုဏ်နိမ့် ဘဝ မြှ င့် တင်စမို့ 
ချစ်သူအလှပန်း မနွမ်းစေလိုပြီ........။
ဓနဂုဏ်ထည် အလှမကြွယ်လည်း
ထားခဲ့ မေတ္တာ လှသစ္စာမို့ 
ကြင်သူအလှနန်း တော်ဝင်ပန်းကို
သစ္စာအစဉ်ထားတဲ့  မေတ္တာရင်ခွင်ကြားမှာ
နွေးစေပါ့ မယ် ချစ်သူရယ်..............................။
***M-M-T****
Thursday, 20 December 2012
............မြန်နိုးခြင်းရဲ့ နောက်ကွယ်...........
အရမ်းမြတ်နိုးတန်ဖိုးထားမိတဲ့  ပန်းလေးတစ်ပွင့် ကို
မလွမ်းစေချင်လို့ 
ချစ်တတ်အောင်သင်မပေးခဲ့ တာ............
မတမ်းတစေချင်လို့ 
စွဲလမ်းအောင်ပြောမပြခဲ့ တာ................
မတွေဝေစေချင်လို့ 
မျက်ဝန်းတွေ တည်ငြိမ်ပြခဲ့ တာ....................
မရုးသွပ်စေချင်လို့ 
စကားလုံးတွေနဲ့  မချည်နှောင်ခဲ့ တာ....................
အကြင်နာတောင်ပံတစ်စုံကို သံယောဇဉ်ကြိုးနဲ့ မရစ်ပတ်ခဲ့ တာ
ငါးရာနှစ်ဆယ်ရှစ်နယ်ပယ်မှာ လွတ်လပ်စွာပျံသန်းစေချင်လို့ 
ထောင်ငါးရာနယ်မှာ လေလွင့် ဖို့ မဟုတ်ခဲ့ ပါဘူး...................
မနမ်းဖူးတဲ့  နှုတ်ခမ်းပါကိုလွမ်းရင်း
မပြောဖြစ်ခဲ့ တဲ့  စကားလုံးတွေအတွက်
အချိန်တစ်ခုရဲ့ နောက်ကွယ်မှာ နောင်တတွေကနင်းချေလို့ 
ယဲ့ ယဲ့ ကျန်တဲ့ နှလုံးသားတစ်ခုနဲ့ ငါက
မဆိုဖူးတဲ့ သစ္စာတွေ နင်ရင်ထဲမှာရှိနေသေးရင်ဆိုတဲ့  အတွေးတစ်ခုက
ကြယ်ကြွေညတွေကို မျှော်လင့် နေမိတယ်............။
***k-ko****Monday, 17 December 2012
သူသိပါကွယ်
သူသိပါကွယ်
***M-M-T*** ***M-M-T***
ချစ်လျှက်ဝေးကွာ တစ်ပြေတစ်ရွာမို့ 
လွမ်းနေခဲ့ ရ တို့ နှစ်ဦးဘဝမှာ
နှစ်လတွေပြောင်း ညထောင်သောင်းဆက်
လွမ်းအားရက်မှာ နှစ်ကိုယ်တူညီမျှ
လွမ်းခဲ့ ရပြီ............။
အလွမ်းနှိပ်စက် အစဉ်ရက်စက်လည်း
ရင်မှာပွင့်လန်း အကြင်နာပန်းမို့ 
သစ္စာခိုင်မြဲ မေတ္တာဇွဲနဲ့ 
နှစ်ကိုယ်တူညီမျှ ချစ်ခဲ့ ကြပေါ့ ..............။
တစ်နေ့ ချိန်ခါ.....................
ရာသီစက်ဝန်း နှစ်လယွန်းလို့ 
လွမ်းသူ့ စိတ်ထံ မောင်ပြန်လာပေါ့ 
အလွမ်းကြမ္မာ ခန်းချိန်ခါမို့ 
နှစ်ကိုယ်တူဘဝ ပြန်ဆုံကြရင်
တစ်ဦးစိတ်နောက် တစ်ယောက်နွမ်းခွေ မဖြစ်လေအောင်
ရီဝေအကြည့်  မေမကြည့် နဲ့ 
မချိအပြုံး မောင်မသုံးဘူး
အချစ်ဆုံးနားလည်ပါတယ်နော်.............။***M-M-T*** ***M-M-T***
Friday, 14 December 2012
ပြန်တွေးလည်းလွမ်းမျှော်လည်းလွမ်း
ဝေဖြာတင့် ရွှန်း အရှေ့ ကျွန်းမှ
နေမင်းသည်ပင် မမှီနိုင်ပဲ
ဘဝတက်လမ်း အလင်းတန်းကို
မကွေ့ စတမ်း ဖြောင့်ဖြောင့်လှမ်းဖို့ 
ခွန်အားပေးသော အဖေ့ ကိုလည်း
သားလွမ်းတယ်..................................။
အေးမြကြည်လင် စမ်းရေပင်လျှင်
မမှီနိုင်ပဲ
ချစ်ရနံ့ တွေ သင်းပျံ့ ဝေတဲ့ 
အမေ့ ရင်ခွင်လည်း သားလွမ်းတယ်...................။
ငယ်စဉ်ဘဝ ပညာရဖို့ 
ရှေ့ ရေးကြိုတွေး သင်ကာပေးသော
ဆရာများနှင့်  ကျောင်းတော်ကြီးလည်း
သားလွမ်းတယ်...................။
နှစ်စဉ်မပြတ် ရက်မြတ်ပူဇော်
နွဲပျော်ခဲ့ ဖူး သဒ္ဒါထူးကဲ
ဘုရားပွဲနှင့်  ရွာဦးကျောင်းလည်း
သားလွမ်းတယ်..............................။
ရှု့ မျှော်ချင်သေး ဘဝင်အေးစရာ
ညို့ မှောင်စိမ်းမြ သဘာဝနှင့် 
ငှက်ပေါင်းတေးသီ မြိုင်ယံဆီက
ကြာတောလေးနှင့်  ယာတဲလေးလည်း
သားလွမ်းတယ်...................။
ချင်းတွင်းမြစ်ဘေး ရွာကလေးမှ
ဇင်ရော်ငှက်ပျော် သဲသောင်ပေါ်တွင်
လွမ်းကြောင်းတေးသီ ချစ်သူဆီကို
မျှော်ရည်မှန်းဆ တမ်းတနေမယ့် 
ကောင်မလေးလည်း သားလွမ်းတယ်......................။
လွမ်းတယ်..လွမ်းတယ်..လွမ်းမပြယ်လည်း
မှန်းရည်ရွယ်ခဲ့  ဖေ၊မေတွက်နဲ့ 
ကောင်ကလေးရဲ့  အနာဂါတ်စခန်း
ဖြာဝေလန်းဖို့  ရေမြေခြားမှာ
ငါးနှစ်လောက်တော့  နေခဲ့ မယ်......................။။။။။။။။။။
***k-ko***
Wednesday, 5 December 2012
မာယာမဲ့ အနမ်း
::::::::မာယာမဲ့ အနမ်း;;;;;;;;;;;;;
ချစ်သူ.......
မင်းသိပ်တော်တယ်....
အချစ်ကိုကျောခိုင်းထားတဲ့  ငါ့ နှလုံးသားက
အချစ်နဲ့  မျက်နှာချင်းဆိုင်ဖြစ်အောင်
မင်းဆွဲလှည့်နိုင်ခဲ့ တယ်......................။
မင်းရဲ့ အလှ ချိုမြတဲ့ မာယာစကားတွေနဲ့ 
ငါ့ နှလုံးသားကို ယစ်မူးစေခဲ့ တယ်
ငါ့ ဆီက ယုယတဲ့ ကြင်နာမူ့ နဲ့ 
နွေးထွေးနုညံ့တဲ့ 
အနမ်းတွေကိုသိမ်းပိုက်ပြီး
ငါ့ နှလုံးသားကို ကျောခိုင်းပြေးထွက်သွားတယ်.....................။
မင်းပိုပြီးကျေနပ်နိုင်အောင် ငါပြောလိုက်ပါရစေ
ငါ့ ဆီက မင်းနှစ်သက်မြတ်နိုးခဲ့ တဲ့ 
ယုယမှူ့ နဲ့  အနမ်းပွင့် တွေမှာတော့ 
မာယာတွေမပါခဲ့ ဘူးဆိုတာ
မင်းသိစေချင်တယ်..........................................။။။။။။။။။။
****M.M.T****
ချစ်သူ.......
မင်းသိပ်တော်တယ်....
အချစ်ကိုကျောခိုင်းထားတဲ့  ငါ့ နှလုံးသားက
အချစ်နဲ့  မျက်နှာချင်းဆိုင်ဖြစ်အောင်
မင်းဆွဲလှည့်နိုင်ခဲ့ တယ်......................။
မင်းရဲ့ အလှ ချိုမြတဲ့ မာယာစကားတွေနဲ့ 
ငါ့ နှလုံးသားကို ယစ်မူးစေခဲ့ တယ်
ငါ့ ဆီက ယုယတဲ့ ကြင်နာမူ့ နဲ့ 
နွေးထွေးနုညံ့တဲ့ 
အနမ်းတွေကိုသိမ်းပိုက်ပြီး
ငါ့ နှလုံးသားကို ကျောခိုင်းပြေးထွက်သွားတယ်.....................။
မင်းပိုပြီးကျေနပ်နိုင်အောင် ငါပြောလိုက်ပါရစေ
ငါ့ ဆီက မင်းနှစ်သက်မြတ်နိုးခဲ့ တဲ့ 
ယုယမှူ့ နဲ့  အနမ်းပွင့် တွေမှာတော့ 
မာယာတွေမပါခဲ့ ဘူးဆိုတာ
မင်းသိစေချင်တယ်..........................................။။။။။။။။။။
****M.M.T****
ခေတ်သစ်နတ်ရှင်နောင်
@@@@@ခေတ်သစ်နတ်ရှင်နောင်@@@@@@@
မေတ္တာချည်နှောင် သစ္စာဘောင်ခတ်
အကြင်နာဓာတ်နဲ့  ချစ်ခဲ့ သော်ငြား
သစ္စာမမြင် မာယာရှင်က
မကြင်နာ တမင်ခွာတိမ်းတယ်
စိမ်း...ရက်စက်....စိမ်း..............။။။။။။။။။။။။။
*****M.M.T*****
မေတ္တာချည်နှောင် သစ္စာဘောင်ခတ်
အကြင်နာဓာတ်နဲ့  ချစ်ခဲ့ သော်ငြား
သစ္စာမမြင် မာယာရှင်က
မကြင်နာ တမင်ခွာတိမ်းတယ်
စိမ်း...ရက်စက်....စိမ်း..............။။။။။။။။။။။။။
*****M.M.T*****
Monday, 3 December 2012
ဒို့ ကျေးရွာ
မြစ်ချင်းတွင်း အရှေ့ ဘက်
တည်ရှိတဲ့  ဒို့ ကျေးရွာ
ရှု့ လေတိုင်း တောညို့ မှိုင်းနှင့် လယ်ကွင်းပြင်
ရွာမြောက်ဘက်တွင်
ခရေတန်းနှင့်  လွမ်းမပြယ်
ရွာဦးကျောင်းဝယ်
ကျင့် ပခဲ့ ပွဲသဘင် နှစ်စဉ်ရှိခဲ့ 
ဥသြကြို တာသင်္ကြန်
ရောက်ပြန် ရင်လည်း
နွေးထွေးတဲ့  ဒို့ ကျေးရွာ
မြို့ ပမာ မခမ်းနားပေမယ့် 
လွမ်းအားပိုအောင် ပျော်စရာကောင်းတာမို့ 
ဝေးခဲ့ သူမောင့် ခဗျာမှာ
သဲကညှာနှင့်  ဒို့ ရွာကို
လွမ်းလှပေါ့ လေး..။ ***K-KO****
မှတ်ချက်--မလေးရှားမှ ရွာကိုလွမ်းလို့ ရေးသောကဗျာလေးဖြစ်ပါသည်။
ငါလည်းမမှားဘူး
@@@@ငါလည်းမမှာဘူး@@@@@@@
ရေမရှိတဲ့  ကန်
နေမရှိတဲ့  ကမ္ဘာ
နင်မရှိတဲ့  ငါ
ဘယ်ဘာသာနဲ့ ပြန်ပြန် အဓိပ္ပါယ်မရှိနိုင်ပါဘူး.....................။
လမရှိတဲ့  ည
မြမရှိတဲ့  စိန်
နင်မရှိတဲ့  အချိန်
ဘယ်မှော်ဆရာ အသက်သွင်းသွင်း
အသက်မဝင်နိုင်ပါဘူး....................................။
နွေမရှိတဲ့  ဂန္တာ
လှေမရှိတဲ့  တံငါ
ငွေမရှိတဲ့  ငါ့ ကို
ဖန်ဆင်းရှင်မဟုတ်တဲ့ နင် ပါရမီမဖြည့် ချင်တာ
နင်မမှားပါဘူး.....................................................။။။။။။။။။။။။။
****k-ko****
Saturday, 24 November 2012
နွေသခင်
!!!!!!!!နွေသခင်!!!!!!!
သခင်က မကြင်မှတော့ 
မြင်သမျှလည်း မစိမ်းလန်း
ကိန်းဂဏန်းတွေ လက်ရေချိုး
ရက်တွေတိုးလည်း လိုရင်းမရ
မျက်ရည်မိုးထဲ ထီးမခိုခဲ့ သူ.....
သခင်က အဝေးမှာပျော်
မျှော်နေသူ ဆွေးဘဝင်မချိ
နွေသခင်ရယ် ကိုယ့် ရင်ထိပြီး
နေ့ ရာကျော်လို့  ဒီရင်လွမ်းမပြယ်
နွမ်းနယ်လည်း စိတ်အစဉ်က
အတိတ်ရင်ခွင်ကို မတမ်းတ
အလွမ်းတွေနဲ့  ပန်ဆုခြွေ
သခင်လျှောက်မယ့် လမ်း ပန်းခင်းစေ.........
သခင့် အဖော်နဲ့  မပျော်
ကြည်နူးမူ့  အစဉ်ပျက်သုန်း
သူမုန်းလို့  စွန့် ခဲ့ ရင်
မငိုပါနဲ့  မောင့် သခင်ရယ်
နှောင်းရင်ခွင်ဟာ မင်းအတွက်
အနီးဆုံးလူပါ......
***k-ko****
သခင်က မကြင်မှတော့ 
မြင်သမျှလည်း မစိမ်းလန်း
ကိန်းဂဏန်းတွေ လက်ရေချိုး
ရက်တွေတိုးလည်း လိုရင်းမရ
မျက်ရည်မိုးထဲ ထီးမခိုခဲ့ သူ.....
သခင်က အဝေးမှာပျော်
မျှော်နေသူ ဆွေးဘဝင်မချိ
နွေသခင်ရယ် ကိုယ့် ရင်ထိပြီး
နေ့ ရာကျော်လို့  ဒီရင်လွမ်းမပြယ်
နွမ်းနယ်လည်း စိတ်အစဉ်က
အတိတ်ရင်ခွင်ကို မတမ်းတ
အလွမ်းတွေနဲ့  ပန်ဆုခြွေ
သခင်လျှောက်မယ့် လမ်း ပန်းခင်းစေ.........
သခင့် အဖော်နဲ့  မပျော်
ကြည်နူးမူ့  အစဉ်ပျက်သုန်း
သူမုန်းလို့  စွန့် ခဲ့ ရင်
မငိုပါနဲ့  မောင့် သခင်ရယ်
နှောင်းရင်ခွင်ဟာ မင်းအတွက်
အနီးဆုံးလူပါ......
***k-ko****
Tuesday, 30 October 2012
သိစေချင်တယ်ညီမငယ်
******သိစေချင်တယ်ညီမငယ်******
ပွင့် ဆဲပန်းတိုင်း လန်းစေချင်ပေမယ်.
ပွင့် သောပန်းတိုင်း မမွှေးတတ်သလို
လှသောပန်းတိုင်းလည်း မယဉ်နိုင်ဘူး......
ညီမငယ်........
မေတ္တာပေးပြီး သာယာစေချင်ပေမယ့် 
အချစ်တိုင်း မအေးမြသလို
အကြင်နာတိုင်းလည်း မနွေးထွေးနိုင်ဘူး
ညီမငယ်......
နှလုံးသားတိုင်း အချစ်ရှိတယ်ဆိုပေမယ့် 
ခမ်းနားတိုင်း မတင့် တယ်သလို
ကြီးကျယ်တိုင်းလည်း မမြင့် မြတ်နိုင်ဘူး
ညီမငယ်......
ပန်းကလေးမို့  ရနံ့ သင်းတယ်ဆိုပေမယ့် 
နမ်းရှိုက်ပြီးသား ပန်းကို မမက်မောတတ်ကြသလို
သုံးစွဲပြီးသားအရာတိုင်းကိုလည်း စွန့် ပြစ်ဖို့ ဝန်မလေးကြဘူး
ညီမငယ်......
ပန်းတစ်ပွင့် ရနံ့ ဆင့် လာပြီဆိုရင်
ကမ်းလင့် တဲ့  လက်တွေကြား
အဆိပ်လူးထားတဲ့  မာယာလက်ဖျားလှလှလေးတွေရှိနေတတ်တယ်
ခွဲခြားလို့  မြင်နိုင်ပါစေ...
ကိုယ့် ရင်ထဲက ညီမငယ်လေးရေ....
*****k-ko******
ပွင့် ဆဲပန်းတိုင်း လန်းစေချင်ပေမယ်.
ပွင့် သောပန်းတိုင်း မမွှေးတတ်သလို
လှသောပန်းတိုင်းလည်း မယဉ်နိုင်ဘူး......
ညီမငယ်........
မေတ္တာပေးပြီး သာယာစေချင်ပေမယ့် 
အချစ်တိုင်း မအေးမြသလို
အကြင်နာတိုင်းလည်း မနွေးထွေးနိုင်ဘူး
ညီမငယ်......
နှလုံးသားတိုင်း အချစ်ရှိတယ်ဆိုပေမယ့် 
ခမ်းနားတိုင်း မတင့် တယ်သလို
ကြီးကျယ်တိုင်းလည်း မမြင့် မြတ်နိုင်ဘူး
ညီမငယ်......
ပန်းကလေးမို့  ရနံ့ သင်းတယ်ဆိုပေမယ့် 
နမ်းရှိုက်ပြီးသား ပန်းကို မမက်မောတတ်ကြသလို
သုံးစွဲပြီးသားအရာတိုင်းကိုလည်း စွန့် ပြစ်ဖို့ ဝန်မလေးကြဘူး
ညီမငယ်......
ပန်းတစ်ပွင့် ရနံ့ ဆင့် လာပြီဆိုရင်
ကမ်းလင့် တဲ့  လက်တွေကြား
အဆိပ်လူးထားတဲ့  မာယာလက်ဖျားလှလှလေးတွေရှိနေတတ်တယ်
ခွဲခြားလို့  မြင်နိုင်ပါစေ...
ကိုယ့် ရင်ထဲက ညီမငယ်လေးရေ....
*****k-ko******
Thursday, 19 July 2012
ရှိသူခံစား သစ္စာတရား
****ရှိသူခံစား သစ္စာတရား****
နေညိုခဲ့ ပြီ ချစ်သူရေ
လမင်းကြီးလည်း သာနေပြီ
ငွေကြယ်လေးတွေ လင်းလက်ပေါ်ထွက်လာခဲ့ပြီ
မပြောင်းလဲနိုင်တဲ့  ကောင်းကင်ကြီးကတော့ 
ထာဝရကြိုဆိုနေတယ်
သစ္စာရှိတဲ့  ဓူဝံကြယ် ထင်ရှာစွာအရပ်တစ်ခုမှာ
အထီးကျန်လည်း အလင်းရောင်ပေးနေဆဲ......
သန်းခေါင်းကျော်ခဲ့ ပြီ ချစ်သူရေ
လမင်းကြီးလည်း အနောက်ရပ်ကိုယွန်းခဲ့ ပြီ
ကြယ်တာရာတွေ ဖြိုးဖျက်ပျောက်ကွယ်သွားလည်း
သစ္စာရှိတဲ့ ဓူဝံကြယ် အရပ်တစ်ခုထဲမှာပဲ
ထာဝရ လင်းလတ်နေဆဲ...
မိုးသောက်ခဲပြီး ချစ်သူရေ
နိုးတတ်တဲ့ ငှက်ကလေးတွေ အချိန်မှန်တယ်
သင်းပျံ့ တဲ့ ရနံ့ နဲ့ နတူ ပန်းကလေးတွေအာရုဏ်ဦးကြိုနေပြီ
နေမင်းကြီးပေါ်ထွက်လာရင်
ငါ့ ရဲ့ အပူတွေ သူ့ ဆီကူးဆက်မှာ
စိုးရိမ်မိတယ်......
သြော်.......
ပခုံးထက်မှာမှီပြီး အတူထိုင်ခဲ့ တုန်းက
ဒီခုံလေးက ချစ်သူထိုင်ခုံတန်းလျားလေး
မင်းလက်ကိုတွဲပြီး လျှောက်ခဲ့ တုန်းက
ဒီလမ်းက ချစ်သူလမ်းကြားလေး
အတူဆိုခဲ့ တုန်းက ဒီဂစ်တာကသီချင်းရှိတယ် ကီးသိတယ်
အခုတော့ ...
ဒီထိုင်ခုံက လွမ်းမိတ်ဆွေ
ဒီလမ်းက နေ့ စွဲတွေကိုကြေကွဲစေတဲ့ လမ်း
ဒီဂစ်တာက သီချင်းမရှိတဲ့ ဂီတာတဲ့ ...
ပြောင်းလဲတာက
သက်ရှိမင်း
အပြစ်တင်ခံရတာက
သက်မဲ့ ပတ်ဝန်းကျင်
သူတို့ သိရင်ရယ်လိမ်မယ်...
ဂီတာ သီချင်းမရှိတာ မင်းလက်တွေငြိမ်နေလို့ 
ဒီလမ်းအထီးကျန်တာ မင်းစိတ်ကြောင့် 
ဒီထိုင်ခုံဘယ်မှာ ရွေ့ သွားလို့ လဲ....?
တကယ်တော့ 
ပြောင်းလဲတတ်တာက လူ့ ရဲ့ စိတ်
လူတစ်ယောက်ကို ချစ်ချင်ရင်တော့ 
ပြောင်းလဲတတ်တဲ့  သဘောတရားကိုလည်း
နားလည်လက်ခံနိုင်ရမယ်.....................။
***k-ko***
နေညိုခဲ့ ပြီ ချစ်သူရေ
လမင်းကြီးလည်း သာနေပြီ
ငွေကြယ်လေးတွေ လင်းလက်ပေါ်ထွက်လာခဲ့ပြီ
မပြောင်းလဲနိုင်တဲ့  ကောင်းကင်ကြီးကတော့ 
ထာဝရကြိုဆိုနေတယ်
သစ္စာရှိတဲ့  ဓူဝံကြယ် ထင်ရှာစွာအရပ်တစ်ခုမှာ
အထီးကျန်လည်း အလင်းရောင်ပေးနေဆဲ......
သန်းခေါင်းကျော်ခဲ့ ပြီ ချစ်သူရေ
လမင်းကြီးလည်း အနောက်ရပ်ကိုယွန်းခဲ့ ပြီ
ကြယ်တာရာတွေ ဖြိုးဖျက်ပျောက်ကွယ်သွားလည်း
သစ္စာရှိတဲ့ ဓူဝံကြယ် အရပ်တစ်ခုထဲမှာပဲ
ထာဝရ လင်းလတ်နေဆဲ...
မိုးသောက်ခဲပြီး ချစ်သူရေ
နိုးတတ်တဲ့ ငှက်ကလေးတွေ အချိန်မှန်တယ်
သင်းပျံ့ တဲ့ ရနံ့ နဲ့ နတူ ပန်းကလေးတွေအာရုဏ်ဦးကြိုနေပြီ
နေမင်းကြီးပေါ်ထွက်လာရင်
ငါ့ ရဲ့ အပူတွေ သူ့ ဆီကူးဆက်မှာ
စိုးရိမ်မိတယ်......
သြော်.......
ပခုံးထက်မှာမှီပြီး အတူထိုင်ခဲ့ တုန်းက
ဒီခုံလေးက ချစ်သူထိုင်ခုံတန်းလျားလေး
မင်းလက်ကိုတွဲပြီး လျှောက်ခဲ့ တုန်းက
ဒီလမ်းက ချစ်သူလမ်းကြားလေး
အတူဆိုခဲ့ တုန်းက ဒီဂစ်တာကသီချင်းရှိတယ် ကီးသိတယ်
အခုတော့ ...
ဒီထိုင်ခုံက လွမ်းမိတ်ဆွေ
ဒီလမ်းက နေ့ စွဲတွေကိုကြေကွဲစေတဲ့ လမ်း
ဒီဂစ်တာက သီချင်းမရှိတဲ့ ဂီတာတဲ့ ...
ပြောင်းလဲတာက
သက်ရှိမင်း
အပြစ်တင်ခံရတာက
သက်မဲ့ ပတ်ဝန်းကျင်
သူတို့ သိရင်ရယ်လိမ်မယ်...
ဂီတာ သီချင်းမရှိတာ မင်းလက်တွေငြိမ်နေလို့ 
ဒီလမ်းအထီးကျန်တာ မင်းစိတ်ကြောင့် 
ဒီထိုင်ခုံဘယ်မှာ ရွေ့ သွားလို့ လဲ....?
တကယ်တော့ 
ပြောင်းလဲတတ်တာက လူ့ ရဲ့ စိတ်
လူတစ်ယောက်ကို ချစ်ချင်ရင်တော့ 
ပြောင်းလဲတတ်တဲ့  သဘောတရားကိုလည်း
နားလည်လက်ခံနိုင်ရမယ်.....................။
***k-ko***
Monday, 9 July 2012
အဝေးရောက်ရင်ခွင်
'''''''''အဝေးရောက်ရင်ခွင်'''''''''''''
ရော်ရွက်ဝါတွေ လေမှာဝဲတာ
ပျံသန်းတာမဟုတ်ဘူး လွင့် ပါးတာ...
တိမ်ဖြူလွှာတွေ ညို့ ရောင်သန်းတာ
မာယာများတာမဟုတ်ဘူး ငိုကြွေနေတာ...
ငွေဇင်ယော်တွေ လေဆန်တက်တာ
ပျော်မြူးနေတာမဟုတ်ဘူး ဘဝအတွက်ရုန်းကန်နေတာ...
ပြုံးပြလို့  လက်ပြခဲ့ တာ
နှုတ်ဆက်တာမဟုတ်ဘူး ပြန်ဆုံဖို့ ကတိပေးခဲ့ တာ...
နှုတ်ဆက်ခြင်းရဲ့ နောက်မှာ ဝေးကွာခြင်းဆိုတာရှိသလို
ဝေးကွာခြင်းရဲ့ နောက်မှာလည်း အဓိပ္ပါယ်တွေပြည့် နက်နေခဲ့ တာပဲလေ.....
***k-ko***
ရော်ရွက်ဝါတွေ လေမှာဝဲတာ
ပျံသန်းတာမဟုတ်ဘူး လွင့် ပါးတာ...
တိမ်ဖြူလွှာတွေ ညို့ ရောင်သန်းတာ
မာယာများတာမဟုတ်ဘူး ငိုကြွေနေတာ...
ငွေဇင်ယော်တွေ လေဆန်တက်တာ
ပျော်မြူးနေတာမဟုတ်ဘူး ဘဝအတွက်ရုန်းကန်နေတာ...
ပြုံးပြလို့  လက်ပြခဲ့ တာ
နှုတ်ဆက်တာမဟုတ်ဘူး ပြန်ဆုံဖို့ ကတိပေးခဲ့ တာ...
နှုတ်ဆက်ခြင်းရဲ့ နောက်မှာ ဝေးကွာခြင်းဆိုတာရှိသလို
ဝေးကွာခြင်းရဲ့ နောက်မှာလည်း အဓိပ္ပါယ်တွေပြည့် နက်နေခဲ့ တာပဲလေ.....
***k-ko***
Friday, 29 June 2012
နေ့ စွဲ
....နေ့ စွဲ.....
အဖြုသက်သက် ဗလာစာရွက်တစ်ရွက်လိုပဲ
မင့် လက်တွေကို ဖောင်တိန်တစ်ချောင်းလိုအသုံးပြုလိုက်တော့ 
မင်းလုပ်ရပ်တွေက စာမျက်နှာပေါ်မှာထင်လာပြီ
အဲဒီစာသားတွေက မင့် စိတ်ဓာတ်ကိုဖော်ပြ
အဲဒီစာရွက်က မင့်ရဲ့ သမိုင်းဖြစ်လိမ်မယ်......
ရရှိတဲ့ အခွင်အရေးချင်းက အတူတူပဲ
ဖောင်တိန်တစ်ချောင်း စာရွက်တစ်ရွက်
ရေးထိုးတာချင်းက မတူဘူး.....
တစ်ချို့ က ရသတွေရှိပြီး ကာရံညီတဲ့  အလင်းရောင်ခြည်စာတမ်းတွေ.....
တစ်ချို့ က အတ္တတွေအခြေခံထားတဲ့  စာလုံးကြီးကြီးတွေ....
တစ်ချို့ က မာယာတွေဖုံးဖို့  photoshop ဒီဇိုင်းလှလှစာတမ်းတွေ....
တစ်ချို့ က ဗလာနတ္ထိ....ဥပေက္ခာ စာတမ်းတွေ....
တစ်ချို့ က အဖျက်ရာတွေချည်းပဲ.....
ဘာပဲရေးရေး အဲဒါတွေကဖျောက်ဖျက်လို့ မရတော့ တဲ့ 
စာမျက်နှာပေါ်မှာ ထာဝရတည်ရှိနေမှာပဲ.....
သေချာမှု့ တစ်ခုကတော့  အဲဒီစာရွက်တစ်ရွက်ဟာ
မင်းဘဝအတွက် အရေးပါတယ်....
ဒါပေမယ့်  အဒီကကတော့  ဖန်ဆင်းမယ့် မင့် လက်တွေပဲ
မှင်ကုန်နေတဲ့  ဖောင်တိန်ကို အသုံးမပြုမိဖို့ ပဲ
မထင်လို့ ရံဖန်ရံခါ ရေးခြစ်လိုက်မယ်ဆိုရင် စာရွက်တစ်ရွက်လုံးစုတ်ပြဲသွားလိမ်မယ်...
စုတ်ပြဲနေတဲ့ စာရွက်တစ်ရွက်ကလည်း မင့်သမိုင်းရဲ့ တစ်ပိုင်းပဲ
ပိုင်ဆိုင်နေတဲ့  နေ့ စွဲတစ်ရက်ကိုတောင် လှပစွာမဖန်တီးမနိုင်ဘူးဆိုရင်
သမိုင်းကြောင်း....
ဘယ်လို
ကောင်းနိုင်မှာလဲ..................?
***k-ko***
အဖြုသက်သက် ဗလာစာရွက်တစ်ရွက်လိုပဲ
မင့် လက်တွေကို ဖောင်တိန်တစ်ချောင်းလိုအသုံးပြုလိုက်တော့ 
မင်းလုပ်ရပ်တွေက စာမျက်နှာပေါ်မှာထင်လာပြီ
အဲဒီစာသားတွေက မင့် စိတ်ဓာတ်ကိုဖော်ပြ
အဲဒီစာရွက်က မင့်ရဲ့ သမိုင်းဖြစ်လိမ်မယ်......
ရရှိတဲ့ အခွင်အရေးချင်းက အတူတူပဲ
ဖောင်တိန်တစ်ချောင်း စာရွက်တစ်ရွက်
ရေးထိုးတာချင်းက မတူဘူး.....
တစ်ချို့ က ရသတွေရှိပြီး ကာရံညီတဲ့  အလင်းရောင်ခြည်စာတမ်းတွေ.....
တစ်ချို့ က အတ္တတွေအခြေခံထားတဲ့  စာလုံးကြီးကြီးတွေ....
တစ်ချို့ က မာယာတွေဖုံးဖို့  photoshop ဒီဇိုင်းလှလှစာတမ်းတွေ....
တစ်ချို့ က ဗလာနတ္ထိ....ဥပေက္ခာ စာတမ်းတွေ....
တစ်ချို့ က အဖျက်ရာတွေချည်းပဲ.....
ဘာပဲရေးရေး အဲဒါတွေကဖျောက်ဖျက်လို့ မရတော့ တဲ့ 
စာမျက်နှာပေါ်မှာ ထာဝရတည်ရှိနေမှာပဲ.....
သေချာမှု့ တစ်ခုကတော့  အဲဒီစာရွက်တစ်ရွက်ဟာ
မင်းဘဝအတွက် အရေးပါတယ်....
ဒါပေမယ့်  အဒီကကတော့  ဖန်ဆင်းမယ့် မင့် လက်တွေပဲ
မှင်ကုန်နေတဲ့  ဖောင်တိန်ကို အသုံးမပြုမိဖို့ ပဲ
မထင်လို့ ရံဖန်ရံခါ ရေးခြစ်လိုက်မယ်ဆိုရင် စာရွက်တစ်ရွက်လုံးစုတ်ပြဲသွားလိမ်မယ်...
စုတ်ပြဲနေတဲ့ စာရွက်တစ်ရွက်ကလည်း မင့်သမိုင်းရဲ့ တစ်ပိုင်းပဲ
ပိုင်ဆိုင်နေတဲ့  နေ့ စွဲတစ်ရက်ကိုတောင် လှပစွာမဖန်တီးမနိုင်ဘူးဆိုရင်
သမိုင်းကြောင်း....
ဘယ်လို
ကောင်းနိုင်မှာလဲ..................?
***k-ko***
Sunday, 17 June 2012
နိုးကျိန်စာ
နိုးကျိန်စာ....
သက်ရှိအရာတွေကိုတန်ဖိုးမထားတတ်တဲ့  မင်း
တစ်ချိန်မှာ သက်မဲ့အရာတွေနဲ့  ရင်နင့် စွာစကားပြောရလိမ်မယ်......
စိတ်စိတ်နေခြင်းသည် ဝန်ခံခြင်းလို့ စွပ်စွဲတတ်တဲ့ မင်း
တစ်ချိန်မှာ မင်းအတွက်စိတ်စိတ်နေခြင်းကြေကွဲခြင်းဖြစ်လာလိမ်မယ်....
အသဲစားဘုရင်မလို့  ဟစ်ကြွေတတ်တဲ့ မင်း
ဟစ်ကြွေသံတွေတိတ်ဆိတ်တဲ့ တစ်နေ့ မှာ အသဲစားဘီလူးမလို့ ကမ္ပည်းကင်ပွန်းတပ်ကြလိမ်မယ်...
ရိုးသားပွင့်လင်းမူ့ ကိုငြီငွေ့ တတ်တဲ့ မင်း
တစ်ချိန်မှာ မာယာတောထဲမှာပျော်ရွှင်ရင်း လမ်းပျောက်သွားလိမ်မယ်....
ခူးယူလိုက်တဲ့ ပန်းတိုင်းဟာ လက်ထဲမှာပဲလို့ ပြောဆိုတတ်တဲ့ မင်း
တစ်ချိန်မှာ ပန်းရိုင်းတစ်ပွင့် ကိုရင်ဝယ်ပိုက်ထွေးမိလိမ်မယ်.....
ဒါတွေအားလုံးဟာ....မင်းအတွက်
ငါကျိန်စာရေးနေတာမဟုတ်သလို
မိုးနတ်မင်းက အပြစ်ဒဏ်ချမှတ်လိုက်တာလည်းမဟုတ်ဘူး....
မင်းနားလည်ဖို့  စကားပုံတစ်ခုငါပြောပြမယ်
"ကိုယ်ပြုတဲ့ ကံ ပဲ့ တင်သံ
ကိုယ့် ထံသက်ရောက်မည်" တဲ့  ................။
သက်ရှိအရာတွေကိုတန်ဖိုးမထားတတ်တဲ့  မင်း
တစ်ချိန်မှာ သက်မဲ့အရာတွေနဲ့  ရင်နင့် စွာစကားပြောရလိမ်မယ်......
စိတ်စိတ်နေခြင်းသည် ဝန်ခံခြင်းလို့ စွပ်စွဲတတ်တဲ့ မင်း
တစ်ချိန်မှာ မင်းအတွက်စိတ်စိတ်နေခြင်းကြေကွဲခြင်းဖြစ်လာလိမ်မယ်....
အသဲစားဘုရင်မလို့  ဟစ်ကြွေတတ်တဲ့ မင်း
ဟစ်ကြွေသံတွေတိတ်ဆိတ်တဲ့ တစ်နေ့ မှာ အသဲစားဘီလူးမလို့ ကမ္ပည်းကင်ပွန်းတပ်ကြလိမ်မယ်...
ရိုးသားပွင့်လင်းမူ့ ကိုငြီငွေ့ တတ်တဲ့ မင်း
တစ်ချိန်မှာ မာယာတောထဲမှာပျော်ရွှင်ရင်း လမ်းပျောက်သွားလိမ်မယ်....
ခူးယူလိုက်တဲ့ ပန်းတိုင်းဟာ လက်ထဲမှာပဲလို့ ပြောဆိုတတ်တဲ့ မင်း
တစ်ချိန်မှာ ပန်းရိုင်းတစ်ပွင့် ကိုရင်ဝယ်ပိုက်ထွေးမိလိမ်မယ်.....
ဒါတွေအားလုံးဟာ....မင်းအတွက်
ငါကျိန်စာရေးနေတာမဟုတ်သလို
မိုးနတ်မင်းက အပြစ်ဒဏ်ချမှတ်လိုက်တာလည်းမဟုတ်ဘူး....
မင်းနားလည်ဖို့  စကားပုံတစ်ခုငါပြောပြမယ်
"ကိုယ်ပြုတဲ့ ကံ ပဲ့ တင်သံ
ကိုယ့် ထံသက်ရောက်မည်" တဲ့  ................။
Saturday, 9 June 2012
ရင်ဝှက် လမင်း
အကြင်နာအငွေ့  ရင်မှာတွေ့ လည်း
မပြုံးအားပဲ ဦးစားနေရတယ်
ရင်ဝှက် လမင်းရေ...
အကြင်နာအကြည့်  ရင်မှာထိလို့ 
နှလုံးသားကအလိုရှိလည်း အရှုံးများကိုကြိုသိနေတယ်
ရင်ဝှက် လမင်းရေ....
အကြင်နာအပြုံး ရင်မှာဖုံးလည်း
ဂုဏ်တံတိုင်းတွေခြားလို့  မုန်းတိုင်းတွေကြားကို
ကိုယ်တစ်ယောက်ထဲ ပျံသန်းတော့ မယ်
ရင်ဝှက် လမင်းရေ...
အချစ်ကလွဲပြီး
အရာရာကို ကြိုတွက်လို့ ရလောက်အောင်ထိ
နုံချာတဲ့ ဘဝမို့  နှလုံးသားအားအရှုံးများထားလို့ 
အကြင်နာတွေနဲ့ အတူ ရင်မှာသိုဝှက်ထားလိုက်တော့ မယ်
ရင်ထဲက လမင်းငယ်လေးရေ...........။
***k-ko***
Tuesday, 5 June 2012
စွဲလမ်းသူ လွမ်းစေ.........။
အချိန်တန်းလို့  နှုတ်ဆက်ပြီး
အိမ်ပြန်ဖို့  ရုတ်တရက်ပြင်ဆင်တဲ့ အခါမှာ
နှုတ်ခမ်းဖျားက အပြုံးများကာရန်ထားနိုင်ပေမယ့် 
နှလုံးသားက ကျန်ရစ်ခဲ့ ပြီလေ
အတူလျှောက်ခဲ့ ကြတဲ့  လမ်းကလေးထက်က
ကြယ်တွေရေတွက်ဖို့  အတူတူထိုင်ခဲ့ ကြတဲ့ 
ခုံတန်းလေးပေါ်မှာ
ဘာလို့ လည်းဆိုတော့  နှုတ်ဆက်နေတဲ့ မင်းမျက်ဝန်းတွေကို
ကြိုသိနေလို့ ပေါ့ ............
ရှည်ကြာတဲ့  လွမ်းရက်တွေနဲ့ 
ပေတစ်ရာ လမ်းထက်မှာ
နွေတစ်ရာ လွှမ်းလျှက်ရှိတဲ့ နှလုံးသားက
မရေရာလည်း လှမ်းတက်နေတာ
တကယ်တော့  ဝေဒနာကမ်းတစ်ဖက်ကိုရောက်နေပြီမို့ 
သေချာ စမ်းတွက်ကြည့် လိုက်ရင်
စွဲလမ်းသူ လွမ်းစေပေါ့ ...
အိမ်ပြန်ဖို့  ရုတ်တရက်ပြင်ဆင်တဲ့ အခါမှာ
နှုတ်ခမ်းဖျားက အပြုံးများကာရန်ထားနိုင်ပေမယ့် 
နှလုံးသားက ကျန်ရစ်ခဲ့ ပြီလေ
အတူလျှောက်ခဲ့ ကြတဲ့  လမ်းကလေးထက်က
ကြယ်တွေရေတွက်ဖို့  အတူတူထိုင်ခဲ့ ကြတဲ့ 
ခုံတန်းလေးပေါ်မှာ
ဘာလို့ လည်းဆိုတော့  နှုတ်ဆက်နေတဲ့ မင်းမျက်ဝန်းတွေကို
ကြိုသိနေလို့ ပေါ့ ............
ရှည်ကြာတဲ့  လွမ်းရက်တွေနဲ့ 
ပေတစ်ရာ လမ်းထက်မှာ
နွေတစ်ရာ လွှမ်းလျှက်ရှိတဲ့ နှလုံးသားက
မရေရာလည်း လှမ်းတက်နေတာ
တကယ်တော့  ဝေဒနာကမ်းတစ်ဖက်ကိုရောက်နေပြီမို့ 
သေချာ စမ်းတွက်ကြည့် လိုက်ရင်
စွဲလမ်းသူ လွမ်းစေပေါ့ ...
Thursday, 31 May 2012
ပလိန်း အချစ်
ပလိန်းအချစ်
မေတ္တာတစ်ကြိုး သစ္စာမိုးလို့ 
ချစ်ကြိုးသီပြန် ချစ်သူထံကို
အကြင်နာတစ်ကြိုး ရင်မှာတိုးလို့ 
မေတ္တာ၊သစ္စာ၊အကြင်နာနှင့် 
သုံးလွန်းတင်တဲ့  သံယောဇဉ်............
ရင်ဝယ်တွယ်ယှက် တကယ်တက်မယ်
ရက်မှလပြောင်း နှစ်တွေညောင်းလည်း
ရွက်ဟောင်းမကြွေ ရွက်သစ်ဝေခဲ့ 
မေတ္တာနယ်ပယ် ချစ်သဒ္ဒါကြွယ်တဲ့ 
မောင့် ရင်ထဲက သစ္စာနွယ်....
ရင်ခွင်ကောင်းကင် မြေပြင်နှလုံးသား
အပြုံးများကာရံ အကြင်နာတွေပျိုး
မေတ္တာမိုးရွာ ချစ်ဥယျာဉ်မှာ
ပွင့် လာသစ်ဆန်း အချစ်ပန်းကို
ရွယ်စူးတွယ်တာ မောင့် မေတ္တာဖြင့် 
ပန်စေချစ်ဦး အနမ်းတွေဖူး......
***k-ko****
မေတ္တာတစ်ကြိုး သစ္စာမိုးလို့ 
ချစ်ကြိုးသီပြန် ချစ်သူထံကို
အကြင်နာတစ်ကြိုး ရင်မှာတိုးလို့ 
မေတ္တာ၊သစ္စာ၊အကြင်နာနှင့် 
သုံးလွန်းတင်တဲ့  သံယောဇဉ်............
ရင်ဝယ်တွယ်ယှက် တကယ်တက်မယ်
ရက်မှလပြောင်း နှစ်တွေညောင်းလည်း
ရွက်ဟောင်းမကြွေ ရွက်သစ်ဝေခဲ့ 
မေတ္တာနယ်ပယ် ချစ်သဒ္ဒါကြွယ်တဲ့ 
မောင့် ရင်ထဲက သစ္စာနွယ်....
ရင်ခွင်ကောင်းကင် မြေပြင်နှလုံးသား
အပြုံးများကာရံ အကြင်နာတွေပျိုး
မေတ္တာမိုးရွာ ချစ်ဥယျာဉ်မှာ
ပွင့် လာသစ်ဆန်း အချစ်ပန်းကို
ရွယ်စူးတွယ်တာ မောင့် မေတ္တာဖြင့် 
ပန်စေချစ်ဦး အနမ်းတွေဖူး......
***k-ko****
Monday, 28 May 2012
မာန
မာန
မိုနာလီဇာရဲ့ အပြုံးကပြိုင်စံရှားဆိုတာငါသိတယ်
ဒါပေမယ့် ...မင်းကိုချစ်မိတဲ့ နေ့ ကစ၍
မိုနာလီဇာရဲ့  အလှကို
အိပ်မက်ထဲမှာတောင် မုသားအဖြစ်နဲ့ ကို
ငါစာမဖွဲ့ ခဲ့ ဖူးပါဘူး.....
ငါသိတယ်...မိုနာလီဇာ ငါ့ ကိုအကြိမ်တစ်ရာပြုံးပြလည်း
ငါရင်ခုန်မှာမဟုတ်ဘူး...
ဒါပေမယ့် ..နင်ငါ့ ကိုတစ်ချက်လောက်နှုတ်ခမ်းစူပြလိုက်တိုင်း
ငါရင်ပွင့် မတတ်လှုပ်ရှားခဲ့ ဖူးတယ်.....
ရိုမီယိုက ဂျူလီယက်အတွက်
သက်သေပြစရာလိုပေမယ့် 
မင်းအတွက်ငါ့ အချစ်တွေသက်သေပြစရာ လိုလို့ လား...
အာဒံက ဧဝကိုချစ်သလို
စာ ဖွဲ့ ပြစရာရော လိုလို့ လား.....
ငါချစ်တာ မင်းအသိဆုံး ပဲလေ...
ဒါပေမယ့် ..လမ်းခွဲဖို့  သိပ်လွယ်တဲ့ သူကို
နှုတ်ဆက်ဖို့ ဝန်မလေးသလို
နှုတ်ဆက်ထွက် ခွာသွားမဲ့ သူကိုလည်း
နှစ်ခြိုက်စွာ ပြုံးပြမိမှာပဲ...
***k-ko***
မိုနာလီဇာရဲ့ အပြုံးကပြိုင်စံရှားဆိုတာငါသိတယ်
ဒါပေမယ့် ...မင်းကိုချစ်မိတဲ့ နေ့ ကစ၍
မိုနာလီဇာရဲ့  အလှကို
အိပ်မက်ထဲမှာတောင် မုသားအဖြစ်နဲ့ ကို
ငါစာမဖွဲ့ ခဲ့ ဖူးပါဘူး.....
ငါသိတယ်...မိုနာလီဇာ ငါ့ ကိုအကြိမ်တစ်ရာပြုံးပြလည်း
ငါရင်ခုန်မှာမဟုတ်ဘူး...
ဒါပေမယ့် ..နင်ငါ့ ကိုတစ်ချက်လောက်နှုတ်ခမ်းစူပြလိုက်တိုင်း
ငါရင်ပွင့် မတတ်လှုပ်ရှားခဲ့ ဖူးတယ်.....
ရိုမီယိုက ဂျူလီယက်အတွက်
သက်သေပြစရာလိုပေမယ့် 
မင်းအတွက်ငါ့ အချစ်တွေသက်သေပြစရာ လိုလို့ လား...
အာဒံက ဧဝကိုချစ်သလို
စာ ဖွဲ့ ပြစရာရော လိုလို့ လား.....
ငါချစ်တာ မင်းအသိဆုံး ပဲလေ...
ဒါပေမယ့် ..လမ်းခွဲဖို့  သိပ်လွယ်တဲ့ သူကို
နှုတ်ဆက်ဖို့ ဝန်မလေးသလို
နှုတ်ဆက်ထွက် ခွာသွားမဲ့ သူကိုလည်း
နှစ်ခြိုက်စွာ ပြုံးပြမိမှာပဲ...
***k-ko***
Tuesday, 15 May 2012
မည်သို့ ဆိုစေ
မည်သို့ ဆိုစေ
မည်သို့ ဆိုစေ
ချစ်ခွန်းခြွေခဲ့ 
ချစ်နှုတ်ခမ်းသည်
မုန်းဖို့ မရည်ရွယ်
ချစ်သူရယ်.....
မည်သို့ ဆိုစေ
ချစ်ခွန်းဝေခဲ့ 
ချစ်မျက်ဝန်းသည်
လွမ်းဖို့ မရည်ရွယ်
ချစ်သူရယ်....
မည်သို့ ဆိုစေ
ချစ်သက်ဝေနဲ့ 
တွဲခဲ့ သက်သေ
ချစ်လက်တွေသည်
ဖြုတ်ဖို့ မရည်ရွယ်
ချစ်သူရယ်...
သို့ ပေမယ့် ကွယ်
မင်းကတုန့် ပြန်ချစ်သူထံကို
ခွဲခွာနှုတ်ဆက် ရုတ်တရက်မို့ 
မမုန်းရက်တဲ့ ချစ်သူမှာတော့ 
မည်သို့ ဆိုစေ
မရည်ရွယ်တာတွေ ပိုင်ဆိုင်ရပြီ
ချစ်သူရယ်.....
****k-ko****
မည်သို့ ဆိုစေ
ချစ်ခွန်းခြွေခဲ့ 
ချစ်နှုတ်ခမ်းသည်
မုန်းဖို့ မရည်ရွယ်
ချစ်သူရယ်.....
မည်သို့ ဆိုစေ
ချစ်ခွန်းဝေခဲ့ 
ချစ်မျက်ဝန်းသည်
လွမ်းဖို့ မရည်ရွယ်
ချစ်သူရယ်....
မည်သို့ ဆိုစေ
ချစ်သက်ဝေနဲ့ 
တွဲခဲ့ သက်သေ
ချစ်လက်တွေသည်
ဖြုတ်ဖို့ မရည်ရွယ်
ချစ်သူရယ်...
သို့ ပေမယ့် ကွယ်
မင်းကတုန့် ပြန်ချစ်သူထံကို
ခွဲခွာနှုတ်ဆက် ရုတ်တရက်မို့ 
မမုန်းရက်တဲ့ ချစ်သူမှာတော့ 
မည်သို့ ဆိုစေ
မရည်ရွယ်တာတွေ ပိုင်ဆိုင်ရပြီ
ချစ်သူရယ်.....
****k-ko****
Friday, 27 April 2012
မာယာ
...မာယာ...
စကားချိုးမြ နှုတ်ခမ်းလှနှင့် 
ရွှင်ပြအပြုံး တစ်ဘဝလုံးကို
ပုံကားအပ်ပြီး ချစ်ပါမယ်တဲ့ 
ဆိုခဲ့ သက်သေ ချစ်သက်ဝေ....
ရွှင်းလဲ့ တောက်ပ မျက်ဝန်းလှနှင့် 
မျက်ဝန်းကဗျာ ချစ်ကမ္ဘာတွင်
ရာသက်ဆုံးတိုင် တည်ပါမယ်တဲ့ 
သက်သေမျက်ဝန်း ညှို့ နိုင်လွန်း.....
သွယ်လျှဝင်းပ လက်ဖျားလှနှင့် 
မောင့် လက်ကိုကိုင် ချစ်ပန်းတိုင်ကို
အရောက်လှမ်းမယ် ချစ်သူရယ်တဲ့ 
ရွှေလက်သက်သေ ချစ်သူရေ...
ရင်လွှာအကြား အစဉ်သာထားလည်း
ခွဲခွာနှုတ်ဆက် ရုတ်တရက်မို့ 
စွဲမက်ချိုသာ နှုတ်ခမ်းလွှာမှာ
သက်သေတည်ထား ချစ်စကားနှင့် 
တောက်ပစိုရွှန်း ညှို့ မျက်ဝန်းသည်
အချစ်သည်လော့ .......၊မာယာလော့ ....၊
မာယာလော့ ........................။
Tuesday, 17 April 2012
ရနံ့ ပိတောက်ရေ....
ရနံ့ ပိတောက်ရေ....
နမ်းသလောက်လည်း မွှေးပါတယ်
လွမ်းသလောက်လည်း ဆွေးရှာတယ်
တမ်းတသလောက်လည်း အလှမ်းကွာတယ်
မှန်းဆတစ်ယောက်ကို လွမ်းနေတယ်....
ရနံ့ ပိတောက်ရေ...
မင်းက လေယူရာတိမ်းရနံ့ မစိမ်း
ရေမြေခြားလည်း ရနံ့ မကွဲ
သူတစ်ယောက်လည်း မင်းလို ဖြစ်ပါစေလို့ 
ငါဆုတောင်းနေမိတယ်.......
ရနံ့ ပိတောက်ရေ....
နှစ်သစ်မှာငါမင်းအတွက် သီချင်းတွေဆိုနေတယ်
ငါသူ့ အတွက်ဘာသီချင်းဆိုရမှာလဲ...
"ရှာပုံတော်မင်းသားကြီး" ဆိုရအောင်လည်း
သူနဲ့ ငါက တစ်ရွာထဲဟ
သူတစ်ယောက်ချစ်စရာအသစ်တွေ့ လို့ 
ငါ "ပိတောက်တစ်မျက်နှာ"သီချင်းကိုတောင်
ဆိုခွင့် မရမှာ စိုးရိမ်မိတယ်
***k-ko***
ပိတောက်ရနံ့ ရေ......
နမ်းသလောက်လည်း မွှေးပါတယ်
လွမ်းသလောက်လည်း ဆွေးရှာတယ်
တမ်းတသလောက်လည်း အလှမ်းကွာတယ်
မှန်းဆတစ်ယောက်ကို လွမ်းနေတယ်....
ရနံ့ ပိတောက်ရေ...
မင်းက လေယူရာတိမ်းရနံ့ မစိမ်း
ရေမြေခြားလည်း ရနံ့ မကွဲ
သူတစ်ယောက်လည်း မင်းလို ဖြစ်ပါစေလို့ 
ငါဆုတောင်းနေမိတယ်.......
ရနံ့ ပိတောက်ရေ....
နှစ်သစ်မှာငါမင်းအတွက် သီချင်းတွေဆိုနေတယ်
ငါသူ့ အတွက်ဘာသီချင်းဆိုရမှာလဲ...
"ရှာပုံတော်မင်းသားကြီး" ဆိုရအောင်လည်း
သူနဲ့ ငါက တစ်ရွာထဲဟ
သူတစ်ယောက်ချစ်စရာအသစ်တွေ့ လို့ 
ငါ "ပိတောက်တစ်မျက်နှာ"သီချင်းကိုတောင်
ဆိုခွင့် မရမှာ စိုးရိမ်မိတယ်
***k-ko***
ပိတောက်ရနံ့ ရေ......
Sunday, 15 April 2012
အစွန်းရောက်အချစ်
အစွန်းရောက်အချစ်
ငါ့ ရဲ့ အပြုံးပွင့် တွေအတွက်
တုံ့ ပြန်မူ့ ကအပြုံးပွင့် တွေပဲဖြစ်ရမယ်လို့ 
ငါမဆိုလိုပါဘူး......
ငါ့ ရဲ့ အလျားအနံတွက်ဆလို့ မရတဲ့ မေတ္တာတွေအတွက်
အသွားအပြန်တစ်ခုတော့  ရှိသင့် တယ်
မေတ္တာတွေပဲဖြစ်ရမယ်လို့ 
ငါမဆိုလိုပါဘူး........
ငါ့ ရဲ့ ရင်ထဲကလာတဲ့  စကားလုံးတွေအတွက်
မင်းရဲ့ ရင်ထဲက စကားလုံးတွေပြန်လာသင့် တယ်
စကားလုံးတွေထပ်တူဖြစ်ရမယ်လို့ 
ငါမဆိုလိုပါဘူး......
မျှော်လင့် ချက်တွေဝေခွဲချင်လို့ 
တုံ့ ပြန်မူ့ တစ်ခုကိုလိုချင်လို့ ပေးဆပ်တာ
ရယူချင်လို ၊ပိုင်ဆိုင်ချင်လို့ ချည်းပဲမဟုတ်ဘူး ..
ငါ့ ရဲ့ ဆန္ဒတစ်ခုက မင်းရင်ထဲမှာငါရှိနေချင်တာ
မင်းရဲ့ အတွေးထဲမှာငါရှိနေဖို့ အတွက်
ငါ့ ကိုမချစ်နိုင်ဘူးဆိုရင်တောင်မှ..
ကျေးဇူးပြု၍ မုန်း ပေး ပါ နော် .....
ဥပက္ခာပြုမူ့ တွေနဲ့ တော့ ...မရက်စက်လိုက်ပါနဲ့ .....ကောင်မလေးရယ်.....
*****k-ko****
Tuesday, 3 April 2012
Saturday, 24 March 2012
နိယာမ
းးးးးးးးးးးး နိယာမးးးးးးးးးးးးးးးးးးး
ဘာလို့ လွမ်းနေတာလဲ
ဘယ်လောက်ဝေးဝေး
ငါတို့ ရှင်သန်နေတာ
ဒီကမ္ဘာမြေပြင်ပေါ်မှာပဲလေ.......
ဘာလို့ တမ်းတနေတာလဲ
ရေမြေခြားနေပေမယ့် 
ငါရှိနေတာ
မင်းကျင်လည်နေတဲ့ ဒီတစ်မိုးအောက်ထဲမှာပဲလေ......
ဘာလို့ စိုးရိမ်နေတာလဲ
အနာဂတ်ကိုတွေးပြီး
မင်းရှူရှိုက်နေတဲ့ လေထုထဲမှာပဲ
ငါမင်းကိုသတိရနေတာ....
ဘာလို့ ငါ့ ကိုမယုံကြည်နေတာလဲ
မင်းအချစ်နဲ့ အသက်ရှင်နေတာမဟုတ်ပေမယ့်
ငါ့ ရဲ့ ရှင်သက်နဲ့ အမျှ မင်းကိုချစ်ခဲ့ တာလေ.....
****k-ko***
ဘာလို့ လွမ်းနေတာလဲ
ဘယ်လောက်ဝေးဝေး
ငါတို့ ရှင်သန်နေတာ
ဒီကမ္ဘာမြေပြင်ပေါ်မှာပဲလေ.......
ဘာလို့ တမ်းတနေတာလဲ
ရေမြေခြားနေပေမယ့် 
ငါရှိနေတာ
မင်းကျင်လည်နေတဲ့ ဒီတစ်မိုးအောက်ထဲမှာပဲလေ......
ဘာလို့ စိုးရိမ်နေတာလဲ
အနာဂတ်ကိုတွေးပြီး
မင်းရှူရှိုက်နေတဲ့ လေထုထဲမှာပဲ
ငါမင်းကိုသတိရနေတာ....
ဘာလို့ ငါ့ ကိုမယုံကြည်နေတာလဲ
မင်းအချစ်နဲ့ အသက်ရှင်နေတာမဟုတ်ပေမယ့်
ငါ့ ရဲ့ ရှင်သက်နဲ့ အမျှ မင်းကိုချစ်ခဲ့ တာလေ.....
****k-ko***
Subscribe to:
Comments (Atom)

















